ပိုမိုပျော်ရွှင်တဲ့ဘ၀ကို အလွယ်တကူရယူနည်းများ

ဘ၀မှာ နေပျော်ဖို့ အရေးကြီးပါတယ်။ ဘ၀မှာ နေပျော်မှ အသက်ရှည်ခြင်း၊ ကျန်းမားခြင်းနဲ့ လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Shwemom ပရိသတ်ကြီးအတွက် ပိုမိုပျော်ရွှင်တဲ့ဘ၀ကို အလွယ်တကူရယူနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ကို ရွှင်ပြစေပြီး စိတ်ဖိအားတွေကို အလျှင်အမြန် လျှော့ချပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရယ်မောစရာတွေပြောပါ

အလုပ်မအားဘူးဆိုရင်တောင်မှ သူငယ်ချင်းတွေနဲ့ ပုံမှန် တွေ့ဆုံသင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ တစ်ခဏတာ ရယ်စရာမောစရာလေးတွေ ပြောလိုက်ခြင်းအကျိုးဟာ တစ်နေ့တာ ပင်ပန်းမှုတွေကို ကင်းစင်စေနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောချိန် မရှိဘူးဆိုရင်လည်း ဟာသစာအုပ်လို၊ ရယ်မောစရာ ရုပ်ရှင်ဇာတ်ကားမျိုးတွေ ကြည့်ရှု့ဖို့ တိုက်တွန်းပါတယ်။

READ
နားထောင်တဲ့ဂီတအမျိုးအစားအလိုက်ခွဲခြားသိနိုင်မယ့် ပင်ကိုယ်ဗီဇစရိုက်များ

(၃) အကောင်းမြင်စိတ်မွေးပါ

အကောင်းမြင်စိတ်ဟာ လူတစ်ယောက် သက်ရှည်ကျန်းမာစေဖို့အတွက် ထိရောက်တဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်ပါတယ်။ အကောင်းမြင်စိတ် ရှိသူတွေဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါကို မဖြစ်စေပါဘူး။ ကိုယ်တိုင်က အကောင်းမြင်တော့ အကောင်းမြင်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံရပါတယ်။ ဒီအတွက် စိတ်ချမ်းသာခြင်း၊ ကျန်းမာခြင်းကို မလွဲမသွေ ခံစားရမှာ ဖြစ်ပါတယ်။

(၄) မကောင်းမြင်စိတ်ကို ဖယ်ရှားပါ

သက်ရှည်ကျန်းမာလိုရင် ဖယ်ရှားရမယ့်စိတ်က မကောင်းမြင်တဲ့ စိတ်ပါဘဲ။ အရာရာကို သင့်တင့်လျှောက်ပတ်တဲ့ အမြင်နဲ့ မဆုံးဖြတ်တတ်ဖူးဆိုရင် ဒီ မကောင်းမြင်တဲ့စိတ်ဟာ ပယ်ဖျောက်ဖို့ မလွယ်ပါ။ ဒါကြောင့် အရင်ဆုံး အကောင်းအဆိုးကို အကျိုးအကြောင်းကို ကောင်းကောင်း ပိုင်းခြားနိုင်ဖို့ မျှမျှတတမြင်နိုင်တဲ့စိတ်ကို အရင် မွေးယူရပါမယ်။

(၅) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားပါ

မိမိစားချင်တာကို မစားပါနဲ့-တဲ့၊ မိမိကျန်မားစေမယ့် အစားအစာကို စားပါ-တဲ့။ လူဆိုတာ ကိုယ့်ကိုယ်ကို အလိုလိုက်ပြီး ကိုယ်ခံတွင်းလိုက်မယ့် အစားကောင်းအသောက်ကောင်းတွေကိုပဲ စားချင်တာ ဓမ္မတာပါဘဲ။ ကိုယ် သိပ်မကြိုက်တဲ့ အစားအစာတွေက ပိုပြီး ကျန်းမာစေတဲ့ သဘာဝရှိပါတယ်။ ဥပမာ ၀က်သားကိုကျတော့ ကြိုက်ပြီး သံပုရာရည်ကျတော့ မ
သောက်ချင်တဲ့ သူတွေ အများကြီးပါ။ ဒီလိုပဲ အသားငါးကို သင့်တင့်အောင်စားပြီး အသီးအနှံကို များများစားပေးခြင်းဟာ ကျန်းမာသော အစားအစာကို စားခြင်းဖြစ်ပါတယ်။

READ
ကိုယ့်ကောင်မလေးကိုအမှားလုပ်မိတဲ့အခါ ဘယ်လိုတောင်းပန်မလဲ

နတ်စည်တော် (Shwemom)

sm

SHARE