အွန်လိုင်းပေါ်ကနေ ဂျပန်ဘာသာစကားကို အခုလို အလွယ်တကူ လေ့လာသင်ယူနိုင်

Image:pinterest/sasint & pinterest/kirakira

အိမ်တွင်းအောင်းနေရတဲ့ ဒီလို အချိန်မှာ သူငယ်ချင်းတွေ အချင်းချင်း Challenge ခေါ် ပြီး ဘာသာစကားတစ်ခုခု (ဒါမှမဟုတ်) တခြား ပညာရပ်တစ်ခုခုကို အတူတူ သင်ယူကြည့်ရင်ေ ရာ…?အားလပ်နေတဲ့ အချိန်တွေကို အလကား ကုန်ဆုံး သွားမယ့်အစား အကျိုးရှိတာ တစ်ခုခုကို လုပ်ပြီး ကုန်ဆုံး လိုက်ပါ။ဒီ လို အချိန် မျိုးမှာ ကိုယ့်အတွက် ပညာ ၀မ်းစာကို ဖြည့်တင်းထားမယ်ဆိုရင်တော့ ကပ်ဆိုး လွန်မြောက် သွားတဲ့ အချိန် မှာ ကိုယ့်က သူများတွေ ထက် နှာတစ် ဖျား သာနေ မှာ အ သေအချာပါ။ကြိုးစားချင်စိတ် ရှိတဲ့ လူငယ်တွေ အတွက် အွန် လိုင်းပေါ် က နေ ဂျပန်စကားကို အ လွယ်တကူ လေ့လာသင်ယူလို့ရတဲ့ နည်းလေးေ တွ ကို ဖော်ပြ ပေး ချင်ပါ တယ်။ အခြေခံ ရှိဖို့ လုံးဝ လုံးဝ မလို အပ် ပါဘူး။အချိန် တစ်နာရီ လောက် ပေးရုံနဲ့ တင်  လုံ လောက်ပါတယ်။တစ်နာရီ စာ သင်ကြားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့် ပြီး သေချာ လေ့လာမယ်၊လေ့ကျင့်မယ်ဆိုရင်တော့  ဂျပန် စကား ကို အ ခြေ ခံ သင်ယူနိုင်ပါပြီ။

Image:pinterest/kirakira

ဂျပန်စကားမှာက Hiragana ၊Katakana နဲ့ Kanji  ဆိုပြီး (၃)မျိုးရှိပါတယ်။ Hiragana  က တော့ အခြေခံ အကျ ဆုံး အရေး အပိုင်း (မြန်မာလို ဆိုရင်တော့ က ကြီး ခ ကွေး) ပါ။Katakana က တော့ ဂျပန် စာ မူရင်း မဟုတ်တဲ့ ရေးသား နည်း တစ်မျိုးဖြစ်ပါတယ်။Kanji  ကတော့ တရုတ်က နေ ဆင်းသက်လာသော စာလုံး ရေးသားနည်း ဖြစ်ပါ တယ်။Kanji အဆင့်ထိ ရောက်မှ ဂျပန်သတင်းစာ တွေနဲ့ တခြား အဆင့်မြင့်စာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အခု မှ အခြေခံ ကို စပြီး လေ့လာမယ့် သူတွေ အတွက် ကတော့ Hiragana  ကို အရင် ဆုံး ကျေ ညက် အောင် လေ့လာ  ထားဖို့ လိုပါတယ်။အခြေခံကို စပြီး လေ့လာမယ့် သူတွေ အ တွက် ကတော့ Youtube မှာ Learn Hiragana  ဆို ပြီး ရိုက်ရှာ လိုက်ရုံနဲ့ ဗီဒီယိုဖိုင် တွေ အများကြီး ကျ လာမှာပါ။

READ
အလုပ်လက်မခံမီ မေးသင့်တဲ့ မေးခွန်း(၅)ခု
Image:Youtube screenshot

Youtube Channel တွေ အများကြီး ထဲကမှ Shw emom စာဖတ်သူတွေ အတွက် ညွှန်းချင်တဲ့ Channel က တော့  Learn Japanese with Japanese Pod1 01.com ပါ။အဲ့ဒီမှာဆိုရင်တော့  သင်ကြာပေးတဲ့ ပုံစံ လေးေ တွ ကတော့ အရမ်းကို နားလည် ရ လွယ်ကူ ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင် ကတော့ Hiragana ကို အရေးရော အဖတ် ပါ သေချာ သင် ပေးထားတဲ့ တစ် နာရီ စာ သင်ခန်းစာ ဗီဒီယိုဖိုင်ပါ။ငယ်ငယ်က ကကြီး  ခ ကွေး သင်ခဲ့ သလိုပဲ ဒီဗီဒီယိုဖိုင်ကို အကြိမ် ကြိမ် ပြန်ကြည့်ပြီး စာလုံး တွေ ကို  ရေးနိုင်၊ဖတ်နိုင်၊မှတ်မိ နိုင်ေ အာင်ကြိုးစား ကြည့်ပါ။သေချာ သင်ယူလိုက်မယ်ဆိုရင်ေ တာ့ ဒါ ဟာ အခြေခံ ဂျပန်စကား လောက်ကို  ရ သွားမှာပါ။

READ
အင်တာဗျူးမေးသူတွေ ရှောင်ရမယ့်မေးခွန်း(၈)ခု

ငယ်ငယ်က ကကြီး ခ ကွေး သင်ရင် ကဗျာ လေးတွေ ၊A B C သင်ရင်လည်း သီချင်းလေးတွေနဲ့ သင်ခဲ့ ရတာကို အားလုံးပဲ မှတ်မိကြမှာပါ။ဂျပန်ဘာသာစကားကို စပြီး လေ့လာရင်လည်း ကိုယ့်ကိုယ်ကို ကလေး ဘ၀ကို ပြန်  ရောက် သွားသလို မျိုး သဘော ထားပြီး ကဗျာလေးတွေ နဲ့  သင်ကြည့်ပါ။ပိုပြီး မှတ်မိ လွယ်ပါတယ်။

(၁) က နေ (၉၉) ထိ ဂဏန်းတွေ ကို ဂျပန်လို ပြောတတ်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင် လေးကို ကြည့်ပြီး လေ့လာလို့ရပါတယ်။ 

သင်တန်းတွေ တက်မှ ပညာကို လေ့လာသင်ယူလို့ရတာ မဟုတ်ပါဘူး။အင်တာနက် ရှိရုံ နဲ့  အွန်လိုင်းပေါ် က နေ ဂျပန် ဘာသာစကားမှ မဟုတ်ပဲ တခြား အရာ တွေကို ပါ အလွယ်တကူ လေ့လာသင်ယူလို့ရပါတယ်။

#SHWEMOM

SHARE