အနားနီးမှကပ်ပြီး ခရီးထွက်တတ်သူတွေအတွက် အကုန်ကျအနည်းဆုံးဖြစ်စေမယ့် နည်းလမ်းများ

Pexels/Porapak Apichodilok

ခရီးထွက်မယ်ဆိုရင် အစောကတည်းက လေယာဉ်လက်မှတ်တွေ ကြိုတင်ဘွတ်ကင်လုပ်ထားတာ၊ ထိုက်သင့်တဲ့အချိန်ပေးပြီး ပြင်ဆင်စရာရှိတာ စောပြင်ဆင်ထားတာဟာ အကောင်းဆုံးပါ။ နို့မဟုတ်ရင်တော့ အစစအရာရာ ဈေးကြီးမိတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ insider သတင်းမှာ တွေ့မြင်ရတဲ့ နောက်ဆုံးအချိန်မှ ကပ်ပြီး ခရီးထွက်ရတဲ့အခါ အကုန်အကျအနည်းဆုံးဖြစ်အောင် ဘယ်လိုပြုလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

ဘယ်ခရီးစဉ်မဆို အဆင်ပြေခြင်း

ခရီးတော့ အရမ်းသွားချင်နေတယ်၊ ဘယ်နေရာ သွားရမှန်းလည်း မသိတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ်က ခရီးထွက်ရရင်ပြီးရော ဘယ်နေရာသွားသွား အဆင်ပြေတယ်ဆိုရင်တော့ လေယာဉ်စရိတ်နဲ့ ခရီးစရိတ် အားလုံးကို အကြမ်းဖျင်းတွက်ချက်ကာ အဆင်ပြေတဲ့နေရာ ရွေးချယ်နိုင်ပါတယ်။

Pexels/rawpixel.com

ဘယ်နေ့သွားသွား အဆင်ပြေခြင်း

လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင်တော့ အကောင်းဆုံးက ရက်သတ္တပတ်အလယ်လောက်မှာ သွားသင့်ပါတယ်။  ဒါဆို ဈေးချိုတတ်ပါတယ်။ သောကြာနေ့ထွက်မယ့် လေယာဉ်တွေ၊ တနင်္ဂနွေထွက်မယ့် လေယာဉ်တွေကတော့ အခြားနေ့တွေထက် ဈေးပိုကြီးပါတယ်။

READ
လူတွေနေထိုင်သော လှပသည့်သဘာဝနေရာများ

လူအသွားအလာနည်းပါးချိန်မှာ ခရီးသွားခြင်း

လေယာဉ်တစ်စီးကို ဘွတ်ကင်တင်မယ်ဆိုရင် လေယာဉ်ဆိုက်ရောက်ချိန်၊ ထွက်ခွာချိန်တွေကို မှတ်ထားသင့်ပါတယ်။ ဥပမာ မနက်အစောပိုင်းလေယာဉ်တွေ၊ ညဘက်မိုးချုပ်လေယာဉ်တွေကို ရွေးချယ်ရင် ဈေးပိုသက်သာတတ်ပါတယ်။

Pexels/Vasilis Koudas

ဆိုရှယ်မီဒီယာပေါ်မှာ လေကြောင်းလိုင်းတွေကို follow လုပ်ထားခြင်း

လေကြောင်းလိုင်းတွေက ဒစ်စကောင့်တွေပေးတဲ့အခါ အသိနောက်မကျရလေအောင် ဖေ့စ်ဘုတ်၊ တွစ်တာနဲ့ အင်စတာဂရမ်လိုမျိုး ဆိုရှယ်မီဒီယာတွေပေါ်မှာ follow လုပ်ထားသင့်ပါတယ်။

ရထားနဲ့ ခရီးသွားခြင်း

ကား၊ ရထားနဲ့ လေယာဉ်ခရီးစဉ်တွေမှာ ဈေးနှုန်းအရရော၊ ၀န်ဆောင်မှုအရရော ကွာခြားချက်တွေ ရှိပါတယ်။ တကယ်လို့ ကိုယ်က အချိန်ပေးနိုင်တယ်ဆိုတော့ ရထားနဲ့ခရီးသွားတာဟာ အကုန်အကျအနည်းဆုံး ဖြစ်တဲ့အပြင် ရထားလမ်းဘေးတစ်လျှောက် ရှုခင်းတွေကိုလည်း ခံစားသွားနိုင်မှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE