လေယာဉ်မောင်းသင်တန်းရဲ့ နောက်ဆုံးစစ်ဆေးမှုကို ခက်ခက်ခဲခဲ အောင်မြင်သွားတဲ့ ပိုင်းလော့

လေယာဉ်အမောင်းသင် ပိုင်းလော့တစ်ဦးရဲ့ ပထမဆုံး မြေပြင်ပေါ်ဆင်တဲ့အချိန် ကြုံတွေ့ရတဲ့ ရင်လေးဖွယ် အဖြစ်အပျက်တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

Tyne and Wear ပြည်နယ် Gateshead မြို့က အသက် ၃၁ နှစ်အရွယ် အရာရှိလောင်း Steph Burn ဟာ သူမရဲ့ နောက်ဆုံး လေ့ကျင့်ရေး သင်တန်းမှာ ခရီးသည်တင် ဂျက်လေယာဉ်နဲ့ မောင်းနှင်မှုကို ပထမဆုံးအကြိမ် စစ်ဆေးခံရပါတယ်။ (၂၀၁၉)ခုနှစ်  မေလဆန်းလောက်မှာ စစ်ဆေးခဲ့တာပါ။

ITV

သူမနဲ့ နောက် အရာရှိလောင်းတစ်ယောက်ကို ကပ္ပတိန် Rob က ဦးဆောင်းပြီး  လေယာဉ်တစ်စီးနဲ့ မြေပြင်ပေါ် သက်ဆင်းတဲ့ စကေးကို စစ်ဆေးခဲ့ပါတယ်။ စစချင်း ဆင်းတော့မယ် အချိန်မှာ Rob က Steph အနေနဲ့ မြေပြင်ပေါ်ဆင်းဖို့ လိုအပ်တဲ့ သရီး ဒီဂရီ ထောင့် အနေအထားမှာ မရှိဘူးလို့ သတိပေးခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာ သူမက စပြီး ဆင်းဖို့လုပ်ခဲ့ပါတယ်။

READ
သက်ငယ်မုဒိမ်းသမားတွေကို သေဒဏ်ပေးတော့မယ့် အိန္ဒိယပြည်နယ်တစ်ခု
ITV

ပြေးလမ်းနဲ့ နီးလာတဲ့အခါမှာ Rob က စိတ်အေးအေးထားဖို့ သတိအပြင်းပေးနေပြီး Steph မှာလည်း အံကြိတ်လို့ပေါ့… အဲ့ဒီ့နောက် Rob က ချက်ချင်းဆိုသလိုပဲ ကွန်ထရိုလ်ကို ပြန်လွှဲယူလိုက်ပြီး လေပေါ်ကို ပြန်တက်သွားတာကို တွေ့ရမှာပါ။

ITV
ITV

Steph ရဲ့ လေယာဉ်ကို ဆင်းဖို့ ယူထားတဲ့ အနေအထားမှာ ဦးချွန်ပိုင်းက မြင့်နေပြီး အမှီးဟာ ပြေးလမ်းနဲ့ ရိုက်နိုင်တာကိုလည်း ရှင်းပြခဲ့ပါတယ်။

ITV

သူမဟာ ဒီ လေယာဉ်မောင်း သင်တန်းကို တက်ရောက်ဖို့ အများကြီး ရင်ထားရပါတယ်။ ပိုင်လော့ သင်တန်းကျောင်းက ပေါင် ၁၂၀၀၀၀ သွင်းရပြီး အခုဆို သူမမှာလည်း အကြွေး ပေါင် ၇၀၀၀၀ ကျော် ကျန်သေးကြောင်း ရှင်းပြပါတယ်။

READ
တရုတ်တွင် တစ်နှစ်အရွယ်သမီးလေး လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော်ကားခံရ
ITV

သူမဟာ စစ်ဆေးမှုကို ခုနှစ်ကြိမ်မြောက် ကြိုးစားမှုမှာ အောင်မြင်သွားကြောင်း သိရပါတယ်။

Ref: Daily Mail

Matthew (ShweMOM)
SHARE