ဟင်းသီးဟင်းရွက် များများစားခြင်းက နှလုံးကျန်းမာရေး ပို ကောင်းပြီး အသက်ရှည်စေ

Image:freepik.com/freepik

လူတွေရဲ့ စားသောက်နေထိုင်မှု ပုံစံ က တော့ ခေတ်နဲ့ အညီ တဖြည်းဖြည်းကို ပြောင်းလဲ လာခဲ့ပါပြီ။ကောင်း သော ပြောင်းလဲ ခြင်းတော့ မဟုတ်ပါဘူး။မ ကောင်းတဲ့ ပြောင်းလဲ ခြင်းပါ။ဒါကြောင့် လည်း သွေးတိုး၊ဆီးချို သွေးချို ဝေဒနာရှင်တွေ ၊နှလုံးရောဂါသည်တွေ တစ်နေ့တစ်တစ် နေ့ ပိုပို များလာရတာပါ။ဟင်းသီးဟင်းရွက် ထက် အသားတွေ၊ပြုပြင် ပြောင်းလဲ ထားတဲ့ အသားတွေ၊အကင်တွေ ကို လူတွေ က ပိုစားလာကြပါတယ်။ဒါ တွေ ဟာ အသက် ပို တို စေပါတယ်။ ဟင်းသီးဟင်း ရွက် စားခြင်းရဲ့ အကျိုးကျေးဇူးကို တော့ CNN ရဲ့ သတင်းတစ်ပုဒ်မှာ အခုလို ဖော်ပြထားပါတယ်။

Image:freepik.com/freepik

အသားထက် ဟင်းသီးဟင်းရွက်ကို များများ စား ပေးခြင်းက နှလုံး သွေးကြော ဆိုင်ရာ ရောဂါ ဖြစ်ပွားခြင်းကို လျော့ နည်းစေနိုင်တယ်လို့ လေ့လာမှု တစ်ခုမှာ ဖော်ပြထားပါတယ်။ဟင်းသီးဟင်းရွက်ကို အ ခြေခံ တဲ့ diet plan တွေကို လုပ်ရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားမှုကို (၁၆)ရာခိုင်နှုန်း လျော့ ကျ စေကာ၊ရောဂါ ကြောင့် အသက်တို နှုန်းကိုလည်း (၂၅)ရာခိုင်နှုန်း လောက် လျော့ ကျ စေနိုင်တယ်လို့ အ မေရိကန် နှလုံးရောဂါ ဆိုင်ရာ အဖွဲ့ အစည်းရဲ့ ဂျာမန် တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဟင်းသီး ဟင်းရွက် များများစား ပေးရင် နှလုံးကျန်းမာရေး ကို ပိုကောင်းစေနိုင် တယ်လို့ လည်း ပါ မေက္ခ Casey Rebholz က ဆိုပါတယ်။

READ
ရင်သားကင်ဆာကိုကာကွယ်နိုင်တဲ့ အသီးအနှံ(၇)မျိုး
Image :freepik.com/poringdown

ဟင်းသီးဟင်းရွက် ကို များများစားပြီး အသားကို လျော့ စားမယ်ဆိုရင် တော့ ကျန်းမာရေး အတွက် အများ ကြီးအ  ထောက်အကူ ဖြစ်စေ ပါတယ်။ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ တွေ ကို တော့ ကျန်းမာ အသက်ရှည် ချင်ရင် များများ စားပေးသင့်တယ်လို့ လည်း Rebholz က ဆိုပါတယ်။ဒီလေ့လာမှု ကို တော့ အ မေရိကန် မှာရှိတဲ့ လူလတ်ပိုင်း အရွယ် (12168) ဦးကို လေ့လာ စမ်းစစ်မှုတွေ ပြု လုပ်ခဲ့တာပါ။သု တေသီ တွေ က အဲ့ဒီ လူ တွေရဲ့ စားသောက်မှု ပုံစံေ တွကို သေချာ အနီးကပ် လေ့လာ စမ်းသပ်မှုတွေ လုပ် ခဲ့ တာပါ။အသီးအရွက် များများစားတာနဲ့ မစားတဲ့ အ ပေါ် မူတည်ပြီး အသီးအရွက် နဲ့ သစ်သီးဝလံ များများ စားပေးရင် လေဖြတ်၊နှလုံးေ ရာဂါ၊ နှလုံးသွေးကြော ဆိုင်ရာ ရောဂါ ဖြစ်ပွားမှု နှုန်း ကို တိုင်းတာ ခဲ့တာပါ။

READ
ကင်ဆာပျောက်ဖို့ တရုတ်ရိုးရာဆေးကုထုံးတွေကို အားကိုးမိခဲ့တဲ့ မင်းသမီးလေးရဲ့ အဖြစ်
Image:freepik.com/poringdown

ဟင်းသီးဟင်းရွက်မှာ အမျှင်ဓါတ်များများ ပါဝင်ကာ ဟင်းသီးဟင်းရွက် အဆီ ၊ပိုတတ်စီယမ် နဲ့ antioxidant တွေ ပေါ ကြွယ်ဝ စွာ ပါဝင်ပါတယ်။တိရစ္ဆာန် က ရတဲ့ အဆီ တွေ နဲ့ nitrite တို့ က တော့ လူကို အန္တရာယ် ဖြစ် စေ ပါတယ်။ဒါက တော့ ဟင်းသီးဟင်းရွက် စားခြင်းရဲ့ ပထမ ကောင်းကျိုးပါ။နောက် ထပ် ကောင်းကျိုး က တော့ ကိုယ်အ လေးချိန်၊ရောင်ရမ်းတာ၊ဆီးချို၊သွေးချို၊သွေးတိုး၊သွေးကြောနဲ့ပတ်သက်တဲ့ လုပ်ငန်း ဆောင်ရွက် ချက် တွေ အတွက် လည်း အသီးအရွက် စားခြင်းက ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်။

Image:freepik.com/yurawhite

#SHWEMOM

SHARE