ချောကလက်နေ့စဉ်စားသုံးခြင်းဟာ ဦးနှောက်ကို ကောင်းကျိုးဖြစ်စေကြောင်း သိရ

ချောကလက်ချစ်သူတွေအနေနဲ့ ချောကလက်စားပြီးတဲ့အခါတိုင်း ကိုယ်စားလိုက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလားဆိုပြီး သံသယဖြစ်နေစရာ မလိုတော့ပါဘူး။ အခုဆိုရင် ချောကလက်ဟာ လူတွေရဲ့ သိမှုဆိုင်ရာစွမ်းရည်တွေကို အကျိုးဖြစ်ထွန်းစေတယ်ဆိုပြီး သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါပြီ။ ချောကလက်အနက်ရောင်ကို နေ့စဉ် နည်းနည်းချင်းစီစားပေးရုံနဲ့ အာရုံစူးစိုက်မှုတိုးတက်စေတဲ့အပြင် မှတ်ဥာဏ်တိုးပြီး စကားပြောသွက်လာတာကို တွေ့ရကြောင်း အီတလီ L’Aquila တက္ကသိုလ်က ဆိုပါတယ်။

pexels

အနက်ရောင်ချောကလက်တွေမှာ cocoa flavanols လို့ခေါ်တဲ့ကွန်ပေါင်းတစ်မျိုးကို တွေ့ရပါတယ်။ အဲဒီကွန်ပေါင်းကို ပန်းသီး၊ သစ်တော်သီးနဲ့ စပျစ်သီးတွေမှာပါ တွေ့ရတတ်ပါတယ်။ ၄င်းကွန်ပေါင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးကို ပေးပါတယ်။ ချောကလက်ကို နေ့စဉ်စားသုံးတဲ့ အသက်ကြီးသူတွေကို လေ့လာကြည့်ရာမှာတော့ ချောကလက်ဟာ မှတ်ဥာဏ်လျော့နည်းတာကို ကာကွယ်ပေးတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

Cocoa flavanols ဟာ နှလုံးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့အပြင် ဦးနှောက်တွင်းမှာရှိတဲ့ သွေးတွေရဲ့ လှည့်ပတ်စီးဆင်းမှုကို မြန်ဆန်စေပါတယ်။ ဒါကြောင့်လည်း ချောကလက်ဟာ အသက်ကြီးလို့ ဥာဏ်ရည်ဆုတ်ယုတ်လာတာကို အကာအကွယ်ဖြစ်စေတာပါ။ ကိုကိုးနဲ့ ချောကလက်တွေကို နေ့စဉ်ပုံမှန်စားသုံးပေးသွားရင် အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါမှာ ဦးနှောက်ကို ကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။

pexels

ဒါပေမယ့်လည်း ချောကလက်နဲ့ ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ ချောကလက်ဟာ ကယ်လိုရီပမာဏနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ သကြားနဲ့ နို့စတဲ့ ပါဝင်ပစ္စည်းတွေ အများကြီးသုံးထားတဲ့ အချိုများလွန်းတဲ့ ချောကလက်တွေကတော့ အများကြီးစားသုံးဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကျန်းမာရေးအတွက် စားချင်တယ်ဆိုရင်တော့ flavanols တွေ ကြွယ်ဝစွာပါဝင်တဲ့ အနက်ရောင်ချောကလက်စစ်စစ်တွေကိုသာ စားသုံးသင့်ကြောင်း အကြုံပြုလိုက်ပါတယ်။

READ
တရုတ်နံနံကို နေ့တိုင်းစားခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူး (၁၀) ချက်

လင်းလင်း (ShweMom)

Ref: metro

SHARE