ငါးကြီးဆီစားသုံးခြင်းဟာ စိတ်ကျရောဂါလက္ခဏာကို သက်သာစေနိုင်ကြောင်း သိရှိရ

Unsplash/Healthline

စိတ်ကျရောဂါဆိုတဲ့ ရောဂါကြီးက အခုဆိုရင် နိုင်ငံတော်တော်များများမှာဖြစ်နေတာကိုတွေ့ရမှာပါ။ စစ်တမ်းအရဆိုရင်တော့ (၂၀၁၉)ခုနှစ်မှာ အရင်နှစ်တွေကထက် အဲဒီရောဂါဖြစ်ပွားမှုနှုန်းက ၃၀%ပိုများလာပြီး အထူးသဖြင့် လူငယ်တော်တော်များများဆီမှာ တွေ့ရှိရပါတယ်။

ဒီစိတ်ကျရောဂါကြောင့် မိမိကိုယ်ကို သတ်သေမှုတွေဟာလည်း မြင့်သထက် မြင့်တက်လာပါပြီ။ မတော်တဆမုတွေကြောင့် သေဆုံးမှုတွေပြီးရင် ဒုတိယအများဆုံးက ကိုယ့်ကိုယ်ကိုသတ်သေတာတွေပါ။ ကိုယ့်ကိုယ်ကိုသတ်သေတာတွေ တော်တော်များများရဲ့ အဓိကတရားခံကတော့ စိတ်ကျရောဂါခံစားနေရလို့ဖြစ်ပါတယ်။

Flickr/ryan melaugh

သုတေသနပညာရှင်တွေရဲ့ အဆိုအရ စိတ်ကျရောဂါခံစားနေတဲ့သူတစ်ယောက်အတွက် အကောင်းဆုံးဆေးဝါးကတော့ အကိုက်အခဲပျောက်ဆေးတွေ၊ ငါးကြီးဆီတွေနဲ့ ကိုလက်စ်ထရောကျစေတဲ့ ဆေးဝါးတွေပဲဖြစ်ပါတယ်။ Huazhong University of Science အဖွဲအစည်းက သုတေသနပညာရှင်တွေဟာ စမ်းသပ်မှု ၃၀ကျော်ကို လူပေါင်း ၁,၆၁၀ဦးရေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

Shutterstock/Bojan Milinkov

အဲဒီစမ်းသပ်မှုမှာ အကိုက်အခဲပျောက်ဆေးမှာပါဝင်တဲ့ ဆေးတော်တော်များများက စိတ်ကျရောဂါကို သက်သာစေကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် ငါးကြီးဆီမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတော်တော်များများက စိတ်ကျရောဂါကို သက်သာစေနိုင်တဲ့အပြင် လူတစ်ယောက်ရဲ့စိတ်ကို သာမန်ထက်ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် စိတ်ကျရောဂါခံစားရတဲ့သူတွေကို အကြံပေးချင်တာက အကိုက်အခဲပျောက်ဆေး၊ ငါးကြီးဆီနဲ့ ကိုလက်စ်ထရောကိုကျစေတဲ့ ဆေးဝါးများကို သုံးစွဲခြင်းက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကျဆင်းနေမှုကို မြှင့်တင်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

READ
စိတ်ကျန်းမာရေး ကောင်းမွန်အောင် ထိန်းညှိပေးနိုင်တဲ့ အစားအသောက်များ

 

Pyi Hein Kyaw

SHARE