ရေခဲမုန့်ကို မနက်စာအဖြစ် စားသုံးပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူး

Pexels/Bekir Dönmez

လေ့လာချက်တွေအများစုမှာ ဆိုထားကြတာက မနက်စာကို အချိုများလွန်းတဲ့ အာဟာရတွေ မစားပေးသင့်ဘူး၊ ကျန်းမာပြီး အာဟာရနဲ့ ပြည့်ဝတဲ့အစားအသောက်တွေကိုပဲ စားသင့်တယ်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံ Kyorin တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ရိုရှီဟီကို ကိုဂါကတော့ မနက်ခင်းမိုးလင်းလင်းချင်း ရေခဲမုန့်စားပေးခြင်းဟာ လူကို နိုးကြားစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကိုလည်း တိုးတက်စေနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

Pexels/Amber Lamoreaux

ရိုရှီဟီကိုရဲ့ လေ့လာချက်ကို ဂျပန်ရဲ့ Excite News ၀က်ဆိုက်ဒ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက တွေ့လိုက်ရတာပါ။ ရိုရှီဟီကိုဟာ မနက်ခင်းအိပ်ရာနိုးပြီးတဲ့နောက် ရေခဲမုန့်စားသူနဲ့ ရေခဲမုန့်မစားသူဆိုပြီး ခွဲခြားကာ သုတေသနပြုခဲ့ပါတယ်။ ဒီအခါမှာ တွေ့ရှိရတာက မနက်စာ ရေခဲမုန့်စားသုံးသူတွေဟာ ရေခဲမုန့်မစားတဲ့သူတွေထက် တုံ့ပြန်စွမ်းအား ပိုကောင်းတဲ့အပြင် သတင်းအချက်အလက်တွေကို ပိုမိုလျင်မြန်စွာ လက်ခံရယူနိုင်စွမ်းရှိတယ်ဆိုပြီးတော့ပါ။

READ
ရူးသွပ်မိုက်မဲလွန်းတဲ့ ခေတ်လူသားတွေအကြောင်း ထိရောက်စွာ ဖော်ပြထားတဲ့ ပုံရိပ်များ

ဒါ့အပြင် မနက်စာရေခဲမုန့်စားသူတွေမှာ အယ်လ်ဖာလှိုင်းတွေ မြင့်လာတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ အယ်လ်ဖာလှိုင်းတွေဆိုတာကတော့ စိတ်နိုးကြားမှုနဲ့ ဆက်စပ်နေတာဖြစ်ပြီး ၄င်းလှိုင်းတွေဟာ စိတ်ကသိကအောက်ဖြစ်တာကို ပြေလျော့စေတဲ့ ပျော်ရွှင်မှုလှိုင်းတွေလည်း ဖြစ်ပါတယ်။

Pexels/Sittisak C

ဒါ့အပြင် ရိုရှီဟီကိုဟာ ၄င်းရေခဲမုန့်စားတဲ့သူတွေကိုပဲ ရေခဲမုန့်မကျွေးပဲ ရေခဲရေတိုက်ပြီး စမ်းသပ်ခဲ့ပါသေးတယ်။ ပြီးတဲ့နောက် သုတေသနပြုကြည့်ရာမှာ ထွက်လာတဲ့ရလဒ်ကတော့ လူတွေဟာ မနက်စာအဖြစ် ရေခဲမုန့်စားသုံးခဲ့တဲ့အခါမှာပဲ ထူးထူးခြားခြား စိတ်လန်းဆန်းပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ သိသိသာသာ မြင့်တက်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့်လည်း ရေခဲမုန့်ဟာ တကယ်ပဲ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်တဲ့ အစားအစာတစ်ခုလားဆိုတာကို အတည်ပြုနိုင်ဖို့ ပညာရှင်အချို့က ထပ်မံပြီး သုတေသနအမျိုးမျိုး ပြုလုပ်ဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ ရေခဲမုန့်ထဲမှာ သကြားဓာတ်ပါဝင်နှုန်းဟာ မြင့်မားလွန်းတာကြောင့် မနက်စာအဖြစ် ပုံမှန်စားသုံးဖို့ အမှန်တကယ်ပဲ သင့်တော်ရဲ့လားဆိုတာ အဖြေရှာကြဖို့ ဖြစ်ကြောင်းလည်း သိရပါတယ်။

READ
ဘဝတစ်လျှောက်မှာ သွားဖူးသင့်တဲ့ ခရီးအမျိုးအစား (၁၂)မျိုး

လင်းလင်း (ShweMom)

SHARE