ကမ္ဘာတစ်လွှားက ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များ

လူတွေဟာ စားကောင်းသောက်ဖွယ်တွေကို နှစ်ခြိုက်တယ်၊ စားကောင်းသောက်ဖွယ်ကို သုံးဆောင်ရာမှာလည်း ထူးခြားတဲ့ အနေအထားနဲ့ သုံးဆောင်ရတာကို ပိုခုံမင်ကြပါတယ်။

MIR and Snøhetta

နော်ဝေနိုင်ငံမှာ မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့တာ ဥရောပ ပထမဆုံး ရေအောက် စားသောက်ဆိုင်ဟာ သမုဒ္ဒရာကြီးရာ ရှုခင်းတွေကို ကြည့်ရင်း အစားအသောက်တွေကို သုံးဆောင်နိုင်အောင် ပြင်ဆင်ထားပါတယ်။

ဆိုင်နာမည်ကတော့ Under လို့ သိရပါတယ်။ လက်ရှိမှာလည်း တော်တော်လေး နာမည်ကြီး လာရောက်စားသောက်ချင်သူတွေ များပြားနေပြီး အယောက် (၇၀၀၀) ကျော်လောက် ဘွတ်ကင်တင်ထားတာရှိတယ်လို့လည်း သိရပါတယ်။

Toilet humour – Shangai

AFP

ရှန်ဟိုင်းမြို့က ဒီ စားသောက်ဆိုင်ကတော့ တော်ရုံ အသည်းငယ်တဲ့ သူတွေနဲ့ အဆင်မပြေပါဘူး။ ဆိုင် အပြင်အဆင်ကိုက ဘိုထိုင်တွေနဲ့ ဖြစ်နေပါတယ်။ စားပွဲဟာ လက်ဆေး ဘေစင်ကို အပေါ်ကို မှန်နဲ့ ကာထားတာပါတယ်။ အစားအသောက်တွေကို အိမ်သာပုံစံနဲ့ ပြင်ဆင်ပေးပြီး မစ်တီးဆို ဆီးခွက်ပုံစံ ခွက်ကြီးနဲ့ထည့်ပေးတယ်လို့သိရပါတယ်။ ချောကလက် ရေခဲမုန့်ကိုဆို အိပ်သာခွက် ပုံစံ ပန်းကန်လုံးတွေနဲ့ ထည့်ပေးပါသတဲ့။

AFP

Tall order – Kenya

Handout

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှရှိတဲ့ Giraffe Manor ဆိုတဲ့ စားသောက်ဆိုင်မှာတော့ စားရင်းသောက်ရင်းနဲ့ ယဉ်ပါးတဲ့ သစ်ကုလားအုတ်ကြီးတွေနဲ့ နီးနီးကပ်ကပ်ရှိခွင့်တွေ ရနိုင်ပါတယ်။ သစ်ကုလာအုတ်ကြီးတွေက ဧည့်သည်တွေ သုံးဆောင်နေစဉ် ပြတင်ပေါက်ကနေ ခေါင်းတိုးဝင်လာပြီး အစားတောင်းလေ့ရှိတယ်လို့ သိရပါတယ်။

READ
အထူးအဆန်းကြိုက် ခရီးသွားများ သွားရောက်ကြတဲ့ ကမ္ဘာတစ်ဝှမ်းမှ အနိဋ္ဌာရုံနေရာများ
Handout

In the dark – London

PA

Dans Le Noir ဆိုတဲ့ လန်ဒန်မြို့က စားသောက်ဆိုင်ကတော့ အမှောင်ကြောက်တဲ့သူတွေနဲ့တော့ မကိုက်ပါဘူး။ အမှောင်ထဲမှာ မမြင်မစမ်းနဲ့ ထူးခြားတဲ့ မီနူးတွေကို မြည်းစမ်း သုံးဆောင်ရမှာဖြစ်ပါတယ်။  သန့်စင်ခန်းကိုတောင်မှ အမှောင်ထဲကနေပဲ သွားရတယ်လို့ သိရပါတယ်။

PA

Dead quiet – India

youtube

အိန္ဒိယနိုင်ငံက New Lucky စားသောက်ဆိုင်က အုတ်ဂူတွေပေါ်မှာ တည်ဆောက်ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ဆိုင်ပိုင်ရှင်ကတော့ ဒါ ကံကောင်းစေတဲ့ အဆောင်အယောင်လို့ ယုံကြည်ထားပါသတဲ့။

Safe sex – Thailand

Twitter

Cabbages and condoms ဆိုတဲ့ ဆိုင်ကို Mechai Viravaidya ဆိုသူက ထိုင်းနိုင်ငံမှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ပတ်ပြီး ဈေးဝယ်ထွက်မယ်ဆို ဂေါ်ဖီထုပ်ကို အမြဲတွေ့ရမယ်၊ ကွန်ဒုံးဟာလည်း ဂေါ်ဖီထုပ်လိုပဲ နေရာတိုင်းမှာ လူတိုင်းအတွက် အသုံးအဆောင်ဖြစ်နေတယ်လို့ ၄င်းက ပြောပါတယ်။

ဒီလို စိတ်ကူးနဲ့ Cabbages & Condoms ဆိုတဲ့ နာမည်ကို ရရှိခဲ့တယ်လို့ သိရတယ်။ ကွန်ဒုံးကို တဗူးလို မြင်ဖို့ မလိုအပ်ကြောင်း၊ လူသားတွေကို HIV/AIDS မှ ကာကွယ်ပေးနေပြီး ဆန္ဒမရှိတဲ့ ကိုယ်ဝန်ဆောင်ဘ၀မှလည်း လွတ်ငြိမ်းချမ်းသာခွင့်ရစေတယ်လို့ မစ္စတာ Mechai က ပြောပါတယ်။

READ
အမျိုးသမီးတွေအတွက် လင်ကောင်းသားကောင်းရဖို့က ဘယ်လောက်အရေးကြီးသလဲ

အခုဆို Bicester နဲ့ Cheltenham တို့မှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားပြီး စားသုံးသူတွေဟာ အိမ်အပြန် ကွန်ဒုံးကို အလကား ရယူသွားလို့ရကြောင်း သိရပါတယ်။

Plane crazy – Bolton

Manchester Evening News

ဘောလ်တန်မြို့မှာ Steaks on a Plane ဆိုတဲ့ နာမည်နဲ့ ဘိုအင်း ၇၃၇ လေယာဉ်ကြီးထဲမှာ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်ကလည်း နာမည်ကြီးဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

Manchester Evening News

လေယာဉ်က အတောင်တွေမပါဘူး၊ တစ်ပိုင်းပြတ်ဖြစ်တယ်၊ ဒါပေမယ့် လေယာဉ်မှူးခန်က အခုထိ အကောင်းတိုင်းရှိပြီး လေယာဉ်ခုံတွေနေရာမှာတော့ သာမန် စားပွဲ ကုလားထိုင်တွေနဲ့ အစားထိုးထားပါတယ်။

Hearty feed – Las Vegas

Las Vegas က Heart Attack Grill ဆိုတဲ့ စားသောက်ဆိုင်က စားသုံးသူတွေကို လူနာတွေလို ၀တ်စားပြီး သုံးဆောင်စေပါတယ်။ စားပွဲထိုးတွေကလည်း သူနာပြုတွေလို ၀တ်စားထားကြတယ်။ မီနူးတွေဟာ ဆေးစာတွေလို ဖြစ်ပြီး အဲ့ဒီ့က ဘာဂါတွေဟာ တော်တော်လေး နာမည်ကြီးတယ်လို့ သိရပါတယ်။

Ref: The Mirror

Matthew (ShweMOM)
SHARE