ကွန်ဂိုနိုင်ငံတွင် ပြန်လည်ပျံ့ပွားလျက် ရှိနေပြီဖြစ်တဲ့ အီဘိုလာရောဂါ

(၂၀၁၄)ခုနှစ်နောက်ပိုင်း (၄)နှစ်ကြာပြီးနောက် ကမ္ဘာပေါ်မှာ အီဘိုလာရောဂါ ပြန်လည်စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရပါတယ်။ (၂၀၁၄)ခုနှစ်မှ (၂၀၁၆)ခုနှစ် များအတွင်း အနောက်အာဖရိကမှာ ပျံ့ပွားခဲ့တဲ့ အီဘိုလာကူးစက်ရောဂါကတော့ အရင်အကြိမ်တွေ ထက်ပိုပြီး သေဆုံးသူ ပိုများခဲ့ပါတယ်။ လူပေါင်း (၁)သောင်းကျော်ပါ။ အခု (၂၁၀၈)မှာလည်း အီဘိုလာ ပြန်လည်ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။

AP

ယခုတစ်ခါ အီဘိုလာစတင်ဖြစ်ပွားရာ နိုင်ငံကတော့ အာဖရိကအလယ်ပိုင်းက ကွန်ဂိုနိုင်ငံမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါဖြစ်ပွားမှု သံသယရှိသူ (၄၅)ဦးနဲ့ သေဆုံးမှု (၂၅)ဦး ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး သေဆုံးမှုအားလုံးက ကွန်ဂိုရဲ့ Mbandaka မြို့ကနေ (၇၅)မိုင်ခန့် ကွာဝေးတဲ့ ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။

AP

ယခင်တုန်းကတော့ အီဘိုလာရောဂါကို ထိန်းချုပ်မှုဟာ ရောဂါခံစားနေရသူကနေ ပြန်ပြီး နောက်ကြောင်းခံတာဖြစ်ပါတယ်။ လူနာက ဘယ်အရာ ဘယ်သူနဲ့ နီးစပ်လို့ ကူးစက်ခံရတယ် ဆိုတာကို တစ်ဆင့်ချင်းစီ စုံစမ်းထိန်းချုပ်တာပါ။ ဒါပေမယ့်လည်း ဒီနည်းက ကြားထဲမှာ ရောဂါပိုးကူးစက်စေတဲ့ လူတစ်ဦးဦးကို ခြေရာခံရင်း လွတ်သွားတာနဲ့ ရောဂါထိန်းချုပ်မှု ခက်သွားမယ့်နည်းပါ။ အခုဆိုရင်တော့ အီဘိုလာ ရောဂါကာကွယ်ဆေး rVSV-ZEBOV (သို့မဟုတ်) V920 ကို စတင် သုံးစွဲလျက်ရှိနေပါပြီ။

READ
ရွှံအိုင်ကျင်းထဲချော်လဲနေပြီး ပြန်မထနိုင်တော့တဲ့ ဆင်တစ်ကောင်ကိုမြေတူးစက်များဖြင့် ဆွဲတင်ခဲ့ရ
AP

ပြီးခဲ့တဲ့ မေ (၁၆)ရက်တုန်းက ကွန်ဂို မြို့တော် Kinshasa သို့ V920 အီဘိုလာကာကွယ်ဆေးပေါင်း (၄၀၀၀)ပို့ပေးခဲ့ပြီး ရောဂါကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ဆက်ဆံနေရသူတွေကို အရင်ပေးမှာဖြစ်ကြောင်းသိရပါတယ်။ ဒါပေမယ့်  V920 ဆေးကို တစ်နယ်နဲ့ တစ်နယ် သယ်ယူပို့ဆောင်ရာမှာ အခက်အခဲတွေရှိပါတယ်။ ထိရောက်မှုရှိဖို့အတွက် ဆေးတွေကို အပူချိန် (-၆၀)မှ (-၈၀)ဒီဂရီစင်တီဂရိတ်အတွင်း သိုလှောင်ထားရတာကြောင့်ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံတွင်း အီဘိုလာရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ လူပေါင်း (၅၁၄)ဦးကို အနီးကပ်စောင့်ကြည့်ထားလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ကျွမ်းကျင်ပညာရှင်များကို စေလွှတ်ထားကြောင်းသိရပါတယ်။

White (Shwemom)

Ref: Metro, Science Alert

SHARE