တစ်နိုင်ငံပြီးတစ်နိုင်ငံပြောင်းပြီး သူနာပြုအဖြစ် လုပ်အားပေးရင်း ခရီးထွက်နေတဲ့ Blogger

Instagram- @frontpage_eb

ကမ္ဘာပတ်မယ်ဆိုတဲ့စိတ်ကူးကတော့ ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေထဲက တစ်ခုပဲမဟုတ်လား။ ဘဝရဲ့အခြေအနေကြောင့် ဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုတာတော့ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ အခုပြောပြပေးမယ့် travel blogger သူနာပြုမလေးကတော့ သူ့ရဲ့ပုံမှန်အလုပ်ကိုလည်း အဆက်မပြတ်လုပ်ရင်း တစ်နိုင်ငံပြီးတစ်နိုင်ငံကို ခရီးထွက်လည်ပတ်နေပါယ်တဲ့။ သူမရဲ့အကြောင်းလေးကို Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

သူမနာမည်ကတောာ့ Ebony Thyme ပါ။ အသ်ကတော့ ၂၇ နှစ်ရှိနေပါပြီ။ လက်ရှိအချိန်မှာတော့ ဘရွတ်ကလင်းမှာရှိနေပြီး COVID-19 အတွက် သူနာပြုဆရာမအဖြစ် ရှေ့တန်းမှတာဝန်ယူနေရပါတယ်။

https://www.instagram.com/p/B_SMxlKJZsH/

သူနာပြုအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက လုပ်ကိုင်နေခဲ့ကာ လိုင်စင်ရသူနာပြုဆရာမအဖြစ် ဘွဲ့ရရှိခဲ့ရုံတင်မကဘဲ Nurse Practitioner အဖြစ်ပါ အသိအမှတ်ပြုလက်မှတ်ရရှိထားသူတစ်ဦးပါ။ Nurse Practitioner ဆိုတာ ဆရာဝန်မပါလည်း ကုသမှုတွေကို ကိုယ်တိုင်ဦးဆောင်လုပ်နိုင်တယ်ဆိုတဲ့ အဆင့်မြင့်သူနာပြုပဲဖြစ်ပါတယ်။ ဆိုတော့ သူမရဲ့ ဆေးပညာဆိုင်ရာ လုပ်ရည်ကိုင်ရည်နဲ့အရည်အချင်းတွေကတော့ ပြောပြစရာမလိုလောက်အောင်ကို ထူးချွန်တယ်ဆိုတာ ငြင်းလို့ရမှာမဟုတ်ပါဘူး။ ဒီလိုမျိုး အရည်အချင်းတွေကြောင့်ပဲ Ebony ဟာ သူနာပြုအဖြစ် ဘယ်နေရာမှာ ဘယ်အချိန်ပဲလျှောက်လျှောက် အမြဲတမ်း အလုပ်ခန့်ခံခဲ့ရတာချည်းပါပဲ။ ဒါကြောင့်လည်း သူမအနေနဲ့ သူနာပြုအလုပ်ကို အချိန်ပြည့်လုပ်ကိုင်နေရင်ဒ ၂၀၁၈ မှာတော့ travel blogger အနေနဲ့ စတင်ရပ်တည်နေနိုင်ခဲ့တာပါ။

READ
မွန်မြတ်တဲ့အလုပ်အတွက် အအိပ်ဆင်းရဲခံကြရတဲ့ လေးစားဖွယ်ဆရာဝန်များ
Instagram- @frontpage_eb
Instagram- @frontpage_eb

သူနာပြုလုပ်ရင်း ကမ္ဘာပတ်ဖို့အတွက် Ebony ရဲ့ အစီအစဉ်ကတော့ရှင်းရှင်းလေးပါပဲ။ အလုပ်ကို လပိုင်းလောက်ပဲကြာတဲ့ contract type ပုံစံမျိုးနဲ့ကိုမှ တစ်နိုင်ငံပြီးတစ်နိုင်ငံ၊ တစ်မြို့ပြီးတစ်မြို့ရဲ့ လိုအပ်တဲ့ ဆေးရုံတွေမှာ အလုပ်လျှောက်မယ်။ ဒီအတွက် အလုပ်ခေါ်စာတွေကိုတော့ အဆက်မပြတ်ကြည့်နေဖို့လိုအပ်တာပေါ့။ ဒီလိုလုပ်ရင်းနဲ့မှ ရောက်လေရာနေရာတိုင်းမှာ သူနာပြုအဖြစ် အလုပ်ချိန်အတွင်း အလုပ်လုပ်ရင်း ဂျူတီချိန်မရှိတဲ့အချိန်တွေမှာ လက်လှမ်းမှီသလောက် အဲဒီနိုင်ငံအတွင်းက နေရာတွေကို ခရီးထွက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအပြင် လုပ်ဖော်ကိုင်ဖက်တွေ ခွင့်ယူတဲ့အခါမျိုးတွေမှာလည်း အပိုဝင်ငွေရအောင် အစားထိုးအချိန်ပိုဝင်လုပ်ပေးခဲ့တဲ့အပြင် ဆေးပညာနဲ့ပတ်သက်တဲ့ဗဟုသုတွေကိုလည်း နေရာတိုင်းမှာ ရသလောက် သင်ယူနေရင်း ဝမ်းစာဖြည့်နေပါတယ်လို့ ပြောခဲ့ပါေးတယ်။ ကောင်းလိုက်တဲ့စိတ်ကူးပဲနော်။

https://www.instagram.com/p/ByFtHc1JktC/

Instagram- @frontpage_eb

ဝင်ငွေကတော့ Ebony အတွက် သူနာပြုဆရာမရတဲ့ လစာနဲ့ travel blogger လုပ်နေတဲ့အတွက် အဲဒီဖက်ကဝင်တဲ့ ကြော်ငြာခမျိုးတွေလည်း ထပ်ဝင်နေသေးတဲ့အတွက် နေထိုင်စားသောက်သွားလာစရိတ်တွေကို ကာမိတဲ့အပြင် အသုံးစရိတ်တွေပါ အပိုထွက်ပါသေးတယ်တဲ့။ ဒီအပြင် သူမ ခရီးသွားတဲ့အခါ တစ်ယောက်တည်းဖြစ်တဲ့အတွက် နာမည်ကျော် solo travel blogger လည်း ဖြစ်ပါတယ်။ အခု ဒီရောဂါကြီးမဖြစ်ခင်ကတောင် Ebony ဟာ အမျိုးသမီးများ အန္တရာယ်ကင်းစွာနဲ့ တစ်ယောက်လည်းကမ္ဘာဘယ်လိုပတ်မလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။

READ
ကိုယ်အင်္ဂါမသန်စွမ်းပေမယ့် စိတ်ဓာတ်သန်စွမ်းကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား

ကျွန်တော်တို့လည်း travel blogger သူနာပြုမလေး Ebony လို ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုလည်း လုပ်ရင်း ကမ္ဘာပတ်ဖို့ကို စဉ်းစားကြရအောင်လား။

https://www.instagram.com/p/B3r9puOpZxt/

Penny

 

SHARE