ပိုပြီးကောင်းမွန်တဲ့လူနေမှုဝန်းကျင်ဖြစ်ဖို့ လူသားတွေဟာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်မယ့် နည်းလမ်းတွေကို တဆင့်ခြင်းရှာဖွေလာကြပါတယ်။ ဥပမာဆိုရရင် အိန္ဒိယက မီးရထားအရာရှိတစ်ဦးဟာ မြေကြီးထဲထည့်စိုက်ရင် ပင်စိမ်းပေါက်လာမယ့် မင်္ဂင်္လာဆောင်ဖိတ်စာလေးတွေကို လိုက်လံဝေမျှခဲ့တယ်လို့ storypick သတင်းအရ သိရပါတယ်။
Top Bureaucrat @ShashiAchiever an Indian Railway Traffic Service (IRTS) Officer of 2018 batch Going Eco Friendly wedding cards for his marriage.@cpcybd Sri VC Sajjanar, IPS amazed by the initiative appreciated the thought process of the young bureaucrathttps://t.co/yDt21mkQJU pic.twitter.com/izDLHqWITM
— Cyberabad Police (@cyberabadpolice) November 22, 2020
အဆိုပါ အရာရှိနာမည်ကတော့ Shashikanth Korravath ဆိုသူပါ။ Korravath က မကြာခင် လက်ထပ်တော့မှာပါ။ ဧည့်သည်တွေကိုဖိတ်ကြားဖို့အတွက် ဖိတ်စာကိုတော့ အပင်မျိုးစေ့တွေနဲ့ထုတ်လုပ်ထားတဲ့ မင်္ဂလာဆောင်ဖိတ်စာအသုံးပြုဖို့ သူက အကြံရပါတယ်။ အဲ့ဒီဖိတ်စာတွေကို အပိုင်းပိုင်းဖြဲပြီး မြေကြီးထဲထည့်စိုက်ပျိုးတဲ့အခါ မျိုးကွဲပန်းပင် ၃မျိုးရပါလိမ့်မယ်။ ဖိတ်စာကိုထည့်စိုက်ရင်တော့ ဟင်းသီးဟင်းရွက်ပင် အမျိုးအစား၃မျိုးထွက်လာပါလိမ့်မယ်။

Korravath က “စက္ကူတွေဆိုတာ စွန့်ပစ်လိုက်ရင် ပတ်ဝန်းကျင်ကိုညစ်ညမ်းစေပါတယ်။ ကမ္ဘာကြီး စိမ်းလန်းမှုကိုပျက်စီးစေတယ်။ ဒါကြောင့် အခုက သဘာဝနဲ့လျော်ညီအောင် နေထိုင်ဖို့အချိန်ကောင်းပါပဲ။” လို့ ပြောပြပါတယ်။ အိမ်ထောင်ပြုခြင်းဟာ ဘဝသစ်တစ်ခုစတင်ခြင်းဖြစ်တာကြောင့် Korravath တို့စုံတွဲကတော့ သူတို့မင်္ဂလာပွဲမှာ တတ်နိုင်သလောက် ပလတ်စတစ်အသုံးကိုလျော့ချပြီး စိမ်းလန်းတဲ့အစပြုခြင်းဖြစ်ဖို့ ယုံကြည်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ShweMom