အိမ်ပိုင် မြေပိုင် ရှင်သူဌေးကြီး ဖြစ်လာတဲ့ Ed Sheeran

Image;IG/Ed Sheeran

အဆိုတော် Ed Sheeran ကတော့  ဂီ တ လောကမှာ အရမ်း အောင်မြင်တဲ့  အဆိုတော် တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေသူပါ။ချမ်းသာတဲ့ Ed Sheeran ကတော့ အခုဆိုရင် မြေ တွေ အိမ်တွေ လိုက်စုပြီး အိမ်ခြံ မြေ သူဌေး ကြီး  ဖြစ်လာခဲ့ပါပြီ။အခုဆိုရင် တော့ လန်ဒန်မှာ  မြေ၊အိမ်ရာ၊အ ဆောက်အအုံ တွေ အများကြီး စုမိ နေပါပြီ။အရင် ပိုင်ဆိုင်မှု (၂၂)ခု အပြင် နောက်ထပ် မြေ၊အိမ်ရာ၊အဆောက်အအုံ ငါးခု ထပ်ဝယ်ခဲ့ပါတယ်။

Imagel=;IG/Ed Sheeran

Ed မှာဆိုရင်တော့ အခုဆိုရင် Suffolk မှာရှိတဲ့ သူ့ရဲ့ အိမ်ကြီး အပါအ၀င် တိုက်ခန်း၊အိမ် နဲ့ မြေ စုစုပေါင်း (၂၇)ခု ၊  ပေါင် (၅၇)သန်းဖိုး အထိ ပိုင်ဆိုင်လာခဲ့ပါပြီ။အတွင်းလူတစ်ယောက်ရဲ့ ပြောစကားအရ ဆိုရင်တော့ Ed She eran  ဟာ အိမ်ခြံ မြေ မှာ ငွေ တွေ အများကြီး ရင်းနှီးမြှုပ် နှံ ထားတယ်လို့ ဆိုပါတယ်။Divide Tour ကနေ သူရလာတဲ့ ၀င်ငွေ တွေနဲ့ အခု ရင်းနှီးမြှုပ်နှံမှုနဲ့ ယှဉ်ရင်တော့ ဒါက ဘာမှ  မ ပြောပ လောက်ပါဘူး။

READ
အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ဖွင့်ဟပြောဆိုလာတဲ့ ဂျေနော်
Imagel=;IG/Ed Sheeran

Divide Tour ကနေ ပေါင် သန်း(၆၀၀) တောင်မှ ရခဲ့တာပါ။ရလာတဲ့ ပိုက်ဆံတွေ ကိုတော့ အိမ်ခြံ မြေ အတွက် အဓိက ထားပြီး ရင်းနှီးမြှုပ်နှံ နေပုံ ရပါတယ်။Maverick Properties က တစ်ဆင့် အိမ်တွေ အများကြီး ၀ယ်ယူထားပါတယ်။အဲ့ဒီကုမ္ပဏီ က တော့ Ed နဲ့ သူ့ မန်နေဂျာ Stuart Camp တို့ (၂၀၁၅)တုန်းက ထူထောင်ထားခဲ့တာပါ။ပြီးခဲ့တဲ့ (၄)နှစ် အတွင်းမှာတော့ အိမ်တွေ အများကြီး ၀ယ်ယူစု ဆောင်းခဲ့ပါတယ်။

Imagel=;IG/Ed Sheeran

  သူဝယ်ထားတဲ့ အထဲကမှ လန်ဒန်မှာရှိတဲ့  Covent Garden နဲ့  Battersea Dogs and Cats Home ရဲ့ ဘေးမှာရှိတဲ့ တိုက်ခန်းက တော့ ဈေးအကြီးဆုံးပါ။Ed ဟာ အရင်ကလည်း သူ့ဘေးမှာ ရှိတဲ့ အိမ်နီးချင်းတွေရဲ့ ဆူညံ သံတွေကို ရပ်တန့်နိုင်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့  ပေါင်(၄)သန်းဖိုး အိမ် တွေ ၀ယ်ပစ်ခဲ့ဖူးပါတယ်။လန်ဒန်က သူ့ရဲ့ ပေါင် (၁၉.၈) သန်း တန် အိမ်ကြီးဘေးမှာရှိနေတဲ့ အိမ်နှစ်လုံးကို ၀ယ်ယူခဲ့တာပါ။ ရှာသမျှ ပိုက်ဆံ တွေကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံ နေရုံ မကပဲ သူ့စားသောက်ဆိုင် ရဲ့ အပေါ်မှာ ရှိတဲ့ တိုက်ခန်း ကိုပါ ရှေ့ ရေးကို မျှော်တွေးပြီး ၀ယ်ယုခဲ့ပါတယ်။လန်ဒန်မှာ သူငှားစားထားတဲ့ အိမ်၊ခြံ၊မြေ အဆောက်အအုံတွေ အများကြီးရှိပါတယ်။

READ
အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ (၂၀၁၈) Fashion Magazine ပြက္ခဒိန်

Source:Thesun

 

SHARE