Ed Sheeran ကြောင့် ဒုက္ခရောက်နေကြောင်း ၀န်ခံခဲ့တဲ့ Ed Sheeran ရဲ့ တက်တူးဆရာ

Instagram/EdSheeren

တက်တူးထိုးတဲ့ အလုပ်ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ ခန္ဓာကိုယ်ပေါ်မှာ အနုပညာမြောက်စွာ ပန်းချီဆွဲ ရတဲ့ အလုပ်လို့လည်း ပြောလို့ရပါတယ်။ အမှားခံလို့ မရတဲ့ အလုပ်မျိုးပါ။ စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်ထိုးပေးလိုက်တဲ့ တက်တူးကြောင့် လူတစ်ဖက်သား ပျော်ရွှင်ကျေနပ်သွားတာ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဓာတ်ပုံတင်ပြီးပြတာကို ဘယ်တက်တူးဆရာမဆို သဘောကျမှာပါ။ ကိုယ့်ဖောက်သည်က ဆယ်လီတစ် ယောက်ဖြစ်နေရင် ပိုပြီးတောင် ဂုဏ်ယူဦးမှာပါ။ ဒါပေမယ့် Ed Sheeran ကို တက်တူးထိုး ပေးနေကျ တက်တူး ဆရာ Kevin Paul ကတော့ သဘောမကျနိုင်သလို Ed ကြောင့် ၀င်ငွေထိ ခိုက်ပြီး ဒုက္ခရောက် နေရကြောင်း The Mirror သတင်းစာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

 

 

 

Ed ဟာ တက်တူးကို ရူးသွပ်သူဖြစ်ပြီး သူ့ကိုယ်ပေါ်က တက်တူးအရုပ် (၄၀)လောက်ကို Kevin ထိုးပေးခဲ့တာပါ။ ခက်တာက Ed ရွေးချယ်တဲ့ အရုပ်တွေကိုပဲ တက်တူးဆရာ Kevin က ထိုးရတာပါ။ ပရိသတ်အများစုက Ed ရဲ့ တက်တူးတွေကို ခပ်ညံ့ညံ့ အပေါစားတက်တူးတွေဆိုပြီး မကြာခဏ လှောင်ပြောင်လေ့ ရှိပါတယ်။

READ
ငွေ၁ပေါင်တည်းနဲ့ဝယ်ခဲ့တဲ့အိမ်အစုတ်အပြတ်ကို(၁)နှစ်ကြာပြီးတွေ့မြင်ရစဉ်

“ ပရိသတ်တွေ ပြောတာလည်း မလွန်ပါဘူး။ သူ့တက်တူးတွေက ပုံမှမလာတာ။ ပြဿနာက သူရွေးပေးတဲ့ ပုံကို ကျွန်တော်က ထိုးပေးရတာလေ။ Ed က သူ့အတွက် အဓိပ္ပာယ်ရှိမယ်လို့ထင်တဲ့ စိတ်ကြိုက်ပုံတွေ ရွေးထိုးခိုင်း တာပါ။ သူကြိုက်တာ သူထိုးတာ ဘယ်သူ့မှ ဂရုမစိုက်ဘူးလည်း ပြောပါတယ်။ ခက်တာက လူတွေက သူ့ကို ဘာမှ မပြောပဲ တက်တူးဆရာ ညံ့လို့ဆိုပြီး ကျွန်တော့်ကိုပဲ ၀ိုင်းဆဲနေတာဗျ”

 

“ ဥပမာ ပြောရရင် Pingu the Penguin အရုပ်ဗျာ။ အဲ့အရုပ်ကို Ed ကိုကော၊ Harry Styles ကိုပါ ကျွန်တော် ထိုးပေးခဲ့တာ။ ကျွန်တော်က အဲ့အရုပ်က သိပ်မမိုက်ပါဘူးလို့ အကြံပေးခဲ့ပေမယ့် Ed ကော Harry ပါ သူတို့ ငယ်ငယ် က အရမ်းကြိုက်ခဲ့တဲ့ ကာတွန်းဇာတ်ကောင်၊ သူတို့ ကလေးဘ၀ရဲ့ အမှတ်တရလို့ ပြောပြီး ထိုးခိုင်း တာ” လို့ Kevin က ရင်ဖွင့်ခဲ့ပါတယ်။

READ
Ex ကို ပြန်ပေးဆွဲပြီး ပေါင်းသင်းဖို့ ကြိုးစားရင်း၊ အသစ်စက်စက် သတို့သားကို သတ်မိခဲ့သူ

 

Kevin ဟာ ဗြိတိန်မှာ လူသိများတဲ့ နာမည်ကျော် တက်တူးဆရာဖြစ်ပြီး Ed Sheeren ၊ Harry Styles ၊ Cara Delevingne နဲ့ Rihanna တို့လို ဆယ်လီဖောက်သည်တွေကို ပိုင်ဆိုင်ထားသူပါ။ လတ်တလောမှာတော့ Ed ရဲ့ တက်တူးတွေကြောင့် နာမည်ပျက်နေပြီး ဖောက်သည်တွေ နည်းလာတယ်လို့လည်း ၀န်ခံခဲ့ပါတယ်။

SHARE