ကိုယ်ပိုင် ဘီယာ ထုတ်တော့မယ့် Ed Sheeran

Ed Sheeran

Ed Sheeran ရဲ့ အချစ်သီချင်းချိုချို လေးတွေကတော့ ပရိသတ်တွေ ကြားမှာ အရမ်း နာမည်ကြီးပါတယ်။နာမည် ကြီး ကမ္ဘာ ကျော် အဆိုတော် တစ်ယောက် ပါ။ဂီတ လောက  နေ  လက်ရှိမှာ အနားယူထားတဲ့ Ed Sheeran က တော့ ကိုယ်ပိုင် ဘီယာ ထုတ်ဖို့  ကြိုးစားနေပါတယ်။သူ့ရဲ့ အရက်ဆိုင်  အတွက် ဘီယာကို ကိုယ်ပိုင် Brand  ဘီယာ တွေကို ထောက်ပံ့ ပေး သွားမှာပါ။သတင်းဖော်ပြ ချက် တွေ အရ ကတော့ Ed ဟာ လက်ရှိမှာတော့ ဘီယာ တွေကို  စမ်း သပ် နေတယ်လို့  the Mirror မှာ ဖော်ပြထားပါတယ်။

Ed ရဲ့ ပေါင် (၃.၇)သန်း တန်ဖိုးရှိတဲ့ Suffolk  ရဲ့ အိမ်ကြီးမှာ ကိုယ်ပိုင် အရက်ဆိုင် လေး တစ်ခု ရှိပါတယ်။ကိုယ်ပိုင် အရက် ဆိုင် လေးကိုတော့ (၂၀၁၇) တည်းက စ ပြီး ဖွင့်ထားခဲ့တာပါ။ဇနီးဖြစ်သူ Cherry နဲ့  ကတော့ (၂၀၁၈) ဇန်န၀ါရီက လက်ထပ်ခဲ့တာပါ။Ed  ကတော့ ဘီယာကို  ကြိုက်သလို၊သူ့ရဲ့ ဘီယာ နဲ့ craft beers တို့ ကို ဆိုရင် အရမ်း ကြိုက်ပါတယ်။ဘီယာ လုပ်တဲ့ ပစ္စည်းကိရိယာတွေ လည်း သူ့မှာရှိပြီး ကိုယ်ပိုင် ဘီယာ ဖန်တီးနေရ ရင် ကို ပျော် နေတတ်သူပါ။

READ
Song-Song စုံတွဲ Pre-wedding ရိုက်ကူးခဲ့တဲ့ နေရာ
Image:IG/Ed Sheeran

Ed ရဲ့ အရက် ဆိုင် ကတော့ အငြင်းပွားမှု တွေနဲ့ ရင်ဆိုင် ခဲ့ရဖူးပါတယ်။ ခွင့်ပြု ချက် တောင်းခံ ဖို့ အစီအစဉ် မရှိဘူး ဆိုတဲ့ သ င်္ကေတ ကြီးနှစ်ခု ကို ထောင်ထားခဲ့ပြီး နောက်မှာတော့  သူ့ရဲ့ ဒေသခံ ကောင်စီ တွေ နဲ့ အငြင်းပွားမှု တွေ ရှိခဲ့ပေမယ့် Ed က အနိုင်ရခဲ့ပါတယ်။ကျေးလက် နယ်မြေ မှာ လာဖွင့်ထားတဲ့ အရက် ဆိုင် Bar က ဒေသခံ အာဏာပိုင်တွေ အတွက် မျက်စိ စပါးမွှေးစူးစရာ ဖြစ်ခဲ့တာပါ။သူဝါသနာ ပါတဲ့ ဘီယာဘက်ကို လက် ရှိမှာ တော့  ဦး လှည့် နေ ပေမယ့် နာမည်ကြီး ဂီတ ကြယ်ပွင့်ဖြစ်တဲ့ Ed က တော့  သူ့ရဲ့ နောက်ဆုံး ထွက်ခဲ့တဲ့ အယ်ဘမ်ဟာ မနှစ် တုန်းက UK နဲ့ USA ရဲ့ Top Chart ရဲ့ ထိပ်ဆုံး နေရာမှာရှိ နေခဲ့ပါတယ်။

#SHWEMOM

SHARE