ဗြိတိန်ရဲ့ အသက် (၃၀)အောက် အချမ်းသာဆုံး Celebrity စာရင်းကတော့ ထွက်ပေါ် လာခဲ့ပါပြီ။Haet Maga zine ကနေ ထုတ်ပြန်ခဲ့တာပါ။ဒီနှစ် (၂၀၁၉)ခုနှစ် အတွက် ဗြိတိန်ရဲ့ အသက် (၃၀)အောက် အချမ်းသာဆုံး Celeb rity စာရင်းရဲ့ နံပါတ် တစ်နေရာမှာတော့ Ed Sheeran ရှိနေပါတယ်။နံပါတ်နှစ်နေရာမှာရှိနေတဲ့ အနုပညာရှင်ကို အပြတ်အသတ်နဲ့ ကျော်လွန်ပြီး နံပါတ် တစ်နေရာကို ရခဲ့ပါတယ်။Ed Sheeran ကတော့ ပိုင်ဆိုင်မှုကတော့ (၂၀၁၇)တုန်းက (£94)သန်းရှိခဲ့ရာကနေ (၂၀၁၉)မှာတော့ သန်း(£170)အထိ ချမ်းသာကြွယ်ဝလာခဲ့တာပါ။
မနှစ်တုန်းကတော့ နံပါတ်နှစ်နေရာမှာရှိခဲ့တာပါ။မနှစ်ကစာရင်းရဲ့ နံပါတ်တစ်ကတော့ Adele ပါ။ Sheeran ရဲ့ ချမ်းသာကြွယ်ဝမှုတွေ တဟုန်ထိုး မြင့်တတက်လာရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ကမ္ဘာလှည့်ခရီးစဉ် ဖျော်ဖြေပွဲ Divide Tour ကြောင့်ပါ။မတ် (၂၀၁၇) ကစပြီး Divide Tour ကို နှစ်နှစ်ကြာ ပြုလုပ်ခဲ့တာပါ။Show ပေါင်း (၂၅၀) ကျော်နဲ့ ပရိသတ် (၇)သန်းကျော်ကို ဖျော်ဖြေပေးခဲ့တာပါ။ဗြိတိန်ရဲ့ အသက် (၃၀)အောက် အချမ်းသာဆုံး ဆယ်လီစာရင်းရဲ့ Top 10 နေရာမှာ ရပ်တည်ခဲ့ကြသူတွေကတော့…………
1.Ed Sheeran (£170 million )

2.Daniel Radcliffe( £90 million )

ဟယ်ရီပေါ်တာ မင်းသားချော Daniel Radcliffe ကတော့ နံပါတ်နှစ်နေရာမှာ ရပ်တည် ခဲ့ပါတယ်။
3.Harry Styles (£64 million)
အသက် (၂၅)နှစ်အရွယ် Harry Styles က တော့ နံပါတ်(၃)နေရာမှာရပ်တည်ခဲ့ပါတယ်။တစ်ကိုယ်တော် Solo Career ကို ရွေးချယ်ပြီးနောက်ပိုင်း ၀င်ငွေ ပါ သိသိသာသာမြင့် တက်သွားခဲ့တာပါ။2017/2018 world tour မှာ (£12 million) ရခဲ့ပါတယ်။Gucci Ambassador အဖြစ် စာချုပ်ချုပ်ဆိုခဲ့ပြီး အဲ့ဒီကနေ ၀င်ငွေ (£8 )သန်းရခဲ့ပါတယ်။
4.Emma Watson (£57 million)

အသက်(၂၉)နှစ်အရွယ် မင်းသမီးချော Emma Watson ကတော့ နံပါတ် လေးနေရာမှာ ရှိနေခဲ့ပါတယ်။
5.Niall Horan (£54.8 million)
One Direction အဖွဲ့ဝင်ဟောင်း အသက် (၂၆)နှစ်အရွယ် Niall Horan က တော့ နံပါ (၅)နေရာမှာရှိနေခဲ့ပါတယ်။
6.Little Mix (£50 million)

Little Mix အဖွဲ့က တော့ နံပါတ် (၆)နေရာရှိနေခဲ့ပါတယ်။
7.Louis Tomlinson (£46 million)

အသက်(၂၇)နှစ်အရွယ် One Direction အဖွဲ့ဝင်ဟောင်း Louis Tomlinson က တော့ နံပါတ် (၇)နေရာမှာရှိနေခဲ့ပါတယ်။
8.Liam Payne (£44 million)

အသက်(၂၆)နှစ်အရွယ် One Direction အဖွဲ့ဝင်ဟောင်း Liam Payne က တော့ နံပါတ် (၈)နေရာမှာရပ်တည်ခဲ့ပါတယ်။
9.Cara Delevingne (£39.5 million)
အသက် (၂၇)နှစ်အရွယ် Supermodel ၊မင်းသမီးချော Cara Delevingne က တော့ နံပါတ် (၉)နေရာမှာ ရပ်တည်ခဲ့ပါတယ်။
10.Zayn Malik (£38 million)
View this post on Instagram
One Direction အဖွဲ့ဝင်ဟောင်း အသက်(၂၆)နှစ်အရွယ် အဆိုတော် Zayn Malik ကနော့ နံပါတ် (၁၀)နေရာမှာရပ်တည်ခဲ့ပါတယ်။
Source: msn