ပင့်ကူလူသားလို ဝတ်ပြီး ရုပ်ဖျက်ကာ ရှိုးပွဲတွေ သွားကြည့်လေ့ရှိတဲ့ Ed Sheeran

ed sheeren instagram/SonyPictures

သိပ်မကြာခင်ကမှ သူ့ရဲ့ လေးခုမြောက် စတူဒီယိုအယ်လ်ဘန်ဖြစ်တဲ့ No.6 Collaborations Project ကို ထုတ်ထားတဲ့  Ed Sheeran ဟာ ပင့်ကူလူသားဝတ်စုံ ဝတ်ဆင်ပြီး ရှိုးပွဲတွေ သွားကြည့်လေ့ရှိကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။။ဒီလိုမှ ရုပ်မဖျက်ထားရင် သူရှိနေတဲ့ နေရာကို သူ့ရဲ့ ပရိသတ်တွေဟာ တခဏအတွင်း ဝိုင်းအုံရောက်ရှိလာတတ်ပြီး ဓာတ်ပုံရိုက်တာတို့၊ အော်တိုထိုးခိုင်းတာတို့ကြောင့် အနှောင့်အယှက်မဖြစ်စေဖို့ ဒီလိုဝတ်ဆင်ထားရတာပါတဲ့။ 

Ed Sheeran ဒီလိုဝတ်ဆင်ပြီး သွားလာတတ်တဲ့ အကြောင်းကို ဖွင့်ဟပြောဆိုလာသူကတော့ ဗြိတိန် ရက်ပါတစ်ယောက်ဖြစ်တဲ့ Aitch ပဲဖြစ်ပါတယ်။ Aitch ဟာ Ed Sheeran နဲ့ ရင်းနှီးသူတစ်ယောက်လည်းဖြစ်ပါတယ်။

Aitch/Twitter

Aitch နဲ့ ရေဒီယိုအင်တာဗျုးတစ်ခုမှာ အင်တာဗျုးမေးသူက “ခင်ဗျား လူတွေကြားထဲမှာ အသွင်ယူပြီး သွားဖူးသလားလို့ မေးမြန်းခဲ့ရာမှာ Aitch က “ကျနော်တော့ အဲဒီလိုတစ်ခါမှ မလုပ်ဖူးဘူးဗျ၊ ဒါပေမယ့် Ed Sheeran က အဲဒီလိုတွေ အမြဲတမ်း ရုပ်ဖျက်ပြီး သွားလာတတ်တယ်ဗျ”လို့ ပြောဆိုခဲ့ပါတယ်။

“Ed Sheeran က တခြားသူတွေရဲ့ ရှိုးပွဲတွေ သွားကြည့်ချင်တယ်ဆိုရင် ပင့်ကူလူသားဝတ်စုံကို အမြဲဝတ်ပြီး သွားကြည့်တတ်တယ်။ ဒီလိုဝတ်ဆင်ထားမှသာ သူ့ကို လူမသိကြမှာကိုး”လို့ ဆိုပါတယ်။

Take Me Back To London/YouTube

Aitch ကပဲ Ed Sheeran ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်လည်ဖောက်သည်ချ ပြောဆိုခဲ့ပါသေးတယ်။ “Ed Sheeran က သူ့ရှိုးပွဲလုပ်တော့ဗျာ ရှိုးမစခင်မှာ ဒီလိုပဲ ပင့်ကူလူသားဝတ်စုံကြီးဝတ်ပြီး လူတွေကြားထဲ သွားတယ်။ အဲဒီတော့ သူ့ကို Ed Sheeran  မှန်း လူမသိတော့ဘူးပေါ့။ သူ့ကို လူနှစ်ယောက်ကတောင် ခပ်ဝေးဝေးသွားစမ်းဆိုပြီးတော့တောင် မောင်းထုတ်လိုက်သေးတယ်။ အဲဒီလူနှစ်ယောက် ဝတ်လာတဲ့ တီရှပ်မှာလည်း Ed Sheeran ဆိုပြီး ရေးထားတဲ့ သူ့ ပရိတ်သတ်တွေပါ”တဲ့။

တကယ်လို့ Ed Sheeran ရှိုးပွဲတွေ သွားကြည့်ဖြစ်ရင် ပွဲခင်းထဲမှာ ပင့်ကူလူသားဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်များ ဖြစ်ခဲ့ရင် ရုပ်ဖျက်ထားတဲ့ Ed Sheeran များဖြစ်နေမလားဆိုပြီး ရင်ခုန်လို့ရပါပြီ။

Ye Yint Kyaw

SHARE