အိုင်ယာလန် ပြိုင်ကားကြယ်ပွင့်ရဲ့ ရှားပါး Ferrari ခိုးယူခံရမှုဖြစ်ပွား….

အိုင်ယာလန် မြောက်ပိုင်းက F1 ပြိုင်ကား စတားတစ်ယောက်ဖြစ်တဲ့ Eddie Irvine ရဲ့ ရှားပါး Ferrari ကားဟာ (၁၃.၅.၂၀၁၉)ရက်နေ့က ခိုးခံရတယ်လို့ သိရပါတယ်။

ယူရိုငွေ ၂ သန်းနီးပါ တန်ဖိုးရှိတဲ့ ၁၉၈၅ ခုနှစ်ထုတ် Ferrari 288 GTO ကို ခြေရာခံလိုက်ဖို့ ဂျာမန်ရဲတွေကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ Dusseldorf ရဲဌာနက အရာရှိရဲ့ အဆိုအရ ကားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့(၁၃.၅.၂၀၁၉)မှာ စမ်းသပ်မောင်းနှင်းမှုပြုနေစဉ်အတွင်း ယူဆောင်သွားခံရတယ်လို့ သိရပါတယ်။

ကားရောင်းသူနဲ့ လူတစ်ယောက်ဟာ Taxi နဲ့ရောက်လာခဲ့တယ်။ နောက် နှစ်နာရီအကြားမှာ စမ်းသပ်မာင်းနှင်ခဲ့ကြပြီး အရောင်းကိုယ်စားလှယ်က ဆင်းသွားတဲ့အချိန်မှာ ၀ယ်ဖို့လာတဲ့သူက အရှိန်တင်မောင်းပြီး  ခိုးယူသွားကြတယ်လို့ ရဲတွေက ပြောဆိုနေကြပါတယ်။ အင်္ဂါနေ့ညနေမှာတော့ Dusseldorf City Centre နဲ့ သိပ်မဝေတဲ့ Grevenbroich မြို့က ဂိုဒေါင်တစ်ခုထဲမှာ  ဖွက်ထားတာကို ပြန်လည်ရှာတွေခဲ့ပြီး ခိုးယူသွားတဲ့သူတွေကိုတော့ ဘယ်မှာမှ မတွေ့ရပါဘူး။

READ
နာမည်အရှေ့မှာ ဒေါက်တာတပ်မခေါ်လို့ လေကြောင်းလိုင်းကို ပြဿနာရှာနေတဲ့ ဒေါက်တာမမ

ရောင်းဝယ်ရေး ၀က်ဘ်ဆိုက်ကဖော်ပြထားပုံကတော့ ဒီကားဟာ Ferrari ပြိုင်ကားသမား Irvine ပိုင်ဆိုင်တာဖြစ်ပြီး  မိုင်ပေါင်း ၂၇၀၀၀ နီးပါ မောင်းနှင်ထားကြောင်း၊ ကားအစီးအရေအတွက်ဟာလည်း ၂၇၂ စီးသာ ထုတ်လုပ်ထားကြောင်း သိရပါတယ်။

BBC

ခိုးယူသွားတဲ့သူ လွန်ခဲ့ ရက်သတ္တပတ်တွေကတည်း ကားလဲလှယ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုတွေ၊ အီးမေးလ်တွေနဲ့ ရောင်းဝယ်ရေးကုမ္ပဏီကို ဆက်သွယ်ခဲ့ကြောင်းသိရပါတယ်။

အခုကားဟာ သိပ်ကို ထင်ပေါ်ပြီး၊ စုဆောင်းမှုတွေထဲက တစ်စီးဖြစ်လို့ လာရောင်းရင်လည်း ခိုးယူထားတာမှန်း သိပ်သိသာတဲ့အတွက် ဈေးကွက်ပေါ်တင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်းက သတင်းစာတွေကို ပြောပြထားတာလည်းတွေ့ရပါတယ်။ လူအချို့ကတော့ ခိုးယူသွားတဲ့လူကို ပြိုင်ကားအစမ်း မောင်းခွင့်ပေးခဲ့တဲ့ အရောင်းကိုယ်စားလှယ်ကို အပြစ်တင်နေပြီး အခြားပြိုင်ကားတွေ ရှိသေးရင် အစမ်းမောင်းကြည့်ချင်ကြောင်း လှောင်ပြောင်ခဲ့ကြပါတယ်။

Ref: independent.ie, BBC

Matthew (ShweMOM)
SHARE