ဇနီး(၄)ယောက်နဲ့ ရခဲ့တဲ့ သားသမီးအကုန်လုံးနဲ့အတူ မိသားစုဓာတ်ပုံ တွဲရိုက်ခဲ့သူ

Eddie Murphy ဟာ ဘ၀မှာ ပထမဆုံးအနေနဲ့  သူရဲ့ သားသမီး (၁၀) ယောက်လုံးနဲ့ အတူ မိသားစုဓာတ်ပုံကို ရိုက်ကူးခဲ့ပါတယ်။

ဒီပုံကိုတော့ ခရစ်စမတ်တုန်းက ရိုက်ကူးခဲ့ကြတာဖြစ်ပြီး ပထမဆုံး မိသားစု ဓာတ်ပုံဖြစ်ကြောင်း သိရပါတယ်။ Eddie ဟာ အခုဆို အသက် (၅၃) နှစ်အရွယ်ရှိပြီး ဖြစ်ပါတယ်။ သူ သားသမီးတွေရဲ့ အသက်တွေဟာဆိုရင်လည်း (၃) ပတ်အရွယ်ကနေစပြီး အသက် (၃၀) ကြား အရွယ်တွေဖြစ်ပြီး ခရစ်စမတ်ကို တစ်စုတစ်စည်းတည်း ဆင်နွှဲခဲ့ကြပါတယ်။

Bria Murphy/Instagram

ဓာတ်ပုံမှာ Eddie နဲ့ လက်ရှိ ဇနီး Paige Butcher တို့ဟာ သူတို့နှစ်ယောက်ရတဲ့ မွေးကာစ Max ရယ်၊ သူ့ရဲ့အစ်မဖြစ်သူ Izzy ရယ်ကို ချီထားပြီး သွေးသားတစ်ဝက် တော်စပ်တဲ့ အစ်ကိုတွေ အစ်မတွေဖြစ်တဲ့ Eric, Christian, Myles, Shayne, Zola, Bell, Angel တို့က သူတို့ရဲ့ နာမည်ကျော် ဖေဖေကို ခြံရံထားကြပါတယ်။ အရှေ့မှာတော့ ၀မ်းသာအားရဖြစ်ဟန်ရှိတဲ့ Eddie မိခင်ကြီး Lillian Murphy နဲ့ အတူ Paige မိခင် ဖက်ရှင် ဒီဇိုင်နာ လည်းပါဝင်ပါတယ်။

READ
မင်းသားတွေရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရဖူးတဲ့ “ရင်ဘတ်ထဲက ဓား”
FilmMagic

Eddie နဲ့ Paige တို့ဟာ ခြောက်နှစ်တာ အတူနေလာခဲ့ကြပြီး ဒီနှစ် အစောပိုင်းမှာ စေ့စပ်ခဲ့ကြပါတယ်။ သိပ်မကြာပါဘူး သူတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးရှိနေပြီးဆို သိခဲ့ကြတယ်။ အကြီးတွေဖြစ်တဲ့ Bella (၁၆)၊ Zola (၁၉)၊ Shayne (၂၄)၊  Miles (၂၆) နဲ့ Bria (၁၉) နှစ်တို့က (၂၀၀၆) ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ Nicole Murphy နဲ့ ရတဲ့ သားသမီးတွေပါ။

နောက် အသက်အကြီးဆုံးဖြစ်တဲ့ Eric (၃၀) ဆိုတဲ့ သားက Paulette McNeely နဲ့ရခဲ့တာဖြစ်ပြီး၊ နောက်သားတစ်ယောက်ဖြစ်တဲ့ Christian (၂၉) ကတော့ Tamara Johnson နဲ့ရတာဖြစ်ပါတယ်။

READ
ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ Deepika Padukone နဲ့ Ranveer Singh

ဒါ Eddie အတွက်တော့ သားသမီးအားလုံးနဲ့ ပထမဆုံး ရိုက်ကူးဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ရုံတင်မဟုတ်ဘဲ Spice Girl အဖွဲ့ဝင် Mel နဲ့ ရခဲ့တဲ့ သမီး Angel (၁၁) နှစ်ကိုလည်း ပထမဆုံး လူသိရှင်ကြား ထုတ်ပြခဲ့တာလည်းဖြစ်နေပါတယ်။

Eddie ဟာ လက်တွေ့ကျတဲ့ ဖခင်တစ်ယောက်ဖြစ်လည်း ဖော်ပြခြင်း ခံခဲ့ရတာတွေရှိသလို သားသမီးတွေကို မိခင်ကြီး Lillian နဲ့အတူ စနစ်တကျ အုပ်ထိန်းလျက်ရှိနေပါတယ်။

Ref: Metro , Eonline

Matthew (ShweMOM)
SHARE