ပထမပိုင်းအပြီးမှာဒီမာရီယာနဲ့အင်္ကျီချင်းလဲခဲ့တဲ့ဟာဇက်ကို ချယ်လ်ဆီးပရိတ်သတ်များဒေါသထွက်

ပထမပိုင်းအပြီးမှာ ဒီမာရီယာနဲ့ အင်္ကျီလဲခဲ့တဲ့ ဟာဇက်ကို ချယ်လ်ဆီးပရိတ်သက်တွေက ဒေါသအပြင်းအထန်
ပေါက်ကွဲနေကြတယ်လို့ သိရပါတယ်။ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့
ရပေမယ့် နှစ်ကျော့ပေါင်းရလာဒ် 4-2 နဲ့ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

တစ်ပတ်လျှင် ပေါင် 2 သိန်းအထိ လုပ်ခရရှိနေတဲ့ ဟာဇတ်ရဲ့ အပြုအမူကို ပရိတ်သက်တွေက လက်မခံနိုင်ဘဲ
ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှုလည်း အလွန်နည်းပါးခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး
လက်ရှိ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဟစ်ဒင့်ကတော့ ကစားသမားဘက်က အကာအကွယ်ပေးခဲ့ပါတယ်။
ဟစ်ဒင့်က “ ပရိတ်သက်ကြီး တွေးထင်ရာကို တွေးပြီး ပေါက်ကွဲခွင့် ရှိပါတယ် … လူတိုင်း ကိုယ့်ခံစားချက်ကို
ဖော်ပြခွင့်ရှိပါတယ် … ဒါပေမယ့် ဟာဇက်မှာ တင်ပါးနဲ့ပတ်သက်တဲ့ ဒဏ်ရာပြဿနာတစ်ချို့လည်း ရှိနေတော့
ခြေစွမ်းမပြနိုင်တာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

READ
ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် ရီးယဲလ်ကိုကျော်ဖြတ်ပြီး မန်ယူအသင်းထိပ်ဆုံးမှရပ်တည်

 

အဲဒီပွဲပြီးဖို့ 13 မိနစ် အလိုမှာ ဟာဇက်ဟာ နည်းပြဖြစ်သူက နည်းစနစ်ပိုင်းဆိုင်ရာပြောဖို့ ခေါ်တာကိုတောင်
တုန့်ပြန်မှုမပြုခဲ့ဘူးလို့လည်း သိရပါတယ်။ ဟစ်ဒင့်က ဆက်လက်ပြီး “ ကျွန်တော် ဒါကို မသိလိုက်ပါဘူးလို့
မပြောလိုပါဘူး … မြင်လိုက်ပါတယ်လို့ ပြောဖို့လည်း အတော်လေး လွယ်ကူတဲ့ ကိစ္စပါ …ဟုတ်ပါတယ် …
ဒီလို မဖြစ်သင့်ပါဘူး … ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာလည်း ဒီလို ပထမပိုင်း ကစားပြီး အင်္ကျီလဲတဲ့ဓလေ့
ရှိပါတယ် ”လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အသင်းရဲ့ လစာအများဆုံးကစားသမား
တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဟာဇက်ရဲ့ အပြုအမူဟာ တကယ်လည်း ပြိုင်ပွဲအပေါ် အာရုံစူးစိုက်
မှုနည်းရာ ရောက်ပြီး၊ ပြိုင်ပွဲမှ ထွက်ခဲ့ရလို့စိတ်ပျက်နေတဲ့ ပရိတ်သက်တွေအတွက်တော့ မလုပ်သင့်တာကို
လုပ်ခဲ့တယ်လို့ ဆိုရမှာပါ။

READ
၂၉-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

SHWEMOM

Source: thesun

SHARE