ပိုးဟပ်တို့ အိမ်မြှောင်တို့လို အိမ်တွင်းမှာနေထိုင်ကြတဲ့ သတ္တဝါတွေကို ကိုယ်စားသောက်မယ့် အစားအသောက်ပေါ်မှာတွေ့ရရင် မသတီစရာဖြစ်ပါတယ်။ ဒါပေမဲ့ The Slice Ipoh Homebaker အမည်ရတဲ့ဖေ့စ်ဘုတ်အကောင့်ကတော့ ဒီလိုမျိုးတမင်ဖြစ်အောင်လို့ကို ဖန်တီးခဲ့တာပါ။
ဖေ့စ်ဘုတ်ပေ့ခ်ျပေါ်က ပို့စ်တစ်ခုမှာတော့ The Slice Ipoh Homebaker ဟာ ရွှံ့တွေထူထပ်နေသလိုပုံစံနဲ့ မီးခိုးရောင်ကိတ်မုန့်ပေါ်မှာ အိမ်မြှောင်တွေတက်နေသလိုမျိုး ဖန်တီးထားပါတယ်။ ဒီပို့စ်ဟာ အွန်လိုင်းအသုံးပြုသူတွေကြား လျင်မြန်စွာပြန့်နှံ့သွားခဲ့ပြီး လူပေါင်း တစ်သောင်းနှစ်ထောင်လောက်က ပို့စ်ကိုမျှဝေခဲ့ကြပါတယ်။
Creepy little lizards for your birthday
Posted by The Slice Ipoh Homebaker on Friday, 11 December 2020
ဒါ့အပြင် ကြည့်ရင်းနဲ့ ခန္ဓာကိုယ်တောင် ယားကျိကျိဖြစ်လာမယ့် နောက်ထပ် ကိတ်မုန့်ဓာတ်ပုံတွေကိုလည်း အခုလိုတွေ့ရပါသေးတယ်။ ဓာတ်ပုံတစ်ပုံမှာတော့ အစစ်နဲ့မခြား ဖန်တီးထားတဲ့ ပိုးဟပ်တွေတက်နေတဲ့ကိတ်မုန့်ကို တွေ့မြင်ရသလို နောက်ထပ်တစ်ခုမှာတော့ အန်ချင်စရာဖြစ်လောက်အောင် တွေ့မြင်ရတဲ့ အိမ်မြှောင်နဲ့ ပေါက်ဖတ်တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
Loving someone is to scare them with their own birthday cake on their special day
Ps: Cockcroaches used are fully edible…..
Posted by The Slice Ipoh Homebaker on Friday, 27 November 2020
Posted by The Slice Ipoh Homebaker on Tuesday, 15 December 2020
The Slice Ipoh Homebaker ဟာ အိမ်မြှောင်တွေ ပိုးဟပ်တွေနဲ့ ကိတ်မုန့်တွေကို ထူးထူးခြားခြားဖန်တီးထားရုံတင်မကပါဘူး။ လက်ကိုင်အိတ်ပုံစံ၊ အသဲပုံစံ၊ နာမည်ကျော်ကားပုံစံတွေနဲ့ အဆောက်အဦးပုံစံတွေကိုပါ ကိတ်အဖြစ်ပြောင်းလဲဖန်တီးနိုင်တာကိုလည်း asiaone က တဆင့် အံ့သြစရာတွေ့မြင်ရမှာဖြစ်ပါတယ်။
Handbag for the ladies❤
Posted by The Slice Ipoh Homebaker on Monday, 16 November 2020
Here’s a entire office building just for your birthday!🎁
Posted by The Slice Ipoh Homebaker on Monday, 14 December 2020
❤ in a literal way🙊
Posted by The Slice Ipoh Homebaker on Thursday, 19 November 2020
ShweMom