(၅) မိနစ်အတွင်း စာလုံးရေ (၁) သိန်းဖတ်နိုင်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ သင်တန်းကျောင်း

miaopai

ဘေကျင်းမှာရှိတဲ့ သင်တန်းကျောင်းတစ်ကျောင်းက (၅) မိနစ်အတွင်း ကလေးတွေကို စာလုံးရေ (၁) သိန်းဖတ်နိုင်တဲ့ စာဖတ်နည်းကို သင်ကြားပေးနေကြောင်း ကြော်ငြာခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းဟာ စာကို အမြန်ဆုံးနည်းနဲ့ ဖတ်နိုင်မှတ်သားနိုင်တဲ့ ကွမ်တမ်နည်းတော့ မဟုတ်ဘူးလို့ အဆိုပါသင်တန်းကျောင်းက ငြင်းဆိုခဲ့ကြောင်း sixthtone သတင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဗီဒီယိုတစ်ခု ထွက်လာခဲ့ပါတယ်။ ၄င်းဗီဒီယိုထဲမှာတော့ ကလေးတွေက စာအမြန်ဖတ်ပြိုင်ပွဲအတွင်း စာအုပ်ပါ စာမျက်နှာတွေကို မြန်မြန်ဆန်ဆန် လှန်ဖတ်ခဲ့ပြတာ ဖြစ်ပါတယ်။ သင်တန်းကျောင်းအရတော့ သင်တန်းက သင်ပေးတဲ့ စာဖတ်နည်းကို ယူမီကို တိုဘီတာနီ ဆိုသူ စာရေးဆရာမဆီက နည်းယူထားတာ ဖြစ်ကြောင်း ဆိုပါတယ်။ ယူမီကိုဟာ ကွမ်တမ် စာအမြန်ဖတ်နည်းအကြောင်း စာအုပ်ရေးသားခဲ့တဲ့ ဂျပန်လူမျိုး ပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

READ
ရုတ်တရက်ပျောက်သွားပြီး(၃)နှစ်ကြာမှာ ပြန်ပေါ်လာတဲ့ အလှဘုရင်မကြီး
weibo/miaopai

၎င်းသင်တန်းကျောင်းကို Beijing Xinzhitong Qiguang Education Technology Co.Ltd., အမည်ရတဲ့ ကုမ္ပဏီက ဖွင့်ထားတာ ဖြစ်ပါတယ်။ သင်တန်းက အိုက်အမည်ရတဲ့ ၀န်ထမ်းကတော့ သင်တန်းဟာ ကွမ်တမ်အမြန်စာဖတ်နည်းနဲ့ပတ်သက်ပြီးတော့ သင်ကြားပေးတာမဟုတ်ဘူးလို့ ပြောပြခဲ့ပါတယ်။ သင်တန်းမှာတော့ သာမန်အမြန်စာဖတ်တဲ့ သင်ခန်းစာတွေသာရှိပြီး ကျောင်းသားတွေဟာ (၅) စက္ကန့်အတွင်း စာတစ်မျက်နှာကို ဖတ်နိုင်ဖို့သာ သင်ကြားပေးနေကြောင်း သိရပါတယ်။ သင်တန်းကျောင်းက စာအမြန်ဖတ်နည်း ဗီဒီယိုဖိုင်ကိုတော့ ဒီနေရာကနေတဆင့် ၀င်ကြည့်နိုင်ပါတယ်။

weibo/miaopai

သင်တန်းဟာ (၅) မိနစ်အတွင်း စာလုံးပေါင်း(၁) သိန်းဖတ်နိုင်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူစိတ်ဝင်စားမှု အများအပြားရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုရှယ်မီဒီယာ အသုံးပြုသူလူတွေကတော့ ဒီကြေညာချက်က သင်တန်းဟာ ကလေးတွေကို စာအရမ်းတတ်စေချင်တဲ့ မိဘတွေကို လိမ်ညာပြီး ငွေရယူလိုတာကြောင့်လို့ ပြောနေကြပါတယ်။ စာအုပ်တစ်အုပ်လုံးကို မိနစ်ပိုင်းလေးနဲ့ လှန်ပြီးကြည့်တာဟာ စာအမြန်ဖတ်နိုင်တဲ့နည်း မှတ်နိုင်တဲ့နည်းမဟုတ်ဘူးလို့လည်း လူတော်တော်များများက အငြင်းပွားနေကြကြောင်းလည်း သိရပါတယ်။

READ
ရဲရဟတ်ယာဉ်ကို လေဆာမီးနဲ့ လှမ်းထိုးလို့ ထောင်ဒဏ်ချခံလိုက်ရသူတစ်ဦး

လင်းလင်း (ShweMom)

SHARE