ပညာရေးအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ အာရှ ဇာတ်ကား (၆)ကား

ဇာတ်ကားကောင်းတွေကို Shwemom စာဖတ်သူတွေ အတွက် အပတ်စဉ် ရွေးချယ် ဖော်ပြ ပေးနေပါတယ်။ ဒီတစ်ခါ မှာတော့ ပညာရေး နဲ့ ပတ်သက်တဲ့ အြေ ကာင်း အရာတွေ ပါဝင်တဲ့ ၊မျက်မှောက်ခေတ်ပညာရေးကို မီးမောင်း ထိုးပြ ထားတဲ့ ဇာတ်ကား ကောင်းလေးတွေကို ညွန်းပေးချင်ပါတယ်။ဇာတ်ကားတစ်ကားချင်းစီက ပေးတဲ့ ခံစား ချက် အရသာ တွေ ကတော့ မတူပါဘူး။လက်လှမ်းမီသလောက် ဖော်ပြပေးတာမို့ တခြားဇာတ်ကားကောင်းတွေ ရှိခဲ့ရင်လည်း အချင်း ချင်း ဝေမျှ ပေးခဲ့အုံးနော်…………

(1)Bad Genius

အခုထိ ကြည့်ဖူးသမျှ ထိုင်းဇာတ်ကားတွေထဲက အကြိုက်ဆုံး ဇာတ်ကားကို ပြောပါဆိုရင်တော့ Bad Genius ပါ။ဒီ ဇာတ်ကားက ကြည့်တဲ့ သူကို ဘယ်လောက်ထိ လွှမ်းမိုးနိုင်သလဲ ဆိုရင်တော့ ကြည့်နေတဲ့ သူကပါ ဇာတ်ကား ထဲ ကို ရောက်သွားပြီး ကိုယ်ကိုယ်တိုင် စိတ်မော လူမော ဖြစ်သွားစေမယ့် ဇာတ်ကားပါ။Bad Genius ကြည့်ပြီး (၁၀) တန်ြး ပန်ဖြေရတယ်လို့ အိမ်မက်မက်ပြီး အိမ်မက်ထဲမှာ ချွေးပျံ ခဲ့ရ တာကတော့ ဒီဇာတ်ကားက ပေးတဲ့ အမှတ်တရ ပါ။ ကျောင်းခန်းထဲမှာ စာခိုးချရာကနေ နောက်ဆုံး international levels အဆင့်ထိပါ တက်ပြီး ဘယ်လိုတွေ ဥာဏ် နီ ဥာဏ်နက်တွေနဲ့ စာခိုးချတဲ့ အကြောင်းတွေကို ရိုက်ပြထားတာပါ။ဒါရိုက်တာ Nattawut Poonpiriya က ရိုက်ကူး ထားပြီး ထိုင်းမော်ဒယ် မင်းသမီးလေး Aokbab နဲ့ မင်းသား Chanon Santinatornkul တို့ ပါဝင်ထားပါတယ်။ အခုဆိုရင်တော့ Bad Genius ဇာတ်ကားကို အမေရိကန်ဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးတော့မှာပါ။

(2)Hichki

နောက်ထပ် ရွေးပေးချင်တဲ့ ဇာတ်ကားကတော့ Hichki ပါ။ဒီဇာတ်ကားကတော့ ပညာရေးတစ်ခုတည်း မဟုတ်ပါဘူး ။မေတ္တာတရားကိုပါ ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားက စာသင်ကျောင်းတွေမှာ A ခန်းဆိုရင် စာတော် တဲ့ အ ခန်း B,C,D,E,f…..တို့ဆိုရင် စာညံ့တဲ့ သူတွေကို ထားတဲ့ အခန်းဆိုပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။ ဒီဇာတ် ကား ကတော့ အဲ့ဒီလို အကြောင်းအရာကို ထည့်ရိုက်ထားတဲ့ ဇာတ်ကားလေးပါ။အညံ့ဆုံးတွေ စုနေတဲ့၊ဘယ်သူမှ မသင်ချင်တဲ့ 9F  ဆိုတဲ့ အခန်းကို သင်ရတဲ့ ဆရာမလေး ၊ “Perfect ”  ဆိုတဲ့ ရင်ထိုးတံဆိပ်လေးကို ရဖို့  ဘယ်ေ တာ့မှ မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်တဲ့  အညံ့ဆုံး ဆိုတဲ့ ကလေးတွေ ကို  ဆရာမလေးက ဘယ်လိုပြုပြင်ပြောင်း လဲပေးမလဲ ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။

READ
Miss Universe Myanmar ပြိုင်ပွဲကို ဝှီးချဲနဲ့ အရောက်လာပြီး အကဲဖြတ်ပေးခဲ့တဲ့ ထက်ထက်ထွန်း

(3)3 Idiots

ပညာရေးနဲ့ပတ်သက်ပြီး ရိုက်ထားတဲ့ ဇာတ်ကားထဲမှာ နောက်ထပ် အကြိုက်ဆုံး ဇာတ်ကား တစ်ကားကို ပြောပါ ဆိုရင် တော့ 3 Idiots ပါ။ဒီဇာတ်ကားကိုတော့ မကြည့်ဖူးတဲ့ သူ မရှိသလောက်ကို ရှားမယ်ထင်ပါတယ်။ရုပ်သံ တွေ မှာလ ည်း ခဏခဏ ကို ပြန်ပြတတ်တဲ့ ဇာတ်ကားလေးပါ။ကြည့်ပြီးသားပေမယ့် ဘယ်အချိန်ကြည့်ကြည် မရိုးတဲ့ ဇာတ်ကား လေးပါ။ပညာရေးဆိုတာ ဖတ်စာအုပ်ထဲမှာပဲ ရှိတဲ့ အရာမဟုတ်ဘူးဆိုတာကို ဒီဇာတ်ကားလေးက သက်သေ ပြထားပါ ယ်။ဒီဇာတ်ကားထဲက ဇာတ်ကောင် Rancho  နေရာမှာ သရုပ်ဆောင်ဖို့ Aamir ကို အရင်ရွေးချယ်ခဲ့တာ မဟုတ်ပါ ဘူး။တကယ်ရွေးချယ် ထားတဲ့ မင်းသား က Shah Rukh Khan   ပါ။ဒါပေမယ့် Khan က ငြင်း်လိုက်လို့ Aamir နဲ့ ရိုက်ဖြစ်ခဲ့တာပါ။Aamir ကတော့ သူ့ဇာတ် ကောင်(ကျောင်းသားနေရာပီပြင်အောင်)ပြင်းထန်တဲ့ diet Plan လုပ်ခဲ့ ပါတယ်။ဘယ်လောက်ထိ အစားအသောက် ကို ထိန်းခဲ့သလဲဆိုရင်တော့ သူ့ရဲ့ မွေးနေ့ကိတ်ကိုတောင် မစားပဲ နေခဲ့ပါ တယ်။ဇာတ်ကောင်အတွက် ၀ိတ် လျှော့တဲ့ အနေနဲ့ နို့နဲ့ငှက်ပျောသီးကိုပဲ စားခဲ့ပါတယ်။ဒီဇာတ်ကားကတော့ box office မှာ ၀င်ငွေ (Rs 200 crores) ရခဲ့တဲ့ ပထမဆုံး ဘောလိဝုဒ်ဇာတ်ကားပါ။

(4)The New Classmate

နောက်ထပ် ရွေးပေးချင်တဲ့ ဇာတ်ကားလေးကတော့ The New Classmate ဆိုတဲ့ ဇာတ်ကားလေးပါ။ အေ နဲ့ သမီး ဇာတ်ကား တွေကို ကြိုက်လို့ ဒီဇာတ်ကားလေးကို ထည့်ရွေးပေးလိုက်တာပါ။Secret Superstar ဆိုတဲ့ ဇာတ်ကား ပြီး ရင် ဒုတိယအကြိုက်ဆုံး အမေနဲ့ သမီးဇာတ်ကားလေးပါ။မင်းသမီး Swara Bhaskar နဲ့ Ria Shukla တို့ ပါဝင် ထားပါတယ်။Apeksha ဆိုတဲ့ Class (10)  ကျောင်းသူလေးက စာမှာ စိတ်မ၀င်စား တော့ပဲ သူမက စာတွေ လေ့ လာ နေလဲ အချိန်တန်ရင် အမေ့လိုပဲ အိမ်အကူပဲ လုပ်ရမှာပဲ ဆိုပြီး ခံစားနေခဲ့ရပါတယ်။သမီးကို ပညာတတ် ဖြစ်စေ ချင် တဲ့ အမေနဲ့ စာစိတ်မ၀င်စားတဲ့ သမီးကြားက အကြောင်းကို ဒီဇာတ်ကားထဲမှာ ခံစားကြည့်ရှုရမှာပါ။

READ
အသဲတွေကြွေလောက်အောင် ချစ်စရာကောင်းနေတဲ့ Kim Yoo Jung

(4)Taare Zameen Par

YouTube

Taare Zameen Par ကတော့ Aamir Khan ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားပါ။တစ်ခါတလေ မှာ ကို ယ့် သား၊သမီးမှာ ဘာဖြစ်လို့ ဖြစ်နေတယ်ဆိုတဲ့ အရာကို မိဘတွေက သတိမထားမိပဲ သား၊သမီးကို ပညာရေး ဘက် မှာ အရမ်းထူးချွန်စေချင်တဲ့ စေတနာတစ်ခု နဲ့ ကိုယ်လို်ချင်တာကို မရမက ပုံသွင်းမိတတ် တာ မျိုး တွေ ရှိပါတယ်။ဒီဇာ တ်ကားကိုတော့ မကြည့်ဖူးတဲ့ သူမရှိသလောက်ကို နည်းလိမ့်မယ်လို့ ထင်ပါတယ်။မကြည့်ရသေးရင်တော့ သေချာ ပေါက် ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ။

(6)Sky Castle

နောက်ထပ် ရွေးပေးချင်တဲ့ ဇာတ်ကားကတော့ ကိုရီးယားဒရမ်မာဇာတ်ကားပါ။အပိုင်းလိုက်ကြည့်ရမယ့် ဇာတ်လမ်း တွဲ ပါ။ဇာတ်လမ်းတွဲဆိုတော့ အချိန်တော့ ပေးကြည့်ဖို့ လိုပါတယ်။ဒါပေမယ့် အချစ်တွေ၊အလွမ်းတွေ၊အနမ်းတွေ နဲ့ပဲ  ပြည့်နေတဲ့ ကိုရီးယားဇာတ်ကားတစ်ချို့ကို ကြည့်ရတာ ညည်းငွေ့ လာပြီဆိုရင်တော့ ဒီဇာတ်ကားလေးကို ရွေး ချယ် ကြည့်စေချင်ပါတယ်။အရင်ကြည့်နေကျဇာတ်ကားတွေနဲ့ လုံးဝမတူပါဘူး။လက်ရှိ ကိုရီးယားရဲ့ ပညာရေး နဲ့ မိဘ တွေရဲ့ ဖြစ်စေချင်တဲ့ စိတ်တွေနဲ့ အားပြိုင်မှုတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။တက္ကသိုလ်ဝင်ခွင့်ရဖို့ ဘာတွေ ဘယ်လို လုပ်ကြမလဲ၊နောက်ဆုံး ဘယ်လိုတွေ အဆုံးသတ်ကြမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။ကြည့် မိ လို့ နောင်တမရစေမယ့် ဇာတ်ကားလေးပါ။

#SHWEMOM

SHARE