ပြာမည်းတွေဖုံးလွှမ်းနေပြီး ကမ္ဘာပျက်သလိုအကျဉ်းတန်ရှုခင်းတွေနဲ့ Agung တောင်

အခုတွေ့ရှိရမှာတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက Agung တောင် ရဲ့အန္တရာယ်ရှိအနီရောင်ဇုန်အတွင်းရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ အရင်တုန်းက သဘာဝအလှအပတွေနဲ့ ဖုံးလွှမ်းကာ ရှုခင်းလှပခဲ့တဲ့သစ်တောနေရာတွေမှာ အခုဆိုရင် မီးတောင်ပြာတွေက ကမ္ဘာပျက်နေသလို ခြောက်ခြားစရာကောင်းလောက်အောင် ဖုံးလွှမ်းနေပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကဖြစ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုမှာ မီးတောင်ပြာမည်းတွေဟာ ပတ်ဝန်းကျင်တစ်ဝိုက် တောအုပ်ထဲမှာရှိတဲ့သစ်ပင်တွေနဲ့ ဘုရားကျောင်းကိုဖုံးလွှမ်းနေတာ အံ့သြထိတ်လန့်ဖွယ်ရာတွေ့ရှိရတာပဲဖြစ်ပါတယ်။

ဓာတ်ပုံတွေကိုတော့ ဒေသခံဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Solo Imagi က မီးတောင်နှုတ်ခမ်းရဲ့တောင်ဘက်မီတာအနည်းငယ်ကွာဝေးတဲ့ Pura Pasar Agung မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကြည့်လိုက်ရင် သစ်တောတစ်ခွင်လုံးဟာ ခြောက်သွေ့နက်မှောင်နေပြီး မီးသွေးတွေဖုံးထားသလို ဖြစ်နေပါတယ်။

အနက်ရောင်သစ်ရွက်တွေ ၊ လမ်းမီးတိုင်တွေနဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေက မိခင်သဘာဝတရားကြီးနဲ့  ဖြစ်လာတဲ့ ပျက်စီးယိုယွင်းမှုတွေကြားက လွန်ဆွဲပွဲအကြောင်းပြနေသလိုပါပဲ။ အရောင်အသွေးစုံတဲ့ ကျွန်းရဲ့နေရာတော်တော်များများဟာ ငလျင်တွေနဲ့ မီးတောင်ဒဏ်တွေကြောင့် အခုဆိုရင်မမှတ်မိနိုင်အောင်အကျဉ်းတန်သွားခဲ့ရပါတယ်။

READ
လူမြင်ကွင်းမှာ ဇနီးသည်ရဲ့ခြေထောက်ကို နှိပ်ပေးတဲ့ သိပ်ချစ်တတ်တဲ့ယောက်ျား

 

 

 

 

 

 

 

 

 

 

မီးတောင်ကနေ မကောင်းတဲ့အငွေ့အသက်အဖြစ် ပြာတိမ်တိုက်တွေ ဆက်တိုက်တစ်စိမ့်စိမ့်ထွက်နေတာကလည်း ကျွန်းပေါ်မှာရှိတဲ့ ဘာလင်သားတွေနဲ့ အခြားနေထိုင်သူတွေကို ခြိမ်းခြောက်နေပါတယ်။ ဒေသခံနေထိုင်သူ ၄သောင်းကျော်ဟာ Agung တောင် ရဲ့အန္တရာယ်ရှိတဲ့နေရာတွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြပါတယ်။

ရွှေ့ပြောင်းလာတဲ့ ဒေသခံတွေကို ချော်ရည်ပူတွေစဲသွားအထိ ဒါမှမဟုတ်ရင် ပေါက်ကွဲတဲ့အထိ ယာယီအမိုးအကာတွေထဲမှာနေဖို့တိုက်တွန်းထားပါတယ်။

ဘာလီကျွန်းကိုအ၀င်အထွက်ရှိနေတဲ့  လေယာဉ်တွေကိုလည်း မီးတောင်ပြာအခိုးအငွေ့တွေနဲ့ ပေါက်ကွဲနိုင်ခြေရှိတဲ့အခြေအနေတွေကြောင့် ခရီးစဉ်တွေရွှေ့ဆိုင်းဖျက်သိမ်းတာတွေလည်းရှိခဲ့ပါတယ်။ အခုဆိုရင် Agung တောင်ရဲ့မီးတောင်ဝဟာ သုံးပုံတစ်ပုံထက်ကျော်ပြီးပြည့်နေပါတယ်။ ဆိုလိုတာကတော့ မီးတောင်ဟာ အကြီးအကျယ်ပေါက်ကွဲနိုင်ခြေများနေပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE