ဟောလိဝုဒ်အဆိုတော်မင်းသမီးတွေ အသုံးပြုခဲ့တဲ့ အထိရောက်ဆုံးဝိတ်ချနည်းများ

ig/Selena Gomez & Taylor Swift & angelinajolieofficial

အဆီပိုဆိုတာ မင်းသမီးမပြောနဲ့ သာမန်လူတွေတောင် မနှစ်မြို့ကြတဲ့အရာ ဖြစ်ပါတယ်။ ဒီလိုအဆီပိုတွေ၊ ရှိသင့်တာထက် ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချဖို့အတွက်က နည်းလမ်းမှန်ကန်ဖို့ လိုပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာကျော်မင်းသမီးတွေကိုယ်တိုင် အသုံးပြုခဲ့တဲ့ အထိရောက်ဆုံး ဝိတ်ချနည်းတွေပဲဖြစ်ပါတယ်။ ဝိတ်ချချင်တဲ့သူတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

၁. Selena Gomez

 

View this post on Instagram

 

Striking a pose in the new @puma Defy Mid. #DoYou

A post shared by Selena Gomez (@selenagomez) on

သူမဟာ တစ်ပတ်ကို အနည်းဆုံး ၄ ကြိမ်လောက် Cardio လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တတ်သူပါ။ ပြေးတာ၊ စက်ဘီစီးတာတွေပြုလုပ်ပြီး အကသင်တန်းတွေလည်း တက်ပါတယ်။ သူမဟာ ဘယ်ရီသီးတွေ၊ ကုလားပဲတွေနဲ့ ပဲနီလေးတွေကို စားသုံးပေးပါတယ်။ ငှက်ပျောသီး၊ မြေပဲထောပတ်စတဲ့ သကြားမပါတဲ့ အစားအစာတွေကို ဗိုက်ပြည့်အောင်စားပါတယ်။

၂. Angelina Jolie

 

View this post on Instagram

 

❤️

A post shared by Angelina Jolie (@angelinajolieofficial) on

ဂျိုလီကတော့ ဝိတ်ချဖို့အတွက် ငါး ဒါမှမဟုတ် အမဲသားရေလုံပြုတ်၊ အသီးအရွက်တွေကို စားသုံးခဲ့ပါတယ်။  သကြားကို လုံးဝရှောင်ပြီး ပဲနို့ကိုသာ သောက်သုံးခဲ့တာဖြစ်ပါတယ်။ ဆေးလိပ်နဲ့အရက်တွေ၊ သကြားတွေကို လုံးဝရှောင်ရှားခဲ့တယ်လို့လည်း ဆိုပါတယ်။

READ
ဆိုင်ရှင်ရဲ့တိုက်ခိုက်မှုကြောင့် လက်ပြတ်သွားခဲ့ရတဲ့ သူခိုး

၃. Avril Lavigne

 

View this post on Instagram

 

A post shared by Avril Lavigne (@avrillavigne) on

သူမဟာ အရင်က သကြားပါတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေ အရမ်းစားခဲ့တဲ့သူပါ။ သူမရဲ့ဝိတ်ချနည်းကတော့ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားပြီး တော်တော်ကြာမှ တစ်ခါလောက် အသင့်စားအစားအသောက်တွေကို စားလေ့ရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေကိုသာ စားသုံးပြီး အသင့်စားအစားအစာတွေစားတာ တော်တော်ရှားတယ်လို့ဆိုပါတယ်။

၎. Taylor Swift

 

View this post on Instagram

 

A post shared by Taylor Swift (@taylorswift) on

သူမဟာ ကယ်လိုရီမြင့်မားစွာပါဝင်တဲ့ ကော်ဖီနဲ့ အချိုရည်တွေကို လုံးဝမသောက်ဘဲ ရေကိုပဲ များနိုင်သလောက်များအောင် သောက်သုံးပါတယ်။ အစားအသောက်ရွေးချယ်ရာမှာလည်း လွယ်ကူရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တာကိုပဲ ရွေးချယ်ပါတယ်။ သူမဟာ အသီးအရွက်သုပ်တွေ၊ ဆန်းဝစ်နဲ့ ဒိန်ချဉ်အမျိုးမျိုးကို စားသုံးပေးပါတယ်။

READ
မူလတန်းကျောင်းကြိုဆိုပွဲမှာ တိုင်ပတ်အကမယ်တွေနဲ့ ဖျော်ဖြေခဲ့လို့ များစွာဝေဖန်ခံနေရ

၅. Jessica Alba

သူမဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခဲ့သူပါ။ မနက်စာကို ကြက်ဥအကာနဲ့ သစ်သီးတစ်မျိုးမျိုးစားသုံးပြီး နေ့လည်စာကို အသီးအရွက်သုပ်တွေ စားခဲ့ပါတယ် ညစာကိုတော့ ဟင်းသီးဟင်းရွက်၊ ကြက်သား ဒါမှမဟုတ် ငါးကိုစားသုံးတယ်လို့ ဆိုပါတယ်။ ကြားမှာဗိုက်ဆာလာရင် အသီးခြောက်တွေ၊ ဒိန်ချဉ်တွေကို စားသုံးပေးတယ်လို့ ဆိုပါတယ်။ တခြားအချိုပွဲတွေ၊ Snacks တွေ ဘာမှမစားဘူးလို့လည်း ဆိုပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးအတွက် လေ့ကျင့်ခန်းတွေကို (၄၅)မိနစ်ကနေ တစ်နာရီလောက်အထိ နေ့စဉ်ပုံမှန်ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။

Em Em (Shwemom)

SHARE