ဗိုက်ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းအသွယ်သွယ်

ဗိုက်နာခြင်းဟာ အကြောင်းရင်း(၂) မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပထမအကြောင်းရင်းကတော့ စိုးရိမ်ပူပန်တာနဲ့ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ဗိုက်နာတတ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ အစာအိမ်ကို အနှောင့်အယှက်ပေးနိုင်တဲ့ ဆေးဝါးတွေ ပုံမှန် မှီဝဲနေတာကြောင့် ဖြစ်ပါတယ်။ လူတွေဟာ ဗိုက်နာတဲ့အခါ ရောဂါဇစ်မြစ်ကို သေချာနားလည်ပြီး ဆေးကုသတာထက် အကိုက်အခဲပျောက်ဆေးတွေကို အရင်မှီဝဲလိုက်ဖို့သာ အာသီသရှိကြပါတယ်။ အောက်မှာတော့ အစာမကြေခြင်းနဲ့ ၀မ်းချုပ်ခြင်းတို့လို ဗိုက်ပြဿနာတွေကို ဆေးမစားပဲ ဖြေရှင်းနိုင်ဖို့ စမ်းကြည့်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဗိုက်အောင့် ဗိုက်နာသက်သာစေဖို့ ရေနွေးအိတ်ကပ်ပါ

© Shutterstock.com © Depositphotos.com

ဝမ်းဗိုက်မအီမသာဖြစ်တာကို သက်သာစေဖို့ ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။ အရေပြားပေါ်ကို အပူတိုက်ရိုက် ထိတွေ့တာမျိုး မဖြစ်ရအောင် အ၀တ်စ၊ ပိတ်စတွေကို ကြားခံအဖြစ် ထားနိုင်ပါတယ်။ ရေနွေးအိတ်ကပ်ဖို့ အဆင်မပြေရင်တော့ အ၀တ်စဟောင်းတွေကို ရေနွေးစိမ်ပြီး ဗိုက်မှာကပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆားရည်ခပ်နွေးနွေးနဲ့လည်း ရေချိုးနိုင်ပါသေးတယ်။

မုန့်ဖုတ်ဆော်ဒါ ဖျော်သောက်ပါ

instagram

မုန့်ဖုတ်ဆော်ဒါထဲမှာ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ပါလို့ အစာအိမ်တွင်း အက်စစ်တွေကြောင့် ရင်ပူတာကို သက်သာစေပါတယ်။ အစာအိမ်တွင်းအက်စစ်တွေ သမမျှတအောင်နဲ့ ရင်ပူတာကို သက်သာစေအောင် မုန့်ဖုတ်ဆိုဒါက အထောက်အကူပြုပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံလောက်ကို ရေတစ်ဖန်ခွက်ထဲ ထည့်မွှေပြီး သောက်ပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက မုန့်ဖုတ်ဆိုဒါသောက်ပြီးရင် နောက်ထပ် အနည်းဆုံး (၂) နာရီလောက် အခြားဆေးဝါးတွေ သောက်သုံးတာမျိုး မပြုလုပ်ရပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အခြားဆေးဝါးတွေရဲ့ အာနိသင်ဟာ မုန့်ဖုတ်ဆိုဒါနဲ့ ထိတွေ့ပြီး ဓာတ်ပြောင်းသွားမှာစိုးလို့ ဖြစ်ပါတယ်။

READ
တစ်လအတွင်း သဘာဝအတိုင်း ၀ိတ်ချနည်း

ခန္ဓာကိုယ်အပေါ်ပိုင်းကို ခပ်မြင့်မြင့်လေးထားပြီး နားပါ

© Depositphotos.com

အစာအိမ်နာလို့ အိပ်ရာထဲ လှဲနေတာက အစာအိမ်နာသူတွေအတွက် အရမ်းကြီးမကောင်းပါဘူး။ လှဲအိပ်လိုက်လို့ လည်ပင်းနဲ့ အစာအိမ်က တပြေးတည်းဖြစ်နေတဲ့ အနေအထားမှာ အစာအိမ်တွင်း အက်စစ်တွေက အပေါ်ကို ပြန်ဆန်တက်ပြီး ရင်ပူစေပါတယ်။ ဒါကြောင့် အိပ်ရာထဲမှာ ထိုင်ရင်ထိုင်၊ မထိုင်ရင်လည်း ခေါင်းအုံးခပ်မြင့်မြင့်လေးအုံးပြီးမှ အိပ်တာက ပိုအဆင်ပြေစေမှာပါ။

ချေဖျက်လွယ်တဲ့ အစားအသောက်တွေကို မှီဝဲပါ

instagram

ငှက်ပျောသီး၊ ထမင်း၊ ပန်းသီးအနှစ်နဲ့ ပေါင်မုန့်မီးကင်တွေဟာ အစာအိမ်နဲ့ အသင့်တော်ဆုံး အရာတွေပါ။ အစာမကြေ၊ ၀မ်းလျှော၊ အော့အန်၊ ဗိုက်မအီမသာဖြစ်တဲ့အချိန်တွေက လွန်မြောက်လို့ ဦးဆုံးအစာပြန်စစားတော့မယ်ဆိုရင် အခုဖော်ပြထားတဲ့ အစားအသောက်(၄) မျိုးကို ပမာဏနည်းနည်းစီ စတင်မှီဝဲနိုင်ပါတယ်။ ရေ၊ ကြက်သားစွပ်ပြုတ် နဲ့ ပန်းသီးဖျော်ရည်တွေကိုလည်း မကြာခဏ သောက်ပေးပါ။ ခရက်ကာမုန့်၊ အာလူးပြုတ်၊ ကွေကာနဲ့ ဆေးဖက်ဝင်လက်ဖက်ရည်တို့ကိုလည်း မှီဝဲနိုင်ပါတယ်။

READ
ရင်သားကင်ဆာရှိ၊မရှိ ကိုယ်တိုင် စမ်းသပ်နိုင်တဲ့ နည်းလမ်းများ

အမျှင်ဓာတ်များများပါတဲ့ အစားအသောက်တွေကို စားပါ

instagram

အမျှင်ဓာတ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေပါတယ်။ အမျှင်ဓာတ်များများပါတဲ့ အစားအသောက်ကိုစားလေလေ၊ ပိုပြီး ၀မ်းပျော့ပျော့သွားလေပါပဲ။ ဒါကြောင့် ၀မ်းချုပ်တာမျိုး မဖြစ်ရအောင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အုတ်ဂျုံပေါင်မုန့်၊ ကွေကာ၊ ဘယ်ရီသီးနဲ့ ပဲခြောက်တွေကို စားသုံးပေးသင့်ပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE