ကြက်ဥကို သုံးပြီး သင့်ဆံပင်တွေ (၁)လအတွင်း ကောင်းလာဖို့ ရဲရဲကြီးအာမခံပါတယ်

ကြက်ဥကတော့ ဆံပင်အတွက် အကောင်းဆုံး အာဟာရတစ်မျိုးပဲဖြစ်ပါတယ်။ ကြက်ဥမှာ လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ နဲ့ တခြား အာဟာရတွေလည်းပါလို့ ဆံပင်ပျက်ဆီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၁) ကြက်ဥ ၊ ငှက်ပျော်သီးနဲ့ ပျားရည်

Shutterstock

ဒီ hair mask ကတော့ ပျက်ဆီးနေတဲ့ ဆံသားတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်ဥ ၊ ငှက်ပျော်သီးတို့မှာ ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပါတယ်။ တစ်ပတ်ကို (၂-၃)ကြိမ် လုပ်ပေးလိုက်ရုံနဲ့ ဆံပင်ပျက်ဆီးနေတာတွေ ပျောက်ကင်းသွားမှာပါ။

ပါဝင်ပစ္စည်းများ – ကြက်ဥ (၁)လုံး ၊ ငှက်ပျော်သီး (၁)လုံး ၊ နွားနို့ (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ သံလွင်ဆီ (စားပွဲတင်ဇွန်း ၅ ဇွန်း) ။
– ပါဝင်ပစ္စည်းများအားလုံးကို ရောပေးပါ။ (အားလုံး ကောင်းကောင်းရောသွားအောင် မွှေပေးဖို့လိုပါတယ်)
– ပြီးရင်တော့ ဒီ hair mask ကို ဦးရေကနေ ဆံပင်အဖျားထိကို လိမ်းပေးပါ။ (၁)နာရီကြာ ပေါင်းထားပေးပြီး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

READ
သင့်က ထက်မြက်သူတစ်ယောက်ဆိုတာ ... ဒီအချက်တွေက ပြောပြနေမှာပါ

(၂) ကြက်ဥ ၊ ရှားစောင်းလက်ပပ် နဲ့ သံလွင်ဆီ

food.ndtv.com

ရှားစောင်းလက်ပပ်ရဲ့ကောင်းကြောင်းတွေကို ကြားဖူးနေပြီလို့ထင်ပါတယ်။ ရှားစောင်းလက်ပပ်က အသားအရေအတွက်တင်မဟုတ်ဘဲ ဆံပင်ကျန်းမာရေးအတွက်ပါ ကောင်းစေပါတယ်။ သံလွင်ဆီနဲ့တွဲလိမ်းပေးရင် အတိုင်းထက်လွန်တဲ့ ရလဒ်ကိုရမှာပါ။

ပါဝင်ပစ္စည်းများ – ကြက်ဥအနှစ်( စားပွဲတင်ဇွန်း ၂-၃ဇွန်း) ၊ ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၄-၅ ဇွန်း) ၊ သံလွင်ဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– သံလွင်ဆီကို (၁၀)စက္ကန့်လောက် အပူပေးပါ။ပြီးရင် ပါဝင်ပစ္စည်းများ အားလုံးရောပေးပါ။
– ဆံပင်ထိပ်ကနေ အဖျားထိ နှံ့အောင်လိမ်းပေးပါ။ မိနစ်(၃၀)လောက် ပေါင်းထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးပါ။

Hannwe Soe

SHARE