တုပ်ကွေးရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာမှာ ကြက်ဥကို အသုံးပြုကြောင်း သိရ

amazon.com

တုပ်ကွေးဗိုင်းရပ်စ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ရောဂါလက္ခဏာတွေရှိပြီး၊ အဖျားကြီးတာ၊ အလွန်အမင်းမောပန်းတာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေ နဲ့ ရုတ်တရက်ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

တုပ်ကွေးနဲ့ပတ်သက်ပြီး သတိပေးနှိုးဆော်မှုတွေ အားနည်းတာကြောင့် မလေးရှားနိုင်ငံမှာဆိုရင် တုတ်ကွေးကာကွယ်ဆေးထိုးတဲ့လူဦးရေဟာ (၁)ရာခိုင်နှုန်းလောက်တောင်မရှိဘူးလို့ မလေးရှားတက္ကသိုလ်မှ ဆေးဝါးနဲ့ကျန်းမာရေးသိပ္ပံဌာနရဲ့ ဌာနမှူးပရော်ဖက်ဆာ Dr Zamberi Sekawi က asiaone သတင်းဌာနကိုပြောပါတယ်။

Freepik/TSO

တုပ်ကွေးအဖြစ်လွယ်တဲ့သူတွေဟာ ကာကွယ်ဆေးကို ကြိုတင်ထိုးသင့်ကြောင်း၊ဘာကြောင့်လဲဆိုရင် တုပ်ကွေးဖြစ်သူ တော်တော်များများဟာ အဆုတ်ရောင်ရောဂါဘက်ကို ကူးသွားသူတစ်ချို့ကို တွေ့ရှိခဲ့ရတာကြောင့်လို့ Dr Zamberi Sekawi က ဆိုပါတယ်။

တကယ်တော့ တုပ်ကွေးကာကွယ်ဆေး ထုတ်လုပ်ရာမှာ ကြက်ဥတွေကို အသုံးပြုတာဖြစ်ပါတယ်။ အဲ့ဒီကြက်ဥတွေက ရိုးရိုးကြက်တွေက မဟုတ်ဘဲ၊ အထူးစီမံပြုလုပ်ထားတဲ့ ကြက်ခြံတွေကနေ သေချာစနစ်တကျနဲ့ကြီးကြပ်မွေးမြူထားတဲ့ ကြက်မတွေကရတဲ့ အရည်သွေးမြင့် ကြက်ဥတွေဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် ကြက်ဥသန်းနဲ့ချီလိုအပ်ပြီး အချိန်လုပြီး ပြုလုပ်ရတာဖြစ်ပါတယ်။

READ
အန္တာတိကရေခဲပြင်အောက်မှာ ပျောက်ဆုံးအတ္တလန္တိတ်မြို့ရှိနိုင်ဟု ပညာရှင်များဆို

ထုတ်လုပ်တာကတော့ ကြက်ဥထဲ ပိုးတစ်မျိုး ထည့်လိုက်ပြီး  ဗိုင်းရပ်စ်ပြန့်ပွားလာအောင် အရင်အပူပေးလိုက်တာပါ။ အဲ့ဒီနောက် ဗိုင်းရပ်စ်အရည်တစ်မျိုးဖြစ်လာတဲ့အခါ အဆင့်ဆင့်သန့်စင်၊ စစ်ထုတ်လိုက်ပြီးနောက်မှ ဗိုင်းရပ်စ်ကို ပြန်သတ်တာဖြစ်ပါတယ်။

Freepik/TSO

လက်ရှိဖြစ်ပေါ်နေတဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေက H1N1 နဲ့ H3N2 ဗိုင်းရပ်အရောတွေဖြစ်ပြီး၊ ဘာဗိုင်းရပ်လည်းဆိုတာကိုတော့ သလိပ်နမူနာကိုယူပြီး အမျိုးအစားခွဲခြားတာဖြစ်ပါတယ်။

တုပ်ကွေးဟာ ရောဂါလက္ခဏာမပေါ်ခင်မှာလည်း တစ်ဦးကနေတစ်ဦးကို ကူးစက်ပျံ့နှံ့နိုင်တဲ့အပြင် ဖျားနာနေစဉ်အတွင်းမှာလည်း ကူးစက်နိုင်ပါတယ်။ စတင်ဖျားနာပြီး ပထမဆုံးသုံးရက်နဲ့လေးရက်အတွင်းဟာ တုပ်ကွေး အကူးဆုံးအချိန်ဖြစ်တယ်လို့ asiaone သတင်းမှာဖော်ပြထားပါတယ်။

Khaing Sandar

 

SHARE