ရှေးရိုးရာဝတ်စုံတွေကို ဖော်ရော်ပြီးဝတ်နေတဲ့မော်ဒယ်ကို ဓာတ်ပုံရိုက်ပေးလို့ဆိုပြီးတော့ အီဂျစ်အစိုးရက ဖမ်းခဲ့တဲ့အကြောင်း Daily Mail မှာ ဖတ်လိုက်ရပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။
အကမယ်တစ်ယောက်လည်းဖြစ်၊ မော်ဒယ်အဖြစ်လည်း လုပ်ကိုင်နေတဲ့ တက္ကသိုလ်ကျောင်းသူလေး Salma Elshimy နဲ့ ဓာတ်ပုံဆရာတစ်ယောက်နဲ့ ပူးပေါင်းပြီးတော့ အလှဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ အဲဒါကတော့ အီဂျစ်ရဲ့ ပရမစ်တွေကိုနောက်ခံထားပြီးတော့ ဝတ်စုံကိုလည်း ရှေးဟောင်း အီဂျစ်ဝတ်စုံလိုမျိုးကို ဝတ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း မလုံမခြုံနဲ့ပေါ့။ အီဂျစ်ဖက်ကပြောပုံအရဆိုရင်တော့ ဝတ်စုံဟာ “half naked” ပါတဲ့။
View this post on Instagram
ဒီလိုပုံစံမျိုးနဲ့ ပရမဟ်တွေရှေ့မှာ ပုံတွေရိုက်ခဲ့တယ်ပေါ့လေ။ ဒါဟာ အီဂျစ်ရဲ့ဓလေ့ထုံးစံအရကြည့်မယ်ဆိုရင်တော့ တောတ်တော်လေးကို ရိုင်းပြပြီးတော့ ရိုးရာနဲ့နိုင်ငံကို စော်ကားရာ ရောက်နေတဲ့အပြင်ကိုမှ ဥပဒေနဲ့လည်း မလွတ်ကင်းတဲ့ လုပ်ရပ်ဖြစ်နေခဲ့ပါတယ်။
View this post on Instagram
မော်ဒယ် Salma ကိုလည်း ကာရိုမြို့တောင်ပိုင်းမှာရှိတဲ့ Saqqara ကျောင်းမှာ ကျောင်းဆင်းချိန်ဝင်ဖမ်းခဲ့တယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်လို့ ရဲတွေကတော့ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက ဒီသတင်းကိုငြင်းဆန်ခဲ့ပါတယ်။ ဓာတ်ပုံဆရာသတင်းကတော့ အဖမ်းခံရတယ်ဆိုတာကလွဲပြီး ဘာသတင်းမှမတက်လာတော့ပါဘူး။
View this post on Instagram
ပြီးခဲတဲ့ ဒီဇင်ဘာလ ၂၀၁၈ ခုနှစ်တုန်းကလည်း နိုင်ငံခြားသားစုံတွဲတစ်တွဲဟာ Cheops ပရမစ်ပေါ်သွားပြီးတော့ ဝတ်လစ်စလစ်ပုံတွေ ရိုက်ကူးခဲ့တဲ့အတွက် ပြဿနာတက်ခဲ့ဖူးသေးပြီံးတော့ သူတို့စုံတွဲကို ဂိုက်လိုက်ပေးတဲ့ ဂိုက်မလေးနဲ့ ကုလားအုတ်ငှားတဲ့အမျိုးသားကို ဖမ်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိနေခဲ့ပါတယ်။
penny