အရုပ်မလေးတစ်ရုပ်လို ဘော်ဒီအချိုးအစားလေးနဲ့ အရင်ကထက် ပိုလှလာတဲ့ အိချောပို

ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရသူတစ်ယောက်ဖြစ်တဲ့ မင်းသမီးအိချောပိုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ကျရာဇာတ်ရုပ်မှာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုတွေ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

အိချောပိုကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ဝက်ဝက်ကွဲအောင်ပွင့်”ဇာတ်ကားကြီးရဲ့ အထူးပွဲကိုလည်း ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က တက်ရောက်ခဲ့ပါတယ်။ ” ဒီနေ့ ” ဝက်ဝက်ကွဲအောင်ပွင့် ” Red Carpet ပွဲလေးတက်ရောက်ပေးဖြစ်ပါတယ်ရှင့်…🍀အောင်မြင်ပါစေ..” လို့ရေးထားပြီး သူမရဲ့ပွဲတက်ပုံရိပ်တွေကို တင်ပေးထာတာဖြစ်ပါတယ်။

အရုပ်မလေးတစ်ရုပ်လားလို့ ထင်မှတ်ရလောက်အောင် ကျစ်လစ်တဲ့ ဘော်ဒီအချိုးအစားလေးနဲ့ အရင်တုန်းကထက် ပိုပြီးတော့လှလာတဲ့ အိချောပိုကိုတော့ ပရိသတ်တွေကလည်း အရမ်းကို သဘောကျနေကြပါတယ်။ အိချောပိုရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Ei Chaw Po

SHARE