အထိခိုက်ခံကြိုးစားခဲ့ပေမယ့် အကယ်ဒမီဆန်ခါတင်စာရင်းမှာ မပါခဲ့တဲ့ အိစိကွေးရဲ့ဇာတ်ကား

အိစိကွေးကေတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ၂၀၁၈ ခုနှစ်ထဲမှာ ရုံတင်ခဲ့တဲ့ “အဆိပ်ရှိလူရိုင်း” ဇာတ်ကားမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အိစိကွေးကတော့ ဒီကနေ့မှာ အဲဒီရုပ်ရှင်ကားကို ရိုက်ကူးစဉ်က အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ အကြောင်းကို ပြောပြလာတာဖြစ်ပါတယ်။ အထိအခိုက်တွေ ခံရပြီး အစစ်အမှန်တွေနဲ့ ရိုက်ကူးထားတဲ့ ကားတစ်ကားဖြစ်တဲ့ အကြောင်းကိုတော့ “သတိရလာလို့ပြန်တင်လိုက်ပါတယ် တကယ်ကို အစစ်တွေလုပ်ပြီး ကြိုးစားခဲ့ရတဲ့ကားလေးပေါ့ ပါးတကယ်ရိုက်ခံရတယ် ကြာပွတ်နဲ့တကယ်အဆော်ခံရတယ် လှေကားပေါ်က တကယ်ပြုတ်ကျတယ်အခန်းနည်းတယ်ဆိုပေမယ့်တကယ်ကို အမှတ်တရတွေပါပဲ” လို့ရေးထားပြီး ပရိသတ်တွေကို ပြောပြထားတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အိစိကွေးပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကတော့ ၂၀၁၉ခုနှစ် အကယ်ဒမီဇကာတင် စာရင်းမှာ မပါဝင်ခဲ့ပါဘူး ။ အိစိကွေးကတော့ “ကိုယ်ပါတဲ့ကားလေး ပါမလာတော့ စိတ်မကောင်းဖြစ်မိတယ် ဒီနှစ်လည်း သူများတွေကို လက်ခုပ်တီး အားပေး အားကျရမယ့် နှစ်တစ်နှစ်ပါပဲ ” လို့ရေးထားပြီး ဖေစ်ဘုတ်မှာ ပြောထားပါသေးတယ်။ စိတ်မကောင်းဖြစ်နေတဲ့ အိစိကွေးကို အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
ရင်တွင်းဖြစ် short film လေးရိုက်ကူးနေတယ်ဆိုတဲ့ ဟန်နာယူရီ

Source: Ei Si Kway

SHARE