FaceApp သုံးတဲ့ အန္တရာယ်ကို လူအများသိအောင် သတိပေးလိုက်တဲ့ သရုပ်ဆောင် အိတုံ

ei tone facebook/Avast Blog

လတ်တလောမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ လူတွေ အသုံးများနေတဲ့ FaceApp ကတော့ ကိုယ်အသက်ကြီးသွားရင်ဖြစ်လာမယ့်ပုံကို ဖေါ်ပြပေးနိုင်တဲ့ effect ပါရှိတာကြောင့် ပေါ်ပြူလာဖြစ်နေတာဖြစ်ပါတယ်။ အိတုံကတော့ အဲဒီ application နဲ့ ပတ်သက်ပြီး အသုံးပြုနေကြသူတွေသိစေဖို့အတွက် အကြောင်းအရာတစ်ခုကို ဝေမျှပေးလိုက်တာဖြစ်ပါတယ်။

ei tone facebook

အိတုံကတော့ “အခုတော်တော်များများဆော့နေကြတဲ့ အသက်ကြီးရင် ဘယ်လိုရုပ်ထွက်သလဲဆိုတဲ့ faceapp ကို မဆော့ကြနဲ့နော်။ သူ့ရဲ့ terms and conditions agreement မှာ ကိုယ့်ရဲ့ အချက်အလက်တွေအားလုံးကို သူတို့အလိုရှိသလောက် အခကြေးငွေမပေးဘဲ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ယူသုံးခွင့်ကို သုံးစွဲသူက သဘောတူလက်ခံပါတယ်ဆိုတဲ့ အချက်ထည့်ထားတယ်” ဆိုပြီးတော့ ပြောပြထားတာဖြစ်ပါတယ်။

Avast Blog

အိတုံကတော့ အားလုံးအတွက် စေတနာနဲ့ အခုလိုပဲ သူ့ရဲ့ ဖေစ်ဘုတ်အကောင့်မှာ ပြန်လည်ဝေမျှထားတာဖြစ်ပါတယ်။

READ
အားကစားလုပ်နေတဲ့ အမိုက်စားပုံရိပ်တွေကိုတင်လိုက်တဲ့ သင်ဇာဝင့်ကျော်
ei tone facebook
ei tone facebook

Source: Ei Tone facebook

SHARE