အိန္ဒိယဆောင်းရာသီကိုခံစားကြည့်သင့်တဲ့ ရင်သက်မှုမောဖွယ်နေရာ (၈) ခု

RVCJ

ဆောင်းရာသီလည်းရောက်ပြီ၊ နှစ်သစ်ကူးပိတ်ရက်တွေကလည်း ရောက်လာပြီဆိုတော့ ပြင်ပခရီးထွက်ကြမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်။ အိန္ဒိယလို့ဆိုလိုက်တာနဲ့ ရာသီဥတုပူပြင်းပြီး ဖုန်တွေထူထပ်ကာ လူအများအပြားနဲ့ရှုခင်းတွေသာ မျက်လုံးထဲပြေးမြင်ကြမိမှာပါ။ ဒါပေမဲ့ အိန္ဒိယမှာလည်း ဆောင်းတွင်းကာလတွေမှာ အဖြူရောင်လွှလွှနှင်းတွေဖုံးလွှမ်းနေတဲ့ အိပ်မက်ဆန်ဆန်နေရာတွေ အများကြီးရှိနေပါတယ်။

ကအယ်၍ ဒီပိတ်ရက်တွေမှာ အိန္ဒိကိုသွားလည်ဖို့စိတ်ကူးထားတယ်ဆိုရင်တော့ ရောက်ခဲလှတဲ့အချိန်မှာ အိန္ဒိဆောင်ကိုအပြည့်အဝခံစားဖို့ နေရာကောင်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) Manali, Himachal Pradesh

RVCJ

Manali ဟာ တောင်ပေါ်အပန်းဖြေစခန်းဖြစ်ပြီး Himalayas ရဲ့ မြောက်ဖက်ပိုင်းမှာ ရှိပါတယ်။ စွန့်စားအားကစားလုပ်တာ နှစ်သက်တဲ့လူတွေအတွက်ကတော့ သိပ်သဘောကျစရာကောင်းပါတယ်။ ဒီနေရာမှာ မြစ်အတွင်းဖောင်စီးတာတို့၊ တောင်ပေါ်ကနေ ဘောလုံးထဲဝင်ပြီး လှိမ့်ဆင်းရတ့ zorbing တို့၊ လေထီးစီးခြင်းနဲ့ စကိတ်စီးခြင်းတို့ ပြုလုပ်လို့ရပါတယ်။ အပန်းဖြေစရာနောက်ထပ်တစ်ခုကတော့ Manikaran မှာ ရေနွေးစိမ်ခြင်းပါပဲ။ Rohtang Pass, Solang Valley, Khajjiar နဲ့ Patalsu တို့ကိုသွားလည်သင့်ပြီး ဘာသာရေးဆိင်ရာဆိုရင်တော့ Hidimba Devi ဘုရားကျောင်းနှင့် Tibetan ဘုန်းကြီးကျောင်းတို့ဟာ ရှေးဟောင်းအမွေအနှစ်တွေနဲ့ပြည့်နှက်နေတာမို့ သွားရောက်လေ့လာသင့်ပါတယ်။

(၂) Gulmarg , Jammu and Kashmir

RVCJ

Jammu, Baramulla ခရိုင်မှာ အထင်ရှားဆုံး တောင်ကုန်းကတော့ Gulmarg ပါ။ စီးနှင်းတွေဖုံးလွှမ်းနေပြီး ရေခဲပြင်နှင်းလျှောစီးလို့ရနိုင်မယ်နေရာတွေနဲ့ ဂေါက်ကွင်းတွေလည်း ရှိပါသေးတယ်။ Khilamarg, Nagin တောင်ကြားနဲ့ Alphather ရေကန်တို့ဟာလည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေဖို့ အဆင့်သင့်ရှိလျက်နေပါတယ်။

(၃) Auli, Uttarakhand

RVCJ

Auli ဟာ သိပ်ကို လှပလှတဲ့တောင်ပေါ်မြို့လေးဖြစ်ပြီး နှင်းလျှောစီးဖို့အတွက် အပန်းဖြေစခန်းလည်းရှိပါတယ်။ ဝက်သစ်ချပင်တွေနဲ့ ဟိမဝန္တာထင်းရှူးပင်တွေလှိုင်လှိုင်ပေါက်နေတဲ့ သစ်တောတွေရှိပြီး မြို့လေးကို ခပ်ဝေးဝေးကနေ ကြည့်လိုက်မယ်ဆိုရင်တော့ စီးနှင်းတွေဖုံးလွှမ်းကာ အနောက်ဖက်မှာရှိတဲ့ တောင်တန်းစိမ်းညို့ညို့ကြီးဖြင့် ပနံသင့်လှပါတယ်။ Gurso Bugyal, Vishnu Prayag, Joshimath, Chattarakund နဲ့ လူလုပ် Auli ရေကန်တို့ကတော့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အထူးရည်ညွှန်းခြင်းခံရတဲ့ နေရာတွေပဲဖြစ်ပါတယ်။

READ
ရင်သပ်ရှုမောဖွယ် ရေခဲမြို့တော်ကြီးအဖြစ် တွေ့မြင်ရတဲ့ ကမ္ဘာ့အကြီးဆုံး ဆောင်းပွဲတော်

(၄) Pelling, Sikkim

RVCJ

တောင်ကုန်းဒေသမြို့လေးဖြစ်ပြိး Sikkim ခရိုင်မှာတည်ရှိပါတယ်။ သူ့ဆီရောက်ခဲ့မယ်ဆိုရင်တော့ ဟိမဝန္တာတောင်တန်းများကို အသက်ရှူမှားလောက်အောင် မြင်တွေ့ရမယ်ဆိုတာ အာမခံပါတယ်။ Singshore တံတား၊ Sangay ရေတံခွန်၊ Rimbi ရေတံခွန်၊ Khecheopalri ရေကန်နဲ့ Kanchenjunga ရေတံခွန်တို့ကတော့ Sikkim ရဲ့ tourist attraction နေရာလေးတွေပါ။ Sangacholing, Pemayangtse, Ralong ဘုန်းကြီးကျောင်းတွေနဲ့ Buddha Park ဟာလည်း အေးချမ်းသာယာပြီး ဘာသာရေးအတွက် သွားသင့်တဲ့နေရာတွေပဲဖြစ်ပါတယ်။

(၅) Jaipur, Rajasthan

RVCJ

Jaipur ဟာ Rajasthan ရဲ့ မြို့တော်ဖြစ်ပြီး မြို့ထဲရဲ့ အုတ်နံရံတွေ၊ အဆောက်အဦတွေဟာ ပန်းရောင်သန်းတဲ့ အုတ်တွေကျောက်တွေနဲ့တည်ဆောက်ထားတာကြောင့် ပန်းရောင်မြို့တော်လို့ တင်စားကြပါတယ်။ မီးပုံးပျံစီးခြင်း၊ Vedic Walks နဲ့ Virisat Experiences တို့ဟာ Jaipur မြို့ကို လှည့်ပတ်ကြည့်ဖို့ အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။ Amber ခံတပ်နှင့် နန်းတော်၊ မြို့နန်းတော်၊ Jantar Mantar, Nagargarh Fort, Hawa Mahal တို့ကတော့ မြို့သမိုင်းကြောင်းကို ထင်ဟပ်ပြနေတဲ့ နေရာများပဲဖြစ်ပါတယ်။

READ
ညို့ငင်ဖမ်းစားနိုင်စွမ်းရှိတဲ့ ဝေဟင်အလှတွေနဲ့ ပြည့်နှက်နေတဲ့ Transylvania ဒေသ

(၆) Kutchc, Gujarat

RVCJ

Gujarat ပြည်နယ်မှာရှိတဲ့ Kutch ဒေသဟာ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တို့မှာ ကြွယ်ဝတဲ့နေရာပဲဖြစ်ပါတယ်။ မြင့်မြတ်သော Rann Of Kutch၊ Kutch Bustard သန့်စင်ရာဌာနေ၊ Kutch ကန္တာရ နဲ့ Mandvi ကမ်းခြေတို့ကို သွားရောက်သင့်ပါတယ်။

(၇) Visakhapatnam, Andhra Pradesh

RVCJ

Visakhapatnam ဟာ Andhra Pradesh ရဲ့ ဆိပ်ကမ်းဒေသဖြစ်ပါတယ်။ Sri Venkateswara ဘုရားကျောင်း၊ Simachalam ဘုရားကျောင်း၊ Naval ပြတိုက်၊ Dolphin’s nose မီးပြတိုက်နဲ့ kailasagiri တောင်တန်းဥယျဉ်တို့ကတော့ Visakhapatnam ကိုရောက်တဲ့အခါ သွားသင့်တဲ့နေရာတွေဖြစ်ပါတယ်။ ဒီအပြင် Kondakarla ava, Rushikonda, Yadara, Rama Krishna ကမ်းခြေတို့နဲ့ Borra လှိုင်ဂူရှိရာ Araku တောင်ကြားတို့ကိုလည်း သွားရောက်သင့်ပါတယ်။

(၈) Lakshadweep

Lakshadweep ဟာ အိန္ဒိယရဲ့ ပြည်ထောင်စုနယ်မြေများထဲက တစ်ခုပါ။ Lakshadweep မှာတော့ တစ်နိုင်ငံလုံးရဲ့ အလှဆုံးလို့ဆိုလို့ရနိုင်မယ့် ကျွန်းစုငယ်လေးတွေများစွာရှိပါတယ်။ နယ်မြေခံတာဝန်ရှိသူများထံမှ ခွင့်ပြူစာတင်ကာ Minicoy, Agatti, Bangaram နဲ့ Kavaratti ကျွန်းလေးတွေကိုတော့ သွားရောက်နိုငိပါတယ်။ ရေငုပ်ခြင်းကို ပြုလုပ်နိုင်ပြီး မပျက်ဆီးသေးဘဲ မူလအတိုင်းရှိနေတဲ့ ကမ်းခြေတွေနဲ့ အိုင်ငယ်လေးကို တွေ့နိုင်ပါတယ်။

Source: RVCJ

Penny

SHARE