ငြိမ်းချမ်းရေးဖာရို King Amenhoth II ရဲ့ ပိရမစ်ထဲမှာ တွေ့ရတဲ့ မံမီအလောင်းများ 

ဘီစီ(၁၄၀၀) တုန်းက အုပ်ချုပ်ခဲ့တဲ့ ရှေးဟောင်း ဖာရိုဘုရင် King Amenhoth II ရဲ့ ပိရမစ်ထဲမှာ မံမီ(၈) ခုကို ထပ်ပြီး တွေ့ရှိခဲ့ပြန်ပါတယ်။ King Amenhoth II ဟာ အီဂျစ်နဲ့ မီတန်နီ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးစွမ်းဆောင်ခဲ့သူပါ။ King Amenhoth II ရဲ့ ပိရမစ်ဟာ မြို့တော်ကိုင်ရို အနောက်ဘက် ဂီဇာပိရမစ်ကြီးများအနီးက ဒါရှာဧရိယာမှာ ရှိပါတယ်။ အီဂျစ်မံမီတွေကို ထုံးကျောက်အခေါင်း(၈) ခုထဲမှာ ထည့်သွင်းထားပြီး အခေါင်းတွေပေါ်မှာတော့  လူပုံသဏ္ဍာန် ရောင်စုံဆေးခြယ်ထားတဲ့ ဘုတ်ပြားကြီးတစ်ခုနဲ့ ဖုံးအုပ်ထားပါတယ်။

EPA
EPA

အီဂျစ်ရှေးဟောင်းဝန်ကြီးဌာနကတော့ မံမီ(၈) ခုထဲမှ (၃) ခုဟာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိကြောင်းနဲ့ ၄င်းမံမီတွေဟာ ခရစ်တော်မပေါ်ခင် ရှေးဟောင်းအီဂျစ်ပြည် နောက်ဆုံးခေတ် ဘီစီ(၁၀၈၅-၃၃၂) ၀န်းကျင်ကြားက ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ လေ့လာတူးဖော်ရေးအဖွဲ့ဟာ King Amenhoth II ရဲ့ ပိရမစ် အနောက်တောင်ပိုင်းကို တူးဖော်ရာမှ ၄င်းမံမီ(၈) ခုကို မမျှော်လင့်ပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

READ
ဆံပင်ဆိုးဆေးကြောင့် ဆံပင်တွေပျက်စီးပြီး ဦးရေပြားလည်းထိခိုက်ခဲ့ရတဲ့ အမျိုးသမီး
EPA
Egypt’s Antiquities Ministry

အီဂျစ်ရဲ့ နောက်ဆုံးခေတ်မှာ ဖာရိုဘုရင် မင်းဆက် (၆) ဆက်ရှိခဲ့ပါတယ်။ အလက်ဇန္ဒြားဦးဆောင်လာတဲ့ ပါရှန်းစစ်တပ်ကြီးရဲ့ အောက်မှာ အီဂျစ်တွေဟာ ကျရှုံးခဲ့ရပါတယ်။ အလက်ဇန္ဒြားဟာ အီဂျစ်မြေကို အပိုင်သိမ်းပြီး တိုလမစ်မင်းဆက်ကို တည်ထောင်ခဲ့ပါတယ်။ ရှေးဟောင်းအီဂျစ်နိုင်ငံက ရှာဖွေတွေ့ရှိမှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်တုန်းကလည်း မပျက်မစီးပဲ ရှိနေတဲ့ နှစ်ပေါင်း(၃,၀၀၀) သက်တမ်းရှိ မံမီအမျိုးသမီး အလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ပါသေးတယ်။

EPA
EPA

ဒါအ့ပြင် နိုင်းမြစ်ကမ်းပေါ်မှာရှိတဲ့ Luxor မြို့ El-Asasef မှာလည်း ကျောက်ခေါင်းတလားကြီးနှစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ ပထမအခေါင်းကြီးတစ်လုံးထဲမှာတော့ ဘုန်းတော်ကြီးတစ်ပါးရဲ့ မံမီကိုတွေ့ရပြီး အဆိုပါ မံမီတွေကတော့ အီဂျစ်ရဲ့ (၁၇-၁၈) ကြိမ်မြောက် မင်းဆက်လက်ထက်က ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။ အီဂျစ်ရဲ့ (၁၈) ကြိမ်မြောက် မင်းဆက်လက်ထက်ဟာ အချိန်အားဖြင့် ဘီစီ(၁၃) ရာစုမှာ ဖြစ်ပါတယ်။ ထိုကာလဟာ လူသိများတဲ့ ဖာရိုတွေဖြစ်တဲ့ ဘုရင်တူတန်ခမန်နဲ့ ရမ်းဆက်(၂) တို့ ပေါ်ပေါက်ခဲ့ရာကာလ ဖြစ်တယ်လိုလည်း သိရပါတယ်။

READ
ကမ္ဘာ့အဆိုးဆုံးလေယာဉ်ကွင်း(၁၀)ခုတွင် ဗြိတိန်လေယာဉ်ကွင်း(၃)ကွင်းပါဝင်

လင်းလင်း (ShweMom)

Ref: Dailymail

SHARE