တရုတ်က ရေကာတာကြောင့် မဲခေါင်မြစ်ဝှမ်း ဒေသအချို့ သက်ရောက်မှုရှိနိုင်မည်

bangkokpost, #Mekong River

တရုတ်နိုင်ငံ ယင်နန်ပြည်နယ်က ဂျင်ဟွန်းရေအားလျှပ်စစ်စက်ရုံမှာ ဇန်န၀ါရီလ (၁-၄) ရက်အတွင်း စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်တဲ့အတွက် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာရှိတဲ့ ပြည်နယ် (၈) ခုဟာ ပုံမှန်ထက် ရေရရှိမှုလျော့နည်းတော့မှာဖြစ်ကြောင်း bangkokpost အရ သိရပါတယ်။

National Water Resources (ONWR) ရုံးအရ ထိုင်းနိုင်ငံက Chiang Rai ၊ Loei ၊ Nakhon Phanom ၊ Nong Khai ၊ Mukdahan ၊ Bung Kan ၊ Amnat Charoen နဲ့ Ubon Ratchathani တို့ဟာ ဂျင်ဟွန်းရေကာတာ စစ်ဆေးမှုတွေ စလုပ်ဆောင်မှာနဲ့ တစ်ပြိုင်နက် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် သိသိသာသာ ရေကျဆင်းသွားတာကို တွေ့ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ရေအရင်းအမြစ်ဝန်ကြီးဌာနက ပေးပို့ချက်အရတော့ ရေကာတာက ရေထွက်နှုန်းဟာ အရင်က တစက္ကန့်ကို ကုဗမီတာ (၁၂၀၀-၁၄၀၀) ကြား ရှိရာကနေ အခုအခါ ဇန်န၀ါရီ (၁-၃) ရက်အတွင်း ကုဗမီတာ(၈၀၀-၁၀၀၀) ကြားသာ ရေဖြန့်ဝေနိုင်မယ်လို့ သိရပါတယ်။ ဇန်န၀ါရီ (၄) ရက်မှာတော့ အရင်ရက်တွေကထက်တောင် ပိုလျော့ပြီး ကုဗမီတာ (၅၀၄-၈၀၀) အထိသာ ရေလွှတ်ပေးမယ်လို့ ဆိုပါတယ်။

READ
တခြားမိန်းမကို ကြည့်လို့ဆိုပြီး ရည်းစားခေါင်းကို လက်ပ်တော့နဲ့ထုခဲ့တဲ့ အမျိုးသမီး

စမ်းသပ်ချက်အတွင်း ကနဦးအဆင့်မှာတင် မဲခေါင်မြစ်ရေဟာ (၄၀-၆၀) စင်တီမီတာအထိ လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ရေလွှတ်ဖို့ဟာလည်း ကုဗမီတာ (၅၀၄-၈၀၀) ကြားကို ထိန်းထားတာကြောင့် မြစ်ရေ ပမာဏဟာ နောက်ထပ် (၃၀-၅၀) စင်တီမီတာအထိ လျော့ကျသွားဖို့ ရှိပါတယ်။

ဂျင်ဟွန်းရေကာတာစမ်းသပ်ချက်ကြောင့် ထိခိုက်ပျက်စီးမှုရှိနိုင်တဲ့ ပြည်နယ်ဒေသတွေကိုတော့ တရုတ် စိုက်ပျိုးရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ တာဝန်ရှိသူ မစ္စတာဆုန်ကီရတ်ရဲ့ အဆိုအရ Chiang Rai ဟာ ဇန်န၀ါရီ (၂-၅) ရက်အတွင်း မြစ်ရေကျတာကို စပြီး တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ Ubon Ratchathani မြို့ကတော့ ဇန်န၀ါရီ (၁၆-၁၉) မှာ မဲခေါင်ရဲ့မြစ်ရေကျဆင်းတဲ့ အကျိုးဆက်ကို ကြုံတွေ့ရပါလိမ့်မယ်။ တရုတ်ရဲ့ ဂျင်ဟွန်းရေအားလျှပ်စစ်စမ်းသပ်ချက်ဟာ ထိုင်းနိုင်ငံတစ်ဝှမ်း အကြီးအကျယ် မိုးခေါင်ရေရှားဖြစ်နေတဲ့ အချိန်တွင်းမှာ ပြုလုပ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
ထရန့်ကို လုပ်ကြံခြင်းအကြောင်း တွစ်တာပေါ်တင်ခဲ့တဲ့အမျိုးသမီးကို လျှို့ဝှက်အဖွဲ့ စစ်ဆေး

လင်းလင်း (ShweMom)

SHARE