အရွယ်နဲ့ မလိုက်အောင် လက်သံပြောင်လို့ ကမ္ဘာကျော်တီးဝိုင်းကပါ ချီးကျူးရတဲ့ ဂျပန်မလေး

“ကမ္ဘာပေါ်မှာ အကောင်းဆုံး ဒရမ်မာတစ်ယောက်ဖြစ်ချင်ပါတယ်” ဒါကို ပြောခဲ့တာ အသက်(၈)နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးမလေး တစ်ယောက်ပါ။ သူမရဲ့ နာမည်ကို Yoyoka Soma လို့ခေါ်ပါတယ်။ သူမဟာ (၇) ကြိမ်မြောက် ကျင်းပတဲ့ Hit Like A Girl ဆိုတဲ့ ကမ္ဘာအ၀ှမ်းက အမျိုးသမီး ဒရမ်တွေ ၀င်ပြိုင်တဲ့ ပွဲမှာ ၀င်နွှဲရင်း ဆိုရှယ်မီဒီယာပေါ်ထိ ပေါက်ရောက်ခဲ့ပါတယ်။

Indiegogo

သူမရဲ့ လက်သံပြောင်ချက်က အသံပဲ နားပဲထောင်မယ်ဆိုရင် (၈)နှစ်သမီး တီးနေတယ်လို့ ထင်လောက်စရာကိုမရှိတာပါ။ အရွယ်နဲ့မလိုက်အောင် ထူးချွန်သူလေးက သီချင်းတိုင်းလိုလို ပိုင်နိုင်မှုရှိပြီး နည်းစနစ်ပိုင်းအရ ပညာသားပါတဲ့ Led Zeppelin ရဲ့ Good Times Bad Times လိုသီချင်းတောင်မှ အတိအကျ တီးနိုင်ပါတယ်။

Cherry ပွင့်လေးတွေနဲ့ အ၀ါရောင် အ၀တ်အစားက မြင်ရသူတွေရဲ့ စိတ်ကို ပျော်ရွှင်မှုတွေ ထပ်ဖြည့်ပေးပါတယ်။  တင်ဆက်မှုကို ချောမောစွာ ရှိနေစေရုံသာမက စည်းချက်ကို လိုက်ကာ ခေါင်းခါတာ၊ ထက်သန်စွာ စူးစိုက်ထားတာ စတဲ့ ဟန်ပန်အမူအရာတွေနဲ့ ၀ါရင့် ဒရမ်မာကြီးတစ်ယောက်အလား မှတ်ရပါတယ်။

Indiegogo

စိတ်နှစ်ပြီး တီးခတ်နေချိန်တွေမှာ သူမရဲ့ ထက်သန်ပြင်းပြမှုတွေကို အထင်းသာတွေ့ရပြီး ကင်မရာကို တချက်ချက် လှမ်းချောင်းပြီး ပြုံးနေတာကို ကြည့်ခြင်းဖြင့် ဒရမ်းတီးရတာ သူမအတွက် ဘယ်လောက် စိတ်ပျော်ရွှင်မှုရရှိလဲဆိုတာ သံသယဖြစ်စရာမလိုတောင်မလိုပါဘူး။

READ
ဈေးကြီးတဲ့ဆိုင်မှာ မြေးမလေးစားသောက်နေတာကို ပျော်ရွှင်စွာကြည့်နေတဲ့ အဖိုး

ဒရမ်ပဲစိတ်ဝင်စားတာလား…. ဒီ တစ်ခုတည်းပဲမဟုတ်ပါဘူး။ သူမက ကီးဘုတ်လည်း တီးတတ်ပြီးတော့ မိသားတီးဝိုင်း Kaneaiyoyoka band ရဲ့ ပင်တိုင် အဆိုရှင်လည်း ဟုတ်ပါတယ်။

ဒရမ်နဲ့ စတင် ရင်နှီးခဲ့တာ အသက် (၂) နှစ်အရွယ် တော့တီးတော့တ ကတည်းကပါ။ ဒါ သူမ ပထမဆုံးအနေနဲ့ တကယ် စိတ်ဝင်စားသွားခဲ့တဲ့ တူရိယာဖြစ်ကြောင်းလည်း ပြောပြပါတယ်။ သီချင်း စာသားတွေနဲ့ သီချင်း နုတ်တွေကိုလည်း ရေးတယ်လို့ သိရတယ်။

Indiegogo

Yoyoka Soma ဟာ “Happy” ဆိုတဲ့ သီချင်းကို ရေးခဲ့ပြီး သူ့မိသားစုနဲ့ အတူ ဖျော်ဖြေခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း အနာဂတ်မှာ ဒီ့ထက် မိုက်အစားတွေပိုလုပ်နိုင်ဖို့ အင်္ဂလိပ်စာကို လေ့လာသင်ယူနေပါတယ်။

Indiegogo

ဘာမဆို ကျွမ်းကျင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။ တူရိယာအစုံ တီးတတ်ချင်တယ်၊ အသံတွေကို ဖမ်းယူတတ်ချင်တယ်၊ အသံတွေကို ချိန်ညှိတတ်ချင်တယ် စသဖြင့်ပေါ့” ဆိုတဲ့ ကလေးပီပီ ရှိတဲ့ အိပ်မက်တွေကို အရိုးသားဆုံးပြောပြပါတယ်။

READ
မသန်စွမ်းဖြစ်နေတဲ့ မျောက်ဝံမကြီးကို ရိုးရာကုထုံးနဲ့ ကုသပေးနေတဲ့ တိရစ္ဆာန်ရုံဝန်ထမ်း

ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဆုမရခဲ့ပေမယ့် ဖိုင်နယ်အဆင့် ယှဉ်ပြိုင်မှုမှာ တွေ့ရတဲ့ အရည်အသွေး ကိုမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကြောင့် သူမဟာ ထင်ပေါ်လာခဲ့တယ်။ ကြည့်ရှုသူ (၁.၇) မီလီယံအထိရှိပြီး Led Zeppelin band ရဲ့ အဖွဲ့ဝင် Robert Plant အပါအ၀င် ထောင်ပေါင်းများစွာသော လူတွေရဲ့ အာရုံစူးစိုက်မှုကို အပြည့်အ၀ရှိခဲ့ပါတယ်။

ultimateclassicrock

သူမအတွက် တကယ် ထမင်းစား၊ ရေသောက်လားမှတ်ရတယ်၊ အမှန်ဆို ဒီသီချင်းဟာ တီးခတ်ဖို့ နည်းစနစ်ပိုင်းအရ ခက်ခဲမှုရှိတဲ့ အမျိုးအစားပေါ့။ John Bonham ရှိနေသေးရင် အကြီးအကျယ် အံအားသင့်နေမှာ၊ တကယ်လည်းကောင်းတယ်။ သူ သိပ်ကျေနပ်လိမ့်မယ်လို ထင်တယ်” ဆိုပြီး ကလေမလေးရဲ့ တင်ဆက်မှုအပေါ် မှတ်ချက်ပေးခဲ့ပါတယ်။

Yoyoka Soma လေးရဲ့ ရည်မှန်းချက်မြင့်မားပုံ၊ ရင့်သန်တဲ့ အထုံပါရမီရှိပုံနဲ့ဆို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာမှာ ဧကန်မလွဲပါပဲ။ အခုဆို သူမရဲ့ အိပ်မက်တွေဟာ ပြည့်ဝဖို့ အလားလာကောင်းတွေရှိနေပါပြီ။ Soma လေးက ရွယ်တူတွေသာမကပဲ အားလုံးကို အိပ်မက်တွေ ကြီးကြီးမက်ပြီး ပန်းတိုင်တွေဆီလှမ်းဖို့ သတိရပေးနေတဲ့ စံနမူနာကောင်းလေးဖြစ်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Youtube

Source: Shareably

Matthew (Shwemom)

SHARE