မိဘတွေဆီက ပစ္စည်းလုပြေးသွားတဲ့ ဓားပြတွေကို အတင်းဝင်လုံးခဲ့တဲ့ ကောင်မလေး

ဖိလစ်ပိုင်နိုင်ငံ ကာဗိတ်မြို့မှာ အသက်(၈) နှစ်အရွယ် ကောင်မလေးတစ်ဦးဟာ အိမ်ကိုအနုကြမ်းဝင်စီးခဲ့တဲ့ လက်နက်ကိုင်ဓားပြတွေကို သတ္တိကောင်းကောင်းနဲ့ အတင်းဝင်လုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေဟာ သူမတို့ နေအိမ်ထဲဝင်ပြီး ဖခင်ဖြစ်သူကို ထိုးကြိတ်ကာ ပိုက်ဆံနဲ့ ပစ္စည်းတွေကို လုယက်ခဲ့တာပါ။ အနုကြမ်းစီးခံရချိန်မှာ ကလေးမလေး ဘရီအဲလ်-မီနီယာ-အယ်လ်ဘာ ဟာ အိမ်အပြင်ဘက်မှာ ဆော့ကစားနေခဲ့ပါတယ်။

Viral Press

ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ ဓားပြတွေဟာ DVD အရောင်းသမား အယောင်ဆောင်ပြီး အိမ်ထဲ ၀င်လာခဲ့တာပါ။ ထို့နောက် ပစ္စည်းတွေ ယူပြီး အိမ်အပြင် ပြန်အထွက်မှာ သတ္တိကောင်းတဲ့ ဘရီအဲလ်က ဓားပြတစ်ယောက်ကို ၀င်လုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စီစီတီဗီထဲမှာတော့ ဓားပြတွေဟာ ဘရီအဲလ်ရဲ့ ဖခင် အသက်(၂၇) နှစ်အရွယ် ဘီဂျေကို ထိုးကြိတ်နေတာ မြင်ရမှာပါ။ ဓားပြ(၃) ယောက်က လက်နက်တွေနဲ့ သူမတို့မိသားစုကို ချိန်ထားပြီး တစ်ဦးကတော့ အိမ်ထဲဝင်ကာ အဖိုးတန်ပစ္စည်းတွေ ရှာဖွေထုတ်ယူလာပါတယ်။

READ
တရုတ်နိုင်ငံတွင် တည်ဆောက်ပြီးအဆောက်အအုံ 19 ခုကို ဒိုင်းနမိုက်ဖြင့် တပြိုင်တည်းဖြိုချ
Viral Press

ကိစ္စပြီးတဲ့နောက် ဓားပြအားလုံး ကားလမ်းမပေါ် ပြန်ထွက်ပြေးမယ်အလုပ်မှာ ဘရီအဲလ်နဲ့ ရင်ဆိုင်တွေ့ခဲ့တာပါ။ သူမက ပစ္စည်းထုပ်ကိုင်လာတဲ့ ဓားပြဆီကနေ အထုပ်ကို လုယူတာကြောင့် အိတ်ထဲက ပစ္စည်းတွေဟာ မြေပြင်ပေါ် ထွက်ကျကုန်ပါတယ်။ ဓားပြတွေက သူတို့ဆိုင်ကယ်ရပ်နားထားတဲ့ နေရာဆီရောက်ပြီး ဆိုင်ကယ်မောင်းထွက်သွားတဲ့အထိ အကြောက်အရွံကင်းလှတဲ့ ဘရီအဲလ်ဟာ နောက်ကနေ လိုက်လံတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပါ။

Viral Press

ဒါပေမယ့် အားချင်းမမျှတာကြောင့် ဓားပြတွေရဲ့ အကန်ထုတ်ခံလိုက်ရပြီး ဘရီအဲလ်က မြေကြီးပေါ်ကို ပုံရက်သားလဲကျသွားခဲ့ပါတယ်။ ကလေးမလေးဟာ နှာခေါင်းရိုးကျိုးသွားပြီး ထိခိုက်ဒဏ်ရာတွေလည်း ရခဲ့တာကြောင့် ဆေးရုံပေါ်ရောက်ေနပါတယ်။ ဆေးရုံမှာ (၂)ရက်တာ နေပြီးနောက် ဘရီအဲလ်က နောက်တစ်ကြိမ် ဓားပြတွေကို တွေ့တဲ့အခါ အရဖမ်းမယ်လို့ ကြုံးဝါးနေပါသေးတယ်။

Viral Press

ချစ်စရာကောင်းတဲ့ သမီးအလိမ္မာလေး ဘရီအဲလ်က “သမီး အဖေရဲ့ ပိုက်ဆံတွေကို ယူသွားတာ အရမ်းစိတ်ဆိုးပါတယ်။ ပိုက်ဆံတွေက သမီးတို့ မိသားစုပိုင်တဲ့ ပိုက်ဆံတွေပါ။ သူတို့တွေက အလုပ်ကြိုးစားပြီး ပင်ပင်ပန်းပန်း ရှာထားရတာ။ ဒါကြောင့် အဖေနဲ့ အမေကို ကူညီပေးချင်တာပါ။” လို့ ဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ဓားပြမှုကျူးလွန်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

READ
အရမ်းအငြင်းသန်လို့ဆိုပြီး သမီးဖြစ်သူကို သတ်ပစ်ခဲ့တဲ့ မိခင်

လင်းလင်း (ShweMom)

Ref: Dailymail

SHARE