ကိုယ်ပိုင်အစွမ်းအစကြောင့် ခရစ်စမတ်မှာကြောင်စာ၊ခွေးစာ ပေါင် ၆၀၀ ဖိုးလှူဒါန်းနိုင်ခဲ့သူလေး

Facebook/Cities Animal Shelter, Pixabay-Alexas_Fotos

ခရစ်စမတ်ဆိုတာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လေ့ရှိကြတဲ့ ပွဲတော်ကာလတစ်ခုပါပဲ။ အစားအသောက်တွေ ကျွေးမွေးမယ်၊ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေ လှူဒါန်းမယ်၊ နောက် ပိုက်ဆံတွေရောပေါ့။ ဒီ ၈ နှစ်သမီးလေးကတော့ ၂၀၁၉ ခရစ်စမတ်အတွက် သူမစိတ်ကူးထဲမှာ ပြင်းပြင်းပြပြလှူဒါန်းချင်နေတဲ့ အရာလေးတွေ ရှိနေပါတယ်တဲ့။

အဲဒါတွေကတော့ ကြောင်စာခွေးစာတွေပါ။ ဂေဟာမှာနေရတဲ့ ပိုင်ရှင်မဲ့ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် ကလေးလေးဟာ ခရစ်စမတ်အလှူအဖြစ် လှူဒါန်းချင်တာဖြစ်ပါတယ်။ ဒီလိုဂေဟာတွေဆိုတာလည်း ရံပုံငွေတွေ၊ လှူဒါန်းတဲ့လူတွေနဲ့ အသက်ဆက်နေရတဲ့ နေရာတွေမဟုတ်လား။

ကလေးမလေးနာမည်ကတော့ Landyn Wadsworth ပါ။ အစကတော့ အစာခြောက်တွေလှူဖို့အတွက် Landyn Wadsworth လေးဟာ သူမတစ်နှစ်လုံးစုထားတဲ့ မုန့်ဖိုးတွေကို ထုတ်သုံးကာ အစာခြောက်တွေကို ဝယ်ခဲ့ပေမယ့် အစာခြောက်ဈေးတွေဟာ မြင့်တဲ့အတွက်ကြောင့် သူမထင်သလောက် များများစားစားမရခဲ့ပါဘူး။ ဒီအကြောင်းကို Landyn Wadsworth လေး လှူဒါန်းချင်တဲ့ ဂေဟာဆီ သွားပြောပြခဲ့တဲ့အခါမှာတော့ ဂေဟာကနေပြီး Landyn Wadsworth လေးရဲ့ပုံလေးနဲ့ Facebook မှာ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။

ကလေးကလှူချင်ပေမယ့် ပိုက်ဆံလည်းမလောက်တာကြောင့် စိတ်မကောင်းဖြစ်နေပါတယ်ဆိုပြီးတော့ပါ။ ဒါနဲ့ပဲ လူတွေက ကလေးမလေးရဲ့စိတ်ဓာတ်ကိုသဘောကျပြီး အလှူငွေတွေပို့ကြတာ အစာခြောက်ဝယ်ဖို့ မှန်းထားတဲ့ ငွေပမာဏထက်ကို ပိုပြီးထွက်လာခဲ့ပါတော့တယ်။

READ
အနီရောင်စက်ဘီးတစ်စီးက အစပြုတဲ့ သူစိမ်းနှစ်ဦးကြားက ကြည်နူးဖွယ်ဖြစ်ရပ်လေး

Landyn Wadsworth လေး စုထားတဲ့ ပိုက်ဆံတွေရော၊ ဝိုင်းလှူကြတဲ့ပိုက်ဆံတွေနဲ့ရော အစာခြောက်ဝယ်လိုက်တာဟာ စုစုပေါင်း အလေးချိန်ဟာ ပေါင် ၆၀၀ ဖနိုးဖြစ်သွားခဲ့ပါတော့တယ်။ ဒီအစာခြောက်တွေအားလုံးကိုတော့ ဝါရှင်န်မှာရှိတဲ့ Pasco တိရိစ္ဆာန်ဂေဟာကို လှူဒါန်းခဲ့ပါတယ်။

Facebook/Cities Animal Shelter

တခြား Landyn Wadsworth အရွယ် ကလေးလေးတွေဆိုရင် ခရစ်စမတ်မှာ လှူဖို့မပြောနဲ့ သူတို့ရချင်တဲ့လက်ဆောင်တွေ မရရင်တောင် အော်ငိုနေတဲ့အနေအထားမဟုတ်လား။ ဒါကို Landyn Wadsworth လေးက အခုလို လှူဒါန်းခဲ့တယ်ဆိုတော့ တော်တော်လေးကို ချီးကျုးဖို့ကောင်းနေပါတော့တယ်။

Penny

SHARE