ဟန်းနီးမွန်းကာလကို ပျော်ရွှင် စွာ ဖြတ်သန်း နေတဲ့ အိမ့်ချစ်တို့ ဇနီးမောင်နှံ

Image:Fb/Eint Chit

အဆိုတော် မ လေး အိမ့်ချစ်က တော့ သူမရဲ့ ချစ်သူ နဲ့ ရွှေ လက်တွဲ လိုက်ပါပြီ။ ကိုဗစ် ကြောင့် မင်္ဂလာပွဲ အစီအစဉ် ကို စိတ်ကူးထားတဲ့ အတိုင်း မလုပ်လိုက် ရ ပေမယ့် လက်ထပ်မယ့် အစီအစဉ် ကိုတော့ အရင် စီစဉ် ထားတဲ့ အတိုင်း ပဲ လုပ်ဖြစ်သွားခဲ့ပါတယ်။ အိမ့်ချစ် က တော့ သူမရဲ့ ချစ်သူ နဲ့ (၆.၆.၂၀၂၀) က လက်မှတ်ထိုး ခဲ့ပါတယ်။ သူမတို့ ချစ် သူ နှစ်ယောက် ၊နှစ်ဖက် မိဘ တွေ နဲ့ ရန် ကုန် မြောက်ပိုင်း ခရိုင် တရားရုံးမှာ လက်မှတ် ထိုး လက် ထပ် ခဲ့တာပါ။ မင်္ဂလာ မော်ကွန်းတင် လက်မှတ် ရေးထိုးခဲ့တဲ့ ပုံလေးတွေ ကိုတော့ အိမ့်ချစ်က FB စာမျက်နှာ ပေါ်မှာ ဝေမျှ  ပေးခဲ့ပါတယ်။

Image:Fb/Eint Chit
Image:Fb/Eint Chit

“မေတ္တာတရားတွေလွှမ်းခြုံပြီးဒီနေ့ ၆.၆.၂၀၂၀ မှာ အိမ့်ချစ်တို့ချစ်သူနှစ်ယောက် နှစ်ဖက်မိဘများနဲ့
ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီပုံလေးတွေထဲမှာလှနေအောင်လို့ မေတ္တာများအပြည့်နဲ့ ပံ့ပိုးပေးခဲ့ကြတဲ့သူများကိုလဲကျေးဇူးအထူးတင်ရှိပါတယ်ရှင်
ပုံလေးတွေကကြိုရိုက်ထားခဲ့ကြတာပါဘာလို့လဲဆိုတော့လက်မှတ်ထိုးပြီးပြီးချင်းမှာပဲပုံလေးတွေတင်ချင်တာမို့ပါ
မထူးပါဘူး ပွဲမှမလုပ်ရတာဆိုပြီး ဆွမ်းကျွေးနေ့မှာဝတ်ဖို့လုပ်ထားတဲ့ ဝတ်စုံလေးနဲ့ပါရိုက်လိုက်တော့တယ်… ” ဆုိၿပီး အစခ်ီကာ ဒီလက်မှတ် ထိုး ပွဲ လေး ဖြစ် အောင် အဖက်ဖက် က နေ ကူညီ ပေးခဲ့တဲ့ သူတွေ အားလုံး ကို ကျေးဇူး တင် ကြောင်း အိမ့်ချစ်က ပြောခဲ့ပါတယ်။

READ
မြန်မာအိုင်ဒေါပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ပြောဆိုရေးသားလိုက်တဲ့ ယုန်လေး
Image:Fb/Eint Chit
Image:Fb/Eint Chit

သူတို့ရဲ့ ပျားရည်ဆမ်း မင်္ဂလာဦး ကာလ လေးကိုတော့ ရန်ကုန်က Novotel  ဟိုတယ် မှာ ပျော်ပျော် ရွှင်ရွှင် ကုန် ဆုံး ခဲ့ပါတယ် ။ပျော် နေတဲ့  ပုံလေးတွေ ကိုလည်း သူမရဲ့ FB မှာ တင်ထားခဲ့ပြီး Novotel  ဟိုတယ်က Team ကိုလည်း ကျေး ဇူး တင်တယ်လို့ ဆိုထားပါတယ်။ အိမ့်ချစ်က တော့ အချစ်ရေးမှာ တော် တော် လေး သိုသိပ် နိုင်တဲ့ အနုပညာ ရှင် တွေထဲ မှာ ပါပါတယ်။ လက်ထပ် တော့မယ် ဆိုမှ ချစ်သူက သူမကို လက်ထပ် ခွင့် တောင်း ပြီးချိန်မှ ချစ်သူကို ပရိသတ် တွေ နဲ့ မိတ် ဆက် ပေးခဲ့တာပါ။ နေ၀င်းနဲ့ အိမ့်ချစ်ချော၊Fb ဆယ်လီ ဒေါက်တာ မြ ၀တ် ရည် တို့ အတွဲ ၊အိမ့်ချစ်တို့ အတွဲ ကတော့ ကိုဗစ် ကာလ မှာ ချစ်သူနဲ့ လက်မှတ် ရေးထိုး လက်ထပ်ခဲ့ ကြပါတယ်။

READ
အမိုက်စား ပိုစ့်တွေနဲ့ ဓါတ်ပုံတွေတင်လိုက်တဲ့ ရွှေပိုးအိမ်
Image:Fb/Eint Chit

Source:Fb/Eaint Chit

SHARE