အသက်(၂၀)အရွယ် အိုလံပစ်ပြိုင်ပွဲဝင် စကိတ်အားကစားမယ်လေး၊ အမြင့်မှ ပြုတ်ကျကွယ်လွန်

Instagram/EkaterinaAlexandrovskaya

(၂၀၁၈)ခုနှစ် PyeongChang ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ Ekaterina Alexandrovskaya ဟာ အသက်(၂၀)အရွယ်မှာ အမြင့်ကနေ ပြုတ်ကျပြီး ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ Ekaterina ဟာ ရုရှားနိုင်ငံဖွားဆိုသော်လည်း သြစတေးလျနိုင်ငံ ကိုယ်စားပြုပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့သူပါ။

Ekaterina ဟာ ပါတနာဖြစ်တဲ့ နာမည်ကြီးစကိတ်သမား Harley Windsor နဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ကြယ်ပွင့်လေး ဖြစ်ပါတယ်။ နှစ်ယောက်စလုံး (၂၀၁၇)ခုနှစ်မှာ အငယ်တန်းချန်ပီယံတွေ ဖြစ်ခဲ့ကြပါတယ်။ Ekaterina ဟာ ဒဏ်ရာတွေ အတောမသတ်နိုင်တဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အားကစားလောကကနေ အနားယူခဲ့တာပါ။

Ekaterina သေဆုံးခြင်းကြောင့် သက်ဆိုင်ရာ အားကစားအဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့ပါတယ်။ Ekaterina သေဆုံးခြင်း မတိုင်မီ သြစတေးလျ နာမည်ကြီး နှင်းလျှောစီးအားကစားသမားတစ်ဦးဖြစ်တဲ့ Alex Pullin လည်း သေဆုံးခဲ့ပါတယ်။

View this post on Instagram

❤️

A post shared by Ekaterina Alexandrovskaya (@alexandrovskaya.k) on

သြစတေးလျဟာ (၁၀)ရက်အတွင်းမှာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားနှစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။ Alex ကတော့ ဇူလိုင်(၈)ရက်နေ့က ဂိုးလ်ကို့စ်မှာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့အဆင့်ချန်ပီယံ နှစ်ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ အသက်(၃၃)နှစ်အရွယ် အားကစားသမားလည်း ဖြစ်ပါတယ်။

Ekaterina သေဆုံးခြင်းအတွက် ပူးတွဲပါတနာဖြစ်တဲ့ Windsor က “ ကျွန်တော်တို့နှစ်ယောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်သလို … နှလုံးသားထဲမှာ အမြဲရှိနေမှာပါ … ဒီသတင်းက အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ် … “လို့ ပြောခဲ့ပါတယ်။

သြစတေးလျအားကစားကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Ian Chesterman က “ Ekaterina ကို ဆုံးရှုံးရလို့ အထူးဝမ်းနည်းမိပါတယ် … သူမဟာ အလွန်တော်ပြီး တက်လမ်းရှိတဲ့ လူငယ်လေးတစ်ယောက်ပါ … အေးတိအေးစက် နိုင်ပေမယ့် သူမ တက်နိုင်သလောက် အကောင်းဆုံးလုပ်ပြဖို့ စိတ်အားထက်သန်သူပါ … ”

“ သူမ ဒီနေရာကို လွယ်လွယ်ကူကူ ရောက်လာခဲ့တာ မဟုတ်ပါဘူး … ဒီအဖြစ်အပျက်ကို ကြည့်ချင်းအားဖြင့် ဘဝတွေဟာ ဘယ်လို အလွယ်တကူအဆုံးသက်သွားနိုင်သလဲဆိုတာ သံဝေဂရစရာ နောက်တစ်ခု ဖြစ်ပါတယ် … ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE