မိခင်ဖြစ်သူနဲ့ ပြဿနာတက်နေတဲ့ ဂျက်ကီချမ်းရဲ့ သမီး Etta

Etta နဲ့ သူမရဲ့ မိခင်တို့ ကြားမှာတော့ ပြဿ နာတွေ တက်နေတယ်လို့ သိရပါတယ်။Etta Ng ကတော့ ဂျက် ကီချ မ်းနဲ့ သူ့ရဲ့ တိတ်တိတ်ပုန်းဇနီးဟောင်း အလှမယ် Elaine Ng တို့ရဲ့ သမီးပါ။မတ်(၂၇)ရက်နေ့ ညနေပိုင်းက သူ တို့သားအမိကြား ပြဿနာ ပေါ် ပေါက် ခဲ့တာပါ။Elaine  က သမီးဖြစ်သူ Etta နဲ့  ဆက်သွယ်လို့ မရလို့ ရဲကို ဖုန်းဆက်ခဲ့ပါတယ်။Etta ကတော့ ဟောင်ကောင် မီဒီယာကို ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရာမှာတော့ မီးသတ်သမားေ တွက သူမရဲ့ တိုက်ခန်းကို လာပြီး ည (၁၁)နာရီလောက်မှာ အတင်းတံခါးခေါက်ခဲ့တယ်လို့ ဆိုပါတယ်။

pinterest
pinterest

မိခင်ဖြစ်သူက ရဲတွေကို အကြောင်းကြားလိုက်လို့ သူမအိမ်ကို ဒီလို ရောက်လာတယ်ဆိုတာကို နောက် ပိုင်း ကျမှ သိခဲ့ပါတယ်။ဒီလို ဘာမဟုတ်တဲ့ ကိစ္စကို ရဲတွေ၊မီးသတ် သမား တွေကို ဖုန်းဆက်ပြီး ပြောတဲ့ အတွက်ရော ၊ဘေး အိမ်နီးနားချင်းတွေကိုပါ အနှောင့်အယှက် ဖြစ်စေလို့  တောင်း ပန်တဲ့ အကြောင်းနဲ့ အမေဖြစ်သူရဲ့ လုပ်ရပ်ကြောင့် အရှက်ရရပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။အသက်(၂၀)ပဲရှိသေးတဲ့ သူမဟာ ဟောင်ကောင်အက်ရှင် မင်းသားကြီး ဂျက် ကီချန်းနဲ့ အလှမယ်ဟောင်း Elaine တို့ရဲ့ သမီးပါ။မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူကြားမှာတော့ ဒီလို အဆင်မပြေ တဲ့ ကိစ္စတွေဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။

READ
ဂိမ်းပေးမဆော့လို့ မိခင်ရဲ့ မျက်နှာကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ ကလေးဆိုး
pinterest

Etta  ကတော့ သူမမရဲ့ မိခင်ဆီကို မဆက်သွယ်တာ နှစ်ပတ် လောက်ရှိ နေပြီလို့ ၀န်ခံ ခဲ့ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် မိခင်ဖြစ်သူရဲ့ သူငယ်ချင်းတွေနဲ့ သူမကတော့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။မိခင် ဖြစ်သူက ရဲကို ဖုန်းဆ က်အကြော်းမကြားခင် နာရီပိုင်းလောက်တုန်းက အထိ အမေဖြစ်သူရဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။မိခင်ဖြစ်သူ Elaine ကတော့ ဒါတွေကို မသိပါဘူး ဆိုပြီး ပြောခဲ့ပါတယ်။Etta ကတော့ သူမရဲ့ အမေဟာ ဆရာဝန်နဲ့ ပြဖို့ တော့လိုနေပြီဆိုပြီး ပြောခဲ့ပါတယ်။ဒီလို ကိစ္စ အပြီးမှာတော့နောက်ပိုင်းကျရင် ဒီလို စိတ်အနှောင့်အ ယှက်ဖြစ်စရာ ကိစ္စတွေနဲ့ မကြုံ ရလေအောင် အမေဖြစ်သူရဲ့ Message တွေကို Reply ပြန်သွားပါမယ်လို့ ပြောခဲ့ပါတယ်။

READ
ဇနီးကို ဖောက်ပြန်တယ်ဆိုပြီး လက်နှစ်ဖက်စလုံး ပုဆိန်နဲ့ခုတ်ဖြတ်ခဲ့တဲ့ အမျိုးသား
pinterest
pinterest

Etta ကတော့ (၂၀၁၇)မှာ သူမကိုယ်သူမ  မိန်းကလေးချင်းစိတ်ဝင်စားတဲ့ lesbian တစ်ယောက်ပါဆိုပြီး ထုတ် ပြော ခဲ့ပါတယ်။(၂၀၁၈)မှာတော့ သူမရဲ့ ချစ်သူ Andi Autumn နဲ့ လက်ထပ်လိုက်တယ်ဆိုပြီး ဆိုရှယ်မီဒီယာ ပေါ် မှာ တငခဲ့ပါတယ်။ဒါပေမယ့် သမီးဖြစ်သူရဲ့ အိမ်ထောင်ဖက် အပေါ် Elaine က လက်ခံဖို့ အခုထိ စိတ်ကူးမရှိသေးဘူး လို့ သိရပါတယ်။

pinterest

Source asiaone

SHARE