Jackie Chan နဲ့ ပတ်သတ်တဲ့ သတင်းမှားတစ်ခုကို ဖြေရှင်းလိုက်တဲ့ မင်းသမီး Elaine Ng

Weibo/Elaine Ng [email protected]

ကမ္ဘာကျော်မင်းသားကြီး Jackie ကတော့ လူတိုင်းသိကြမှာပါပဲ။ အက်ရှင်ဇာတ်ကားကောင်းတွေမြှ အတိုက်အခိုက်အရမ်းတော်တဲ့အပြင် စတန့်အကွက်တော်တော်များများကိုလည်း လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့် တော်တော်လေးကို နာမည်ကြီးတဲ့ ဟောင်ကောင် မင်းသားကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ အခုလည်း Jackie နဲ့ တစ်ချိန်က ငြိစွန်းခဲ့ဖူးတဲ့ ဟောင်ကောင်မင်းသမီး Elaine Ng ဟာ Jackie Chan ရဲ့ သမီး Etta Ng ကို မွေးဖို့အတွက် Jackie Chan ဖက်ကနေပြီးတော့ ပိုက်ဆံထောက်ပံ့ခဲ့တယ်ဆိုတဲ့ သတင်းဟာ လုံးဝမဟုတ်မှန်ကြောင်း တရားဝင်ပြောကြားခဲ့တယ်လို့ Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Jackie Chan ဟာ ၁၉၈၂ ခုနှစ်မှာ နာမည်ကြီး ထိုင်ဝမ်မင်းသမီး Joan Lin နဲ့ လက်ထပ်ပြီး သားဖြစ်သူ Jaycee Chan ကို မွေးဖွားခဲ့ပါတယ်။ အဲဒီနောက် Jackie Chan ဟာ ၁၉၀၀ နောက်ပိုင်းမှာ ဟောင်ကောင်မင်းသမီး Elaine Ng နဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ Elaine ဟာ Jackie Chan ရဲ့သမီးဖြစ်သူ Etta Ng ကို မွေးဖွားခဲ့ပါတယ်။ ဒါ့အပြင်  Hong Kong ရုပ်ရှင်လောကရဲ့ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ Albert Yeung ရဲ့ တိုက်တွန်းမှုကြောင့် Jackie Chan ဟာ အမေ၇ိကန်ဒေါ်လာ ၇ သန်းကျော်ပေးပြီး Elaine ကို ထောက်ပံ့ခဲ့တယ်လို့ သတင်းတွေ တော်တော်ထွက်လာခဲ့ပါသေးတယ်။

READ
အနမ်းချင်းဖလှယ်ပြီး ပြန်တွဲခဲ့ကြတဲ့ Zayn Malik နဲ့ Gigi Hadid တို့စုံတွဲ
Weibo/Elaine Ng

“အဲဒီအချိန်ကကော၊ ဒီနေ့ဒီအချိန်အထိကော Jackie ဆီက ငွေကို တစ်ပြားတစ်ချပ်မှ မယူခဲ့ပါဘူး။ ကျွန်မပိုက်ဆံနဲ့ ကျွန်မသမီးကို ပြုစုပျိုးထောင်ခဲ့သလို ကျွန်မတစ်ယောက်တည်း ဒီကလေးကို ခက်ခက်ခဲခဲ မွေးခဲ့ရတာပါ။ အခုဆိုရင် ကျွန်မသမီးက သူ့ဟာသူတောင် အရွယ်ရောက်လာပါပြီ။ ကျွန်မတို့ သားအမိ ဘယ်သူ့ဘယ်သူဆီကမှ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မယူခဲ့ပါဘူး” လို့ Elaine က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE