ဖေ့စ်ဘုတ်မှာ သတင်းမှားဖြန့်ဝေသူ အများစုဟာ (၆၅)နှစ်ကျော်လူကြီးတွေဖြစ်ကြောင်း သိရ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ Science Advances အမည်ရ ဂျာနယ်တစ်စောင်မှာ ပျမ်းမျှအားဖြင့် အသက်(၆၅) နှစ်ကျော်သူ လူကြီးတွေဟာ ဖေ့စ်ဘုတ်က သတင်းအတုအယောင်တွေကို အများဆုံး ဖြန့်ဝေသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ လူကြီးတွေဟာ လူငယ်တွေထက်စာရင် ဒိုမိန်းအတုတွေဆီက လာတဲ့ သတင်းတုတွေကို ပျမ်းမျှခြင်း အကြိမ်ရေ(၇) ကြိမ်နီးနီး ပြန်ရှဲသူတွေ ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

ယင်းလေ့လာချက်ဟာ ဖေ့စ်ဘုတ်အသုံးပြုသူတွေရဲ့ sharing history ပေါ်မှာ မူတည်ပြီး သုံးသပ်ထားတာပါ။ အွန်လိုင်းမဲပေးစနစ်ဆောင်ရွက်တဲ့ ကုမ္ပဏီ YouGov ရဲ့ အကူအညီနဲ့ user တွေရဲ့ ဖေ့စ်ဘုတ် profile ၊ Timeline ပေါ်မှာ ရှဲထားတဲ့ အကြောင်းအရာတွေနဲ့ external link တွေကို အချက်အလက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးတဲ့နောက် user တွေရဲ့ Timeline တွေပေါ် ရှဲထားတဲ့ သတင်းတွေကို ဒိုမိန်းအတုတွေဆီက လာတဲ့ သတင်းတွေနဲ့ ချိန်ထိုးကြည့်ခဲ့တာ ဖြစ်ပါတယ်။
CNN
စမ်းစစ်လေ့လာခဲ့တဲ့ ဒိုမိန်းအတုတွေထဲမှာ abcnews.com.co ၊ The Denver Guardian နဲ့ Ending the Fed တို့လို ဒိုမိန်းတွေလည်း ပါဝင်ပါတယ်။ ၄င်းဆိုက်ဒ်တွေကတော့ အမေရိကန်သမ္မတက ဘယ်သူ့ရဲ့ ထောက်ခံချက်ရပြီ၊ ISIS တွေကို နာမည်ကျော် နိုင်ငံရေးခေါင်းဆောင်တစ်ဦးက လက်နက်ရောင်းလိုက်ပြီစတဲ့ သတင်းအမှားတွေကို ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။
CNN
ဖေ့စ်ဘုတ် တစ်ခုလုံးအနေနဲ့ ခြုံကြည့်ရင်တော့ ဖေ့စ်ဘုတ်သုံးသူအများစုဟာ ဒိုမိန်းအတုတွေဆီကလာတဲ့ တော်တန်ရုံသတင်းအမှားတွေဆို ပြန်မတင်ကြပါဘူး။ အဆိုပါ ဒိုမိန်းတွေကလာတဲ့ ကောလဟာလသတင်းတွေ၊ သတင်းအမှားတွေကို လူ(၉၀) ရာခိုင်နှုန်းလောက်ဟာ ရှောင်လေ့ရှိကြပြီး (၈.၅) ရာခိုင်နှုန်းသာ ပြန်ရှဲလေ့ရှိကြပါတယ်။ တွေ့ရှိချက်ထဲမှာတော့ အသက်(၆၅) နှစ်ကျော်သူ လူကြီး (၁၁.၃) ရာခိုင်နှုန်းနဲ့ အသက် (၁၈) နှစ်ကနေ (၂၉) နှစ်ကြားရှိတဲ့ (၃) ရာခိုင်နှုန်းသော လူငယ်တွေဟာ သတင်းတုတွေကို ပြန်ရှဲကြတယ်လို့ သိရပါတယ်။ အသက်(၆၅) နှစ်ကျော်တဲ့ လူကြီးတွေက သတင်းအမှားတွေ ပြန်ရှဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်တဲ့ အကြောင်းကတော့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ လူကြီးတွေဟာ ဒီဂျစ်တယ်မီဒီယာပိုင်းမှာ အသိဥာဏ်အားနည်းကြောင်း၊ အွန်လိုင်းမှာ တွေ့သမျှဟာ အမှန်တွေချည်း မဟုတ်တာကို တွေးဆ ဆင်ခြင်နိုင်စွမ်းမရှိတာကြောင့် ဖြစ်တယ်လို့  ပညာရှင်တွေကတော့ သုံးသပ်ထားပါတယ်။
လင်းလင်း (ShweMom)
Ref: CNN
SHARE