သားမက်ဖြစ်သူ ဖွင့်ပေးတဲ့ ဓာတ်လှေကားထဲဝင်ပြီးနောက် ပြုတ်ကျ သေဆုံးသွားခဲ့တဲ့ အဖိုးအို

တရုတ်နိုင်ငံမှာ ၀မ်းနည်းစရာကောင်းတဲ့ ဓာတ်လှေကား မတော်တဆမှုတစ်ခုကြောင့် အွန်လိုင်းအသုံးပြုသူတွေဟာ ပဟေဌိဖြစ်ကာ ထိတ်လန့်နေကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၄) ရက်နေ့ နေ့လည်(၁) နာရီအချိန်မှာ အသက်ကြီးကြီး အမျိုးသားတစ်ဦးဟာ သားမက်ဖြစ်သူ တံခါးဖွင့်ပေးတဲ့ ဓာတ်လှေကားထဲ ၀င်လိုက်မိပြီးနောက် ဓာတ်လှေကားအမြင့် (၂၆) ပေကနေ ပြုတ်ကျပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ၄င်းဖြစ်ရပ်ကိုတော့ (၄၂) စက္ကန့်စာ ရိုက်ကူးထားတဲ့ စီစီတီဗီထဲမှာ တွေ့ရပါတယ်။

youtube

ဗီဒီယိုထဲမှာတော့ ဓာတ်လှေကားစောင့်ဆိုင်းနေကြတဲ့ အမျိုးသားနှစ်ဦးကို တွေ့ရမှာပါ။ စောင့်ဆိုင်းနေတဲ့ အမျိုးသားနှစ်ဦးထဲက ကျိုးအမည်ရတဲ့ လူရွယ်ဟာ ညာဘက်မှာရှိနေတဲ့ ဓာတ်လှေကားကို သော့နဲ့ဖွင့်လိုက်တာကို မြင်ရပါတယ်။ တံခါးပွင့်လာတဲ့ အခါမှာတော့ သူ့နောက်မှာရပ်နေတဲ့ သူ့ရဲ့ ယောက္ခထီးကြီးဟာ ဓာတ်လှေကားထဲကို သေချာမကြည့်ပဲ ၀င်ချသွားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ဓာတ်လှေကားက ရောက်မလာသေးတာကြောင့် အဖိုးကြီးဟာ ဗလာကျင်းနေတဲ့ ဓာတ်လှေကားတွင်းထဲမှာ အောက်ကို ပြုတ်ကျပြီး သေဆုံးသွားခဲ့ရပါတယ်။

youtube

ဗီဒီယိုကို ကြည့်ရှုပြီးကြတဲ့ အွန်လိုင်းအသုံးပြုသူတွေကတော့ ကျိုးကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ အဖိုးအိုသေဆုံးရတဲ့အကြောင်းရင်းဟာ တကယ်ပဲ မတော်တဆမှုလား၊ သို့မဟုတ် ကျိုးမှာ အရင်ကတည်းက ဓာတ်လှေကားသော့ရှိနေခဲ့တာကြောင့် လုပ်ကြံကြံစည်မှုပဲလားဆိုတာကို သိချင်နေကြပါတယ်။ အခြားသူတွေကလည်း အဖိုးကြီးဟာ မှောင်မည်းပြီး ဗလာဖြစ်နေတဲ့ ဓာတ်လှေကားတွင်းထဲကို ခြေလှမ်းခဲ့ရတဲ့ အကြောင်းရင်းကို စူးစမ်းနေကြပါတယ်။

READ
အမူးလွန်ပြီး စကားများရန်ဖြစ်ရာမှ သောက်ဖော်သောက်ဖက်ရဲ့ငယ်ပါကိုဓားနဲ့ဖြတ်ပစ်ခဲ့သူ
youtube

ကျိုးက သူ့ယောက္ခထီးဟာ သူတို့အိမ်ကို ဆောင်းဦးရာသီလယ် ပွဲတော်ကျင်းပဖို့ ရောက်လာခဲ့ကြောင်းနဲ့ ထို့နောက်မှာတော့ သူ့ဆွေမျိုးတွေဆီ သွားလည်ချင်တယ်လို့ ဆိုတာကြောင့် နှစ်ဦးသားထွက်လာခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။ ကျိုးက “ကျွန်တော်တို့ ဓာတ်လှေကားနားရောက်တော့ ဘယ်အထပ်ရောက်နေပြီလဲလို့ပြတဲ့ display panel က အလုပ်မလုပ်ဘူး။ တိုက်ဆိုင်တာက အခုဓာတ်လှေကားကလည်း ကျွန်တော်အလုပ်လုပ်နေတဲ့ ဓာတ်လှေကားပါ။ ကျွန်တော်က လျှပ်စစ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ။ ဓာတ်လှေကား အထပ်တွေကို ပြတဲ့ မျှားတွေကလည်း မီးမလင်းတော့ အဲဒါ ကျွန်တော်သော့ဖွင့်ပြီး ကြည့်လိုက်တာ။ ရုတ်တရက် ကျွန်တော့်နောက်မှာရောက်နေတဲ့ အဖေ့ကိုလည်း သတိမေ့သွားတယ်။ သူက ၀င်ချသွားရော။ ကျွန်တော်လဲ လှမ်းဆွဲလိုက်တာ လုံးဝမမှီတော့ဘူး။” လို့ဆိုခဲ့ပါတယ်။ လက်ရှိထိတော့ ၄င်းဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်းနေကြဆဲပါ။ ဒါကြောင့် မတော်တဆမှုဆိုတာ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် စာဖတ်သူတွေအနေနဲ့ ဓာတ်လှေကားစီးတဲ့အခါ သတိနဲ့ သေချာစီးနင်းကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်။

READ
ခြေစစ်ပွဲအောင်နိုင်ငံတွေထဲမှာ အသေးဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အိုက်စလန်

လင်းလင်း (ShweMom)

Ref: asiaone

 

 

SHARE