အိမ်နီးချင်း အဖွားအိုရဲ့ အိမ်ကို ပြင်ဖို့ လူအများကို စည်းရုံးနိုင်ခဲ့တဲ့ လျှပ်စစ်မီးပြင်သမား

[email protected] Kinney

လောကမှာ လူတွေဟာ အရက်စက်ဆုံးနဲ့ အကြမ်းကြုတ်ဆုံး သတ္တဝါတွေလို့ ပြောနိုင်ပေမယ့် တစ်ကယ်စိတ်နှလုံးထားကောင်းပြီး စိတ်ထားကောင်းတဲ့ လူတွေလည်း အများကြီးရှိပါတယ်။ အဲဒီလိုလူတွေဟာ ဘယ်သူ့ကို ဘယ်လိုမျိုး ကူညီရမလဲ လိုက်ကြည့်နေတတ်ပြီး အကူအညီလိုတဲ့ လူတွေကို အချိန်မရွေးနေရာမရွေး အကူအညီပေးတတ်လေ့ ရှိပါတယ်။ အခုပြောပြချင်တာကတော့ အင်မတန်ကိုမှ စိတ်သဘောထားကောင်းမွန်တဲ့ လျှပ်စစ်မီးပြင်သူ အမျိုးသားတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ အဖွားအိုတစ်ယောက်ရဲ့ အိမ်ကို မီးပြင်ဖို့သွားရင် အဖွားအိုရဲ့ တစ်အိမ်လုံးကို အစအဆုံး အိမ်အသစ်တစ်လုံးသဖွယ် ပြင်ဆင်ပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Kinney

 

[email protected] Kinney

အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် အဖွားအို Gloria Scott သူ့ရဲ့ နေအိမ်ရှိ လျှပ်စစ်မီးကို ပြုပြင်ဖို့အတွက် John Kinney လို့ အမည်ရတဲ့ လျှပ်စစ်မီးပြင်သမားကို ခေါ်ခဲ့ပါတယ်။ John တစ်ယောက် Gloria ရဲ့ နေအိမ်ကို ရောက်လာတဲ့အချိန် အိမ်ကို လှည့်လည်ကြည့်ရှု့တဲ့အချိန်မှာတော့ Gloria ရဲက အိမ်ဟာ တော်တော်လေးကို ဟောင်းနွမ်းပျက်ဆီးနေပြီး ခေါင်မိုးတွေပါ ပေါက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ John ဟာ အဖွားအဆို အိမ်ရှိ လျှပ်စစ်မီးနဲ့ ပတ်သတ်တာတွေကို အခမဲ့ ပြင်ပေးဖို့ ဆုံးဖြတ်လိုက်ရုံသာမက တစ်အိမ်လုံးကိုပါ ပြုပြင်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘာကြောင်းလဲဆိုတော့ Gloria ဟာ ငွေအလုံအလောက်မရှိတဲ့အပြင် မိသားစုဝင်တစ်ဦးတစ်ယောက်မှ မရှိပဲ အဆိုပါ အိမ်ကြီးမှာ တစ်ယောက်တည်း နေထိုင်တဲ့ အဖွားအိုတစ်ဦး ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

READ
ရောဂါသည် ညီလေးအတွက် ကိုယ်တိုင်ဈေးရောင်းပြီး ဆေးဖိုးရှာပေးတဲ့ (၉)နှစ်သားကောင်လေး

 

 

View this post on Instagram

 

The new porch is coming along quickly! The windows have been installed, we are working on the flooring next.

A post shared by Gloria’s Gladiators (@gloriasgladiators) on

[email protected] Kinney

ဒီလိုနဲ့ John ဟာ Gloria ရဲ့ အိမ်အကြောင်းကို Gloria ရဲ့ အိမ်နီးချင်းတွေကို ပြောပြပြီး စေတနားဝန်ထမ်းအဖွဲ့လေး ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး Gloria ရဲ့ အိမ်ကို ပြင်ဆင်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် John ဟာ Facebook မှာလည်း Gloria ရဲ့ အကြောင်းကို ပြောပြပြီး Group တစ်ခုဖွဲ့ခဲ့ကာ တက်နိုင်သမျှ အလှူငွေလေးတွေ ထည့်သွင်းဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ Group မှ ဝိုင်းဝန်းလှူဒါန်းတဲ့ ငွေဟာ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်အထိ ရရှိခဲ့ပြီး အဲဒီငွေတွေနဲ့ပဲ အိမ်ပြင်ဖို့ လိုအပ်တဲ့ သစ်သားတွေ၊ သံတွေ၊ ကိရိယာ ပစ္စည်းတွေကို ဝယ်ယူခဲ့ပြီး နောက်ဆုံးမှာတော့ လှပသေသပ်ပြီး ခေတ်မီလှတဲ့ အိမ်လေးတစ်အိမ်ကို ဆောက်လုပ်နိုင်ခဲ့ပါတယ်။

READ
ထောင်ကျနေပေမယ့် စာကြိုးစားပြီး ဒီပလိုမာဘွဲ့တွေရယူနိုင်ခဲ့တဲ့ အကျဉ်းသား(၇၈)ယောက်
[email protected] Kinney
[email protected] Kinney

အဆိုပါ အဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို ပျံ့နှံ့ခဲ့ပြီး လူတိုင်းကလည်း John နဲ့ Gloria ရဲ့ အိမ်နီးချင်းတွေကို ချီးကျူးခဲ့ကြပါတယ်။ “Gloria က တော်တော်လေးကို ကောင်းမွန်တဲ့ အိမ်နီးချင်းတွေကို ရရှိထားတဲ့ လူတစ်ယောက်ပါ။ အခုဆိုရင် အိမ်အသစ်လေးမှာ နေထိုင်ရတာ တော်တော်လေးကို အဆင်ပြေနေပါတယ်။ Facebook Group ကနေ ဝိုင်းဝတ်လှူဒါန်းခဲ့တဲ့ လူတွေနဲ့ Gloria ရဲက အိမ်နီးချင်းတွေကို ကျွန်တော်တစ်ကယ်ကျေးဇူးတင်ပါတယ်။ သူတို့တွေကြောင့် Gloria ရဲ့ အိမ်ကို ပြန်ပြင်နိုင်ခဲ့တာပါ”လို့ John က ပြောကြားခဲ့ပါတယ်။

Posted by John Kinney on Sunday, August 23, 2020

Pyi Hein Kyaw

SHARE