Electronic Dance Music ဆိုတဲ့ EDM ဓလေ့ ဘယ်လိုပေါ်ပေါက်လာသလဲ

Anthony Mooney/Shutterstock

Electronic Dance Music လို့ခေါ်တဲ့ EDM ဓလေ့ဟာ ပေါ်ပေါက်နေတာနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်းမှာတော့ ၂၀၁၃၊ ၂၀၁၄ လောက်မှ ထဲထဲဝင်ဝင်ကျော်ကြားလာခဲ့ကြတာပါ။ လူတိုင်းနီးပါးနဲ့အကျွမ်းတဝင်ရှိနေတဲ့ EDM ဟာ ဘယ်တုန်ကတည်းက စပေါ်လာခဲ့တာလဲ၊ နှစ်တွေအလိုက် ဘယ်လို genre တွေဟာ ခေတ်စားခဲ့သလဲဆိုတာကို La Film မှ ကိုးကားဖော်ပြလိုက်ပါတယ်။

EDM ဆိုတာ ဘာလဲ

အပေါ်မှာ ပြောပြခဲ့တဲ့အတိုင်း Electronic Dance Music ပါ။ သီချင်းနဲ့ကခုန်ဖို့အဓိကရည်ရွယ်ထားတာပါ။ ဒါကြောင့်လည်း EDM အဓိကထားတဲ့ ပါတီတွေနဲ့ ပွဲတော်တွေကို လာတက်တဲ့ပရိတ်သတ်တွေကို raver တွေလို့ သတ်သတ်မှတ်မှတ်သုံးနှုန်းခဲ့တာပဲဖြစ်ပါတယ်။ သမိုင်းကြောင်းကိုပြောရမယ်ဆိုရင်တော့ EDM ဟာ လွန်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်ကတည်းက ပေါ်ပေါက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ၁၉၇၀၊ ၈၀၊ ၉၀ နဲ့ ၂၀၀၀ ခုနှစ်တွေကတည်းက ပေါ်ပေါက်နေခဲ့ပေမယ့်လည်း နည်းပညာပိုင်းဆိုင်ရာအရရော၊ ခေတ်တွေကြောင့်ရော ယနေ့ခေတ်မှာ ခံစားရတဲ့ ဂီတအမျိုးအစားနဲ့တော့ ကွာခြားမှုဆိုတာအများကြီးပြောင်းလဲလို့သွားပါပြီ။ အဓိကကျတဲ့ genre တွေကတော့ disco music, synthpop, techo, house music, trance music, drum and bass, dubstep, trap, hardstyle တို့ဖြစ်ပြီး နောက်ထပ်လည်း အများကြီးရှိလို့နေပါသေးတယ်။

ဒီတော့ ခေတ်အဆက်ဆက်အလိုက် ခေတ်စားခဲ့တဲ့ EDM ရေစီးကြောင်းတွေကို ၂၀၁၀ ခုနှစ်နောက်ပိုင်း၊ ၂၀၀၀ ခုနှစ်နောက်ပိုင်း ၊ ၁၉၉၀ ခုနှစ်နောက်ပိုင်း၊ ၁၉၈၀ ခုနှစ်နောက်ပိုင်း၊ ၁၉၇၀ ခုနှစ်နောက်ပိုင်းဆိုပြီး (၁၀)စုနှစ် တစ်ခုချင်းဆီအတိုင်း အစဉ်လိုက်ဖော်ပြပေးသွားမှာမလို့ အရင်နှစ်တွေက EDM ဆိုတာ ဘယ်လိုမျိုးရှိသလဲဆိုတာ လိုက်ပါစီးမြောကြရအောင်ပါနော်။

၂၀၁၀ မှစလို့ ယခုနှစ်အထိ ရပ်တည်နေခဲ့တဲ့ EDM လောက

READ
(၂၀၁၈) မတ်လအထိ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး (၁၀)ဦး

Rave culture နဲ့မြန်မာမှာ တွင်တွင်ကျယ်ကျယ်နဲ့ စတင်ထိမိခဲ့တဲ့အချိန်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းလို့ ခန့်မှန်းလို့ရပါတယ်။ ပွဲအဖြစ်ကြီးကြီးကျယ်ကျယ်လုပ်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်းနှစ်မှပါ။ Afro Jack တို့၊ Wolf Pack တို့ရဲ့ လွှမ်းမိုးမှုတွေစတင်ခဲ့ပြီး DVBBS, Calvin Harris, Diplo, DJ Snake, Yellow Claw, Steve Aoki စတဲ့ DJ တွေကိုတော့ festival တွေရဲ့ ကောင်းကျိုးကြောင့် လူတော်တော်များများ ရင်းနှီးခဲ့ကြရင်း ယနေ့အချိန်အထိ ဆက်လက်တည်တန့်ခဲ့တာပဲဖြစ်ပါတယ်။ နမူနာသီးချင်းကိုတော့ ၂၀၁၈ ခုနှစ်မှာ လူ့လောကထဲက ထွက်ခွာသွားပြီဖြစ်တဲ့ Avicii ကို တမ်းတသောအားဖြင့် ကွယ်လွန်ပြီးအချိန် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ ထွက်ခဲ့တဲ့ SOS ဆိုတဲ့ သီချင်းလေးကို ဖော်ပြလေပးလိုက်ပါတယ်။

EDM ကို mainstream ပေါ်ရောက်သွားစေခဲ့တဲ့ ဆယ်စုနှစ်

အမေရိကကစပြီးတော့ international DJ တွေနဲ့ အစပြုကာ တစ်ကမ္ဘလုံးကို တွင်တွင်ကျယ်ကျယ်ပျံ့နှံ့လာခဲ့ပါတယ်။ ဒီမှာ လူသိများကြတဲ့ Skrillex တို့ Avicii တို့ဆိုရင် ၂၀၀၀ ဆယ်စုနှစ်မှာ ပေါ်ပေါက်လာခဲ့ကြတဲ့ DJ တွေပါ။ ဒီဆယ်စုနှစ်တွေတုန်းက သီချင်းတွေကို နမူနာကို ပြပါဆိုရင်တော့ Benny Benassi ရဲ့ Satisfaction ကို ဖော်ပြပေးလိုက်ပါတယ်။

ယနေ့ခေတ် EDM ဓလေ့အစနဲ့ ၁၉၉၀ ဆယ်စုနှစ်

ဒီခေတ်လူငယ်တွေတော်တော်များများနဲ့ တရင်းတနှီးရှိနေခဲ့တဲ့ techno, house, hardstyle, dub, trance စတဲ့ genre တွေဟာ ၁၉၉၀ ပြည့်နှစ်လောက်ကစပြီး ခေတ်စားလာခဲ့ပါတယ်။ Mainstream ပေါ်ပိုရောက်လာတယ်ပေါ့။ လေ့လာရသလောက်တော့ ဥရောပကစမယ်လို့ ခန့်မှန်းထားရပြီး rave ဆိုတဲ့ အနှစ်သာရကို စတင်ဖြစ်ပေါ်စေလာကာ ယနေ့အချိန်အထိ ထိုးဖောက်ပေးခဲ့တာပါပဲ။ ဒီနှစ်အတွက် နမူနာလေးကိုတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Faithless ရဲ့ Insomnia ကို ဖော်ပြပေးချင်ပါတယ်။

READ
အကြားအမြင်ဆရာကြီး နော့စထရာဒါးမတ်စ်ရဲ့ ကမ္ဘာ့အထင်ရှားဆုံး ဟောကိန်းကြီးများ

Synthpop တွေ၊ post-disco တွေနဲ့ပြည့်နှက်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်

ဒီ ၁၉၈၀ စုနှစ်ကို တချို့တွေကတော့ post-disco ခေတ်လို့တောင် သတ်မှတ်ထားကြပါတယ်။ ဒစ္စကိုအစစ်ကြီးမဟုတ်ဘဲနဲ့ အနည်းငယ်ပြောင်းလဲလာပြီး synthpop ဓလေ့ဟာ house music တို့ electro music တို့နဲ့အတူတူ ခေတ်စားလာခဲ့ပါတယ်။ အရှေ့ပိုင်းခေတ်တုန်းက electronic drums တွေ၊ sound synthesizer တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြတော့ အဲဒီဓလေ့ဟာ ဆယ်စုနှစ်တစ်ခုအကြာအထိ ဆက်ပါလာခဲ့တဲ့အပြင် ပိုပြီးတောင် တိုးတက်ပြီး ကွန်ပြူတာတွေနဲ့ပေါင်းစီးကာ စတင်တီးခေတ်လာခဲ့ကြပါပြီ။ ဒီဆယ်စုနှစ်အတွက် နမူနာသီချင်းတစ်ပုဒ်ကို ပြရမယ်ဆိုရင်တော့ a-ha ရဲ့ Take On Me ကို ဖော်ပြပေးလိုက်ပါတယ်။

၁၉၇၀ ပြည့်နှစ်လောက်တုနန်းက ဒစ္စကိုဓလေ့နဲ့ synthpop EDM အကြောင်း

ဒစ္စကိုသီချင်းတွေဟာ EDM ကို စစပေါက်ဖွားလာစေခဲ့တဲ့ ပင်မအမြစ်လို့ဆိုလို့ရမှာပါ။ ၁၉၇၀ စုနှစ်ရဲ့ နောက်ပိုင်းနှစ်တွေလောက်မှာ တဟုန်တိုးခေတ်စားလာခဲ့တဲ့ ဒစ္စကိုဓလေ့ကို ကြည့်မယ်ဆိုရင် ကလပ်တွေမှာ dancingfloor တွေရှိလာမယ်၊ လျှပ်စစ်ဆိုင်ရာတူရိယာတွေဖြစ်တဲ့ electronic drums တွေကို အဓိကသုံးကာ အဲဒီခေတ်တုန်းကပေါ်ပေါက်ခဲ့တဲ့ sound synthesizer တွေနဲ့တခြားပစ္စည်းတွေကို အသုံးပြုဖန်တီးခဲ့ကြပါတယ်။ ဒီအထဲကမှ နမူနာကိုပြောပြပါဆိုရင်တော့ ၁၉၇၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Donna Summer ရဲ့ I Feel Love သီချင်းကို ဖော်ပြပေးလိုက်ပါတယ်။

Penny

 

SHARE