ပေ(၂၀)အနက်ရှိတဲ့ ရေတွင်းထဲပြုတ်ကျခဲ့တဲ့ ဆင်ကို (၃၆)နာရီကြာ ကယ်တင်ခဲ့ရ

အိန္ဒိယနိုင်ငံ၊ Chattisgarh ပြည်နယ်ရှိ ကျေးရွာတစ်ခုအနီးက ရေတွင်းထဲကို အရွယ်ရောက်ပြီး ဆင်မတစ်ကောင် ပြုတ်ကျခဲ့ရမှာ ရွာသူရွာသားတွေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေ ပူးပေါင်းပြီး၊ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဆင်ကိုကယ်တင်ဖို့ နာရီပေါင်း (၃၆)နာရီကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

Daily Mail သတင်းမှာ ဖော်ပြထားချက်အရ ရွာသားတွေဟာ ရေတွင်းအောက်ခြေအထိဆင်းပြီး ဆင်မကြီးကို ကြိုးချည်တာတွေ၊ သူမကို အပေါ်ကို မ တင်တဲ့အခါ ထိခိုက်မှုမရှိစေရေး လမ်းကြောင်းရှင်းတာတွေ ပြုလုပ်ပေးခဲ့ရပါတယ်။ အဲဒီနောက် ကရိန်းနှစ်စီးခေါ်ယူပြီး၊ ဆင်မကြီးကို ဆိုင်းကြိုးတွေနဲ့ သိုင်းချည်ပြီးနောက် အပေါ်ကို မ တင်ခဲ့ရတာပါ။

ဆင်မကြီးဟာ ပေ(၂၀)အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ အရှိန်ကြောင့် ခြေထောက်တွေ ကျိုးနေတယ်လို့ ယူဆရပါတယ်။ ရွာသားတွေဟာ ညဘက်မှာ  ရေတွင်းထဲက ဆင်မကြီးရဲ့ အော်သံကြားလို့ အိပ်ယာကနိုးခဲ့ကြပြီး၊ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီနောက် သက်ဆိုင်ရာကို အကြောင်းကြားကာ ကယ်ဆယ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ရွာသားတစ်ဦးရဲ့အဆိုအရ ဆင်မကြီးဟာ ညဘက်မျက်စိလည်လမ်းမှားပြီး မှောင်မှောင်မည်းမည်းမှာ ရေတွင်းဟောင်းထဲကို ပြုတ်ကျခဲ့ပုံရတယ်လို့ ဆိုပါတယ်။ နာရီပေါင်းများစွာ ကြိုးစားပြီးနောက် ဆင်မကြီးကို ဘေးလွတ်ရာသို့ ကယ်ဆယ်နိုင်ခဲ့ပြီး၊ ဆင်မကြီးဟာ ရေတွင်းထဲပြုတ်ကျတဲ့အရှိန်ကြောင့် ရှေ့ခြေထောက် ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

READ
ကြီးမားတဲ့ရင်သားကြောင့် ကျောအောင့်ပေမယ့် ခွဲစိတ်လျော့ချမှာမဟုတ်တဲ့မော်ဒယ်

ယင်းနောက် ဆင်မကြီးကို ထရပ်ကားတစ်စီးပေါ်တင်ပြီး၊ ဆေးဝါးကုသမှုပြုလုပ်ဖို့အတွက် သက်ဆိုင်ရာက ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE