ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို အေးအေးဆေးဆေးနှင်ထုတ်ခဲ့တဲ့ ဆင်ကြီး

Twitter / Susanta Nanda

ဆင်တွေဟာ ဘယ်လောက်အသိဥာဏ်ရှိလဲလို့ ပြောရင် သင့်အနေနဲ့ ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ ဆင်တွေရဲ့ ပျမ်းမျှ အိုင်ကျူ က ၁.၁၃ ကနေ ၂.၃၆ အထိ ရှိကြတယ်ဆိုပေမယ့် တချို့ဆင်တွေကတော့ အဲဒီထက် ပိုတဲ့ ဥာဏ်စွမ်းမျိုး ရှိကြပါတယ်။

အောက်မှာ မြင်ရမယ့် ဗီဒိယိုဖိုင်ထဲမှာတော့ ဥာဏ်ကောင်းပြီး သိမ်မွေ့တဲ့ ဆင်ကြီးတစ်ကောင်ကို မြင်ရမှာဖြစ်ပြီး သူ့ကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို မရိုက်ဖို့ တားဆီးခဲ့တာကို မြင်ရမှာပါ။

Susanta Nanda ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင် တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သဘာဝဥယျာဉ် တစ်ခုထဲမှာ ဆင်ကြီးတစ်ကောင်ကို ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီးတစ်ဦးကို မြင်တွေ့ရမှာဖြစ်ပြီး ဆင်ကြီးဟာ အမျိုးသမီးရဲ့ တည့်တည့်ဆီကို လျှောက်လာခဲ့တာပါ။

READ
ခြေထောက်ဒဏ်ရာကုသဖို့ တပတ်မှာ(၂)ကြိမ်ရေကူးတဲ့ ကြောင်ကလေး
Twitter / Susanta Nanda

အမျိုးသမီးက ငေးကြောင်ပြီး ကြည့်နေမိတုန်းမှာပဲ ဆင်ကြီးက အမျိုးသမီးရဲ့ဘေးကို ကပ်လိုက်ပြီး ဓာတ်ပုံမရိုက်ဖို့အတွက် နှာမောင်းနဲ့ ဘေးကို သာသာလေး တွန်းလွှတ်လိုက်တာပါ။ အဲဒီနောက်တော့ သူ့လမ်းကို သူ ဆက်သွားပါတော့တယ်။

ဗီဒီယိုဖိုင်ကို တင်တဲ့သူကတော့ ဒီလိုမျိုးအခြေအနေဟာ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခု ဖြစ်ကြောင်းနဲ့ ဆင်တွေအားလုံးကတော့ ဒီလိုမျိုး ယဉ်ကျေးနေကြမှာမဟုတ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဒီ ဗီဒီယိုဖိုင်ကို ကြည့်ရှုကြသူတွေကလည်း ဆင်ကြီးရဲ့ လိမ္မာမှုကို ချီးကျူးနေကြသလို အမျိုးသမီးကို တစ်ခုခုလုပ်လိုက်ရင် ဘာမှတတ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ မှတ်ချက်တွေလည်း ပေးခဲ့ကြပါတယ်။

Linn

SHARE