ရွာထဲကို ဝင်သောင်းကျန်းပြီး၊ ဝိုင်အရက်တွေ သောက်သွားတဲ့ ဆင်ရိုင်းအုပ် မူးပြီးအိပ်ပျော်

Facebook/Epicalyptic

တရုတ်နိုင်ငံက ကျေးရွာလေးတစ်ရွာမှာ ဆင်ရိုင်းအုပ်တစ်ခု ဝင်ရောက်သောင်းကျန်းခဲ့ရာ၊ ရွာနေ အဆောက်ဦတချို့၊ ကောက်ပဲသီးနှံ စိုက်ခင်းတချို့နဲ့ လက်ဖက်ခင်းတချို့ကို ဖျက်ဆီးတာမျိုး ရှိခဲ့ကြောင်း သိရပါတယ်။ ဆင်တွေကတော့ အာရှဆင်မျိုး ဖြစ်ကြပြီး၊ (၁၄)ကောင်အုပ်တစ်အုပ် ဖြစ်ပါတယ်။

အကောင်းစား လက်ဖက်ခြောက် ထွက်ရှိရာ ဒေသဖြစ် ဒေသခံတွေက ဆင်တွေ နောက်ထပ်ရောက်လာမှာကို စိုးရိမ်နေပါတယ်။ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးစိုးရိမ်နေရတဲ့ ကပ်ဆိုးကြီး ကျရောက်နေတာ ဖြစ်တဲ့အလျှောက် လူတွေဟာ ကိုယ့်အိမ်မှာကိုယ် တံခါးပိတ် နေထိုင်ကြပါတယ်။ ဒီအခွင့်အရေးဟာ သားရိုင်းတိရစ္ဆာန်တွေအတွက် အခွင့်အရေးပါ။

ဗင်းနစ်မြို့မှာတောင် ကမ္ဘာလှည့်ခရီးသွားတွေ လုံးဝ မရှိတော့တာကို အကြောင်းပြုပြီး ၎င်းတို့ရဲ့ တူးမြောင်းတွေထဲမှာ ငါးတွေ၊ လင်းပိုင်တွေ၊ ငန်းရိုင်းတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပါတယ်။ ဒါဟာ လူတွေရဲ့ ရှုပ်ထွေးနောက်ကျိမှုတွေက သဘာဝတိရစ္ဆာန်တွေအပေါ် ဘယ်လောက် သက်ရောက်ကြောင်းကို မြင်သာစေမှာပါ။

No one has figured out where the drunken elephant photos came from, but a Chinese news report debunked the viral posts:…

Posted by Epicalyptic on Wednesday, March 18, 2020

အခု အခင်းဖြစ်ခဲ့တဲ့ဆီကတော့ တရုတ်နိုင်ငံ၊ ယူနန်က ရွာလေးတစ်ရွာမှာ ဖြစ်ပါတယ်။ ဆင်အုပ်ကြီးဟာ လူသူကင်းမဲ့နေတဲ့ ရွာထဲကို တပျော်တပါးဝင်လာခဲ့ပြီး၊ အဓိကတော့ ပြောင်းဆန်နဲ့ တစ်ခြားစားစရာတွေ ရှာဖွေဖို့ပါ။ သူတို့ဟာ ပြောင်းဆန်အရက်တွေကိုလည်း တွေ့ရှိသွားတာကြောင့် အားရပါးရ သောက်သုံးခဲ့ပါတယ်။ အရက် (၃၀)လီတာလောက်ထိ ကုန်သွားပါသတဲ့။

ရွာပြင်မှာတော့ ဆင်နှစ်ကောင်က အရက်အရှိန်ကြောင့် မူးပြီး အိပ်ပျော်နေတာကိုလည်း ဗွီဒီယိုမှတ်တမ်းတွေအရ သိရပါတယ်။ သူတို့ဟာ လက်ဖက်ခင်းထဲမှာ အရက်ထွေထွေနဲ့ အိပ်ပျော်နေခဲ့တာပါ။ ဆင်ပေါက်နှစ်ကောင်ရဲ့ပုံစံကတော့ တော်တော်လေးကို ရေချိန်ကိုက်နေပါပြီ။ ဒီအကြောင်းကိုလည်း ဒေသခံတစ်ဦးက လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

“ လူတွေက အိမ်တွင်းပုန်းနေချိန် … ယူနန်ပြည်နယ်ထဲက ရွာလေးတစ်ရွာကို ဆင်(၁၄)ကောင်က ဝင်စီးခဲ့ပါတယ် …အစားအစာ ရှာဖို့ လာကြပါတယ် .. ဒါပေမယ့် သူတို့ ပြောင်းဖူးဝိုင် လီတာ(၃၀)လောက် သောက်ပြီး လက်ဖက်ခြံတစ်ခုထဲမှာ မူးရူးပြီး အိပ်ပျော်နေကြပါတယ် ”လို့ ရေးခဲ့ပါတယ်။

လင်းသုတ

SHARE