သဘာဝမအခုထိအဖြေရှာမရသေးတဲ့ Elisa Lam ဆိုတဲ့ကောင်မလေးရဲ့ သေဆုံးမှု

twitter/@Rebel Circus

Elisa Lam ဟာ သူမကွယ်လွန်သွားချိန်တုန်းက အသက် ၂၁ နှစ်သာရှိသေးတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့သေဆုံးခဲ့ပုံဟာ ယုတ္တိမရှိတဲ့အတွက် တော်တော်များများကတော့ သဘာဝလွန်ဖြစ်ရပ်တွေ ပါဝင်နေတယ်ဆိုပြီး ယုံကြည်နေကြပါတယ်။ (၂၀၁၃)ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။

twitter/@Rebel Circus

အဲဒီယုံကြည်မှုကို ပိုပြီး ခိုင်မာပြင်းထန်သွားစေတာကတော့ Elisa Lam မကွယ်လွန်ခင် မိနစ်ပိုင်းအတွင်းလောက်က မှတ်တမ်းတင်ထားမိခဲ့တဲ့ CCTV မှတ်တမ်းဗီဒီယိုကြောင့်ပါပဲ။ ဒီဗီဒီယိုမှတ်တမ်းကိုကြည့်မယ်ဆိုရင်တော့ အင်္ကျီအနီရောင်ဝတ်ထားတဲ့ Elisa Lam ဟာ တစ်ခုခုကို စိုးရိမ်ကြောက်လန့်နေတယ်ဆိုတာ အတိုင်းသားမြင်ရမှာပါ။ နောက်တစ်ချက်အနေနဲ့ သူမရဲ့လက်တွေ၊ ခြေကျင်းဝတ်လားရာဟာ တလွဲကြီးဖြစ်နေတာတွေ စတာတွေကို ထောက်ပြကာ သဘာဝလွန်တစ်ခုခုကသူမကို သေစေခဲ့တယ်ဆိုပြီး ကောက်ချက်ချခဲ့ကြပါတယ်။

Elisa Lam အကြောင်းပြန်ဆက်ရရင်တော့ သူမဟာ Vancouver မှာရှိတဲ့ British Columbia တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ကနေဒါမှ Los Angeles သို့ တစ်ယောက်တည်းလာခဲ့ရင်း Los Angeles မြို့လယ်မှာရှိတဲ့ Cecil hotel မှာ တည်းခိုခဲ့ပါတယ်။

twitter/@Rebel Circus

၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလဆန်းလောက်မှာ သူမပျောက်နေတယ်ဆိုတာကို စတင်သတိထားမိခဲ့ကာ သက်ဆိုင်ရာသို့ အကြောင်းကြားတိုင်တန်းခဲ့ကပါတယ်။ Elisa Lam ထူးထူုးခြားခြားပျောက်ဆုံးမှုဟာ ဒေသခံမီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းကို စတင်ခံခဲ့ရပါတယ်။ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရင်း ဟိုတယ်ဓာတ်လှေကားတွင်းမှ CCTV မှတ်တမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ Elisa Lam မပျောက်ဆုံးခင် နောက်ဆုံးမှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုလို့ ယူဆခဲ့ကြပါတယ်။

READ
ခိုလှုံရာ ရှာနေတဲ့ နားရွက်ပြတ်နေတဲ့ ကြောင်ကလေး Ross
twitter/@Rebel Circus

ဗီဒီယိုထဲမှာတော့ Elisa Lam ဟာ တစ်စုံတစ်ခုဆီကနေ ပုန်းနေဟန်၊ စကြံင်္မှာရှိနေတဲ့တစ်စုံတစ်ယောက်နဲ့ စကားပြောနေဟန်တွေကိုလည်းတွေ့ခဲ့ရပါတယ်။ ဒီဗီဒီယိုမှတ်တမ်းတွေဟာ မီဒီယာတွေလက်ထဲကို အလျှင်အမြန်ပဲ ပျံ့သွားခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ Elisa Lam ရဲ့ အသက်မဲ့နေတဲ့ ရုပ်အလောင်းကို ဟိုတယ်ရဲ့ရေစည်ထဲမှာ တွေ့ခဲ့ကြပါတယ်။

twitter/@Rebel Circus

တိတိကျကျပြောရင်တော့ YouTube မှာ ဗီဒီယိုကိုပြန့်သွားပြီး ၅ ရက်အကြာ ၂၀၁၃ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အလောင်းကိုရှာတွေ့ခဲ့တာပါ။ အလောင်းရှိနေတဲ့နေရာကို ဆက်စပ်မိခဲ့တာကတော့ ဟိုတယ်မှာတည်းနေတဲ့ ဧည့်သည်တွေဟာ ဘယ်ဘုံဘိုင်ကိုပဲ ဖွင့်ဖွင့် မည်းညစ်ပြီး နံစော်နေတဲ့ သုံးရေတွေ ကျလာခဲ့တဲ့အတွက် ဟိုတယ်ကို ပြဿနာရှာခဲ့ပါတယ်။

twitter/@Rebel Circus

ဒါကြောင့် သုံးရေအဓိကပေးနေတဲ့ ခေါင်မိုးထပ်က ရေတိုင်ကီကို သွားစစ်ကြည့်တဲ့အခါမှာတော့ ရေထဲမှာ တစ်စုံတစ်ယောက်ရှိနေတဲ့ဟန် တွေ့ခဲ့တာနဲ့ ဟိုတယ်မှ သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ပါတယ်။ သက်ဆိုင်ရာမှ စစ်ဆေးလိုက်တဲ့အခါမှာတော့ ပျောက်ဆုံးနေတဲ့ Elisa Lam ရဲ့ အဝတ်အစားမပါတဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့ကြပါတယ်။ သူမရဲ့အဝတ်အစားတွေကတော့ ခန္ဓာကိုယ်မှာ မကပ်နေကြပေမယ့် ရေတိုင်ကီထဲမှာသူမနဲ့အတူ ရှိနေခဲ့ပါတယ်။

READ
အန္တရာယ်များလွန်းတဲ့ ထမ့်လုံဂူတွင်း ကယ်ဆယ်ရေးနောက်ကွယ်က ရေငုပ်သူရဲကောင်း

မှုခင်းဆရာဝန်တွကတော့ ရေနစ်သေသွားခဲ့တာလို့ မှတ်ချက်ချခဲ့ပေမယ့် အဲဒီရေစည်ကို ဖွင့်ဖို့ဆိုတာ တော်ရုံလူနှစ်ယောက်လောက်နဲ့တောင် မရပါဘူး။ Elisa Lam ရဲ့ ရုပ်အလောင်းကို စစ်ဆေးကြည့်ရာမှာလည်း အယ်လ်ကိုဟော ပဏမာ အနည်းငယ်လေးသာ တွေ့ရှိရလသို အခြားမူးယစ်ဆေးဝါး သုံးစွဲထားတာမျိုးလည်း မရှိပါဘူး။ ပိုပြီးထူးခြားတာက ဒီရေစည်တွေရှိတဲ့ ခေါင်မိုးကိုပိတ်ထားတဲ့ တံခါးတွေကို ဖွင့်ဖို့သော့ဟာ ဟော်တယ်ရဲ့ တာဝန်ရှိသူတွေမှာပဲ ရှိသလို အခွင့်မရှိပဲ ၀င်လာရင် အချက်ပေးနိုင်တဲ့ အဆင့်မြင့် alarm စနစ်ကိုလည်း တပ်ဆင်ထားပါတယ်။

နောက်ဆုံးတော့ တာဝန်ရှိသူတွေဟာ အမှုကို စစ်ဆေးရာမှာ အဖြေမပေါ်ခဲ့တာကြောင့် မတော်တဆရေနစ်သေမှုလို့ပဲ ခေါင်းစဉ်တပ်ကာ အမှုကိုပိတ်ခဲ့ကြပါတယ်။

twitter/@Rebel Circus

ပညာရှင်တွေကတော့ Elisa Lam စာ စိတ်ကျန်းမာရေးချို့တဲ့မှုကို ခံစားနေရပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ အခိုင်အမာပြောနေကြပါတယ်။

Source: Rebel Circus , Wikipedia

Penny

SHARE